ယူကရိန်းကို ပေးပို့ကူညီမယ့် အမေရိကန်ထုတ်တင့်ကားများ ဖျက်ဆီးခံရဖွယ်ရှိနေကြောင်း ရုရှားအစိုးရသတိပေး
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅
ယူကရိန်းတပ်ဖွဲ့များထံပေးပို့မယ့် အမေရိကန်ထုတ် တင့်ကားများဟာ ရုရှားတပ်ဖွဲ့များရဲ့ဖျက်ဆီးခြင်းခံရနိုင်ဖွယ်ရှိနေကြောင်း၊ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ထုတ်ဖော်သတိပေးလိုက်ပါတယ်။
အမေရိကန်ဟာ M1 Abrams အမျိုးအစားတင့်ကားတွေကို ယူကရိန်းထံပေးဖို့ အစောပိုင်းက ငြင်းဆန်ခဲ့ပေမယ့် လက်ရှိအချိန်မှာ အဆိုပါတင့်ကားများကို ပေးပို့ဖို့ခွင့်ပြုသွားဖွယ်ရှိတယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ရုရှားသံအမတ်ကြီး Anatoly Antonov ကသတိပေးလိုက်တာလည်းဖြစ်ပါတယ်။
ယူကရိန်းကို အဆိုပါတင့်ကားတွေ ပေးပို့ခဲ့မယ်ဆိုရင် အမေရိကန်ဟာ စစ်ပွဲမှာ တိုက်ရိုက်ပါဝင်လာတယ်လို့မှတ်ယူရမှာဖြစ်ပြီး ကာကွယ်ရေးအတွက် အသုံးပြုတဲ့လက်နက်တွေထက် ကျော်လွန်ပြီး ကူညီခြင်းဖြစ်ကြောင်း ရုရှားသံအမတ်ကြီးကပြောပါတယ်။
ရုရှားသံအမတ်ကြီးက "အမေရိကန်ဟာ ယူကရိန်းကို M1 Abrams အမျိုးအစားတင့်ကားတွေကို ပေးပို့ကူညီဖို့ ဆုံးဖြတ်မယ်ဆိုရင် အဲဒီတင့်ကားတွေ ဖျက်ဆီးခံရမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး၊ အမေရိကန်ထုတ် တင့်ကားတွေအပြင် နေတိုးအုပ်စုရဲ့ စစ်လက်နက်ပစ္စည်းများလည်း ဖျက်ဆီးခံရဖွယ်ရှိပါတယ်။ အမေရိကန်နိုင်ငံဟာ ၎င်းတို့ရဲ့ ရုပ်သေးအစိုးရကို စစ်ရေးအကူအညီပေးမှုတွေ တိုးမြင့်လာနေတယ်"လို့ပြောပါတယ်။
အမေရိကန်အစိုးရဟာ ယူကရိန်းထံ M1 Abrams အမျိုးအစားတင့်ကားတွေကို ပေးပို့ကူညီဖို့ အစောပိုင်းက ငြင်းဆန်ခဲ့ပေမယ့်လက်ရှိအချိန်မှာ အဲဒီကိစ္စကို ပြန်လည်သုံးသပ်နေကြောင်း၊ ပြန်လည်သုံးသပ်ပြီးနောက် ယူကရိန်းကို တင့်ကားများပေးပို့သွားဖွယ်ရှိနေကြောင်း အမေရိကန် မီဒီယာတွေကဆိုပါတယ်။
ယူကရိန်းဟာ အမေရိကန်ထုတ် M1 Abrams တင့်ကားများကူညီပေးဖို့ ယခင်ကတည်းက တောင်းဆိုထားသလို ဂျာမနီနိုင်ငံထုတ် Leopard 2 အမျိုးအစားတင့်ကားများ ကူညီပေးဖို့ တောင်းဆိုထားကြောင်းသိရပါတယ်။ လက်ရှိအချိန်မှာ Leopard 2 တင့်ကားဟာ ဥရောပတိုက်ရှိ နိုင်ငံများမှာ အစင်းပေါင်း၂ဝဝဝ ခန့်ရှိနေကြောင်းသိရပါတယ်။
zawgyi version
ယူကရိန္းကို ေပးပို႔ကူညီမယ့္ အေမရိကန္ထုတ္တင့္ကားမ်ား ဖ်က္ဆီးခံရဖြယ္ရွိေနေၾကာင္း ႐ုရွားအစိုးရသတိေပး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၅
ယူကရိန္းတပ္ဖြဲ႕မ်ားထံေပးပို႔မယ့္ အေမရိကန္ထုတ္ တင့္ကားမ်ားဟာ ႐ုရွားတပ္ဖြဲ႕မ်ားရဲ႕ဖ်က္ဆီးျခင္းခံရႏိုင္ဖြယ္ရွိေနေၾကာင္း၊ အေမရိကန္ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးက ထုတ္ေဖာ္သတိေပးလိုက္ပါတယ္။
အေမရိကန္ဟာ M1 Abrams အမ်ိဳးအစားတင့္ကားေတြကို ယူကရိန္းထံေပးဖို႔ အေစာပိုင္းက ျငင္းဆန္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ အဆိုပါတင့္ကားမ်ားကို ေပးပို႔ဖို႔ခြင့္ျပဳသြားဖြယ္ရွိတယ္လို႔ သတင္းမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ ႐ုရွားသံအမတ္ႀကီး Anatoly Antonov ကသတိေပးလိုက္တာလည္းျဖစ္ပါတယ္။
ယူကရိန္းကို အဆိုပါတင့္ကားေတြ ေပးပို႔ခဲ့မယ္ဆိုရင္ အေမရိကန္ဟာ စစ္ပြဲမွာ တိုက္႐ိုက္ပါဝင္လာတယ္လို႔မွတ္ယူရမွာျဖစ္ၿပီး ကာကြယ္ေရးအတြက္ အသုံးျပဳတဲ့လက္နက္ေတြထက္ ေက်ာ္လြန္ၿပီး ကူညီျခင္းျဖစ္ေၾကာင္း ႐ုရွားသံအမတ္ႀကီးကေျပာပါတယ္။ ႐ုရွားသံအမတ္ႀကီးက "အေမရိကန္ဟာ ယူကရိန္းကို M1 Abrams အမ်ိဳးအစားတင့္ကားေတြကို ေပးပို႔ကူညီဖို႔ ဆုံးျဖတ္မယ္ဆိုရင္ အဲဒီတင့္ကားေတြ ဖ်က္ဆီးခံရမယ္ဆိုတာ သံသယရွိစရာမလိုပါဘူး၊ အေမရိကန္ထုတ္ တင့္ကားေတြအျပင္ ေနတိုးအုပ္စုရဲ႕ စစ္လက္နက္ပစၥည္းမ်ားလည္း ဖ်က္ဆီးခံရဖြယ္ရွိပါတယ္။ အေမရိကန္ႏိုင္ငံဟာ ၎တို႔ရဲ႕ ႐ုပ္ေသးအစိုးရကို စစ္ေရးအကူအညီေပးမႈေတြ တိုးျမင့္လာေနတယ္"လို႔ေျပာပါတယ္။
အေမရိကန္အစိုးရဟာ ယူကရိန္းထံ M1 Abrams အမ်ိဳးအစားတင့္ကားေတြကို ေပးပို႔ကူညီဖို႔ အေစာပိုင္းက ျငင္းဆန္ခဲ့ေပမယ့္လက္ရွိအခ်ိန္မွာ အဲဒီကိစၥကို ျပန္လည္သုံးသပ္ေနေၾကာင္း၊ ျပန္လည္သုံးသပ္ၿပီးေနာက္ ယူကရိန္းကို တင့္ကားမ်ားေပးပို႔သြားဖြယ္ရွိေနေၾကာင္း အေမရိကန္ မီဒီယာေတြကဆိုပါတယ္။ ယူကရိန္းဟာ အေမရိကန္ထုတ္ M1 Abrams တင့္ကားမ်ားကူညီေပးဖို႔ ယခင္ကတည္းက ေတာင္းဆိုထားသလို ဂ်ာမနီႏိုင္ငံထုတ္ Leopard 2 အမ်ိဳးအစားတင့္ကားမ်ား ကူညီေပးဖို႔ ေတာင္းဆိုထားေၾကာင္းသိရပါတယ္။ လက္ရွိအခ်ိန္မွာ Leopard 2 တင့္ကားဟာ ဥေရာပတိုက္ရွိ ႏိုင္ငံမ်ားမွာ အစင္းေပါင္း၂ဝဝဝ ခန႔္ရွိေနေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်ရှိ City Taxi များ၏ သင်္ကေတအမှတ်အသားနံပါတ်များပြောင်းလဲပြင်ဆင်မည်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ