ပြည်ကြီးတံခွန်မြို့နယ်၌ အသက်(၇၀)ဝန်းကျင်အရွယ်ရှိ အဘွားအိုတစ်ဦး သေဆုံးမှုဖြစ်ပွား
စော (NSS) - ဩဂုတ် ၂၁
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အသက်(၇၀)ဝန်းကျင်အရွယ်ရှိ အဘွားအိုတစ်ဦး ပြင်ပဒဏ်ရာမရှိဘဲ လဲကျသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၂၁ ရက်) နံနက်(၉)နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ လမ်း(၆၀)၊ ၁၂၈x၁၂၉လမ်းကြား၊ ဘုန်ကြီးကျောင်း၏ အုတ်တံတိုင်းဘေး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လောကပါလလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဘာကြောင့်လဲသွားတာလဲတော့ မသိလိုက်ရဘူး။ အစ်မတို့ရောက်တော့ အသက်လည်းမရှိတော့ဘူး။ ပြင်ပဒဏ်ရာတော့ထူးထူးခြားခြားမရှိဘူး။ ဒါပေမယ့် ပစ်လဲထားလို့ နားထင်နားလေးမှာ ခိုက်မိထားတာလေးပဲရှိတာ”ဟု လောကပါလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဘွားအိုသည် အသက်(၇၀)ဝန်းကျင်အရွယ်ရှိပြီး ဖြစ်စဥ်ဖြစ်ပွားရာ အနီးအနား၌ နေထိုင်သူတစ်ဦးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားထားသည်။
လက်ရှိတွင် ၎င်း၏မိသားစုဝင် ဘုန်းကြီး၏ဆန္ဒအရ တောင်အင်းမြောက်အင်းသုဿန်သို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ဆန်ဈေးတက်နေမှုကြောင့် မြန်မာဆန်တင်ပို့မှု ပြန်လည်ကောင်းမွန်လာနိုင်ဖွယ်ရှိနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း