Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်ရှိ City Taxi များ၏ သင်္ကေတအမှတ်အသားနံပါတ်များပြောင်းလဲပြင်ဆင်မည်

ရဲပြည့် (NP News) - ဇန်နဝါရီ ၂၅

ရန်ကုန်ရှိ City Taxi များ၏ဘေးစတေကာနံပါတ်များအား မြို့နယ်အလိုက် အခြေခံသတ်မှတ်ထားသည့် သင်္ကေတအမှတ်အသားနံပါတ်များဖြင့် ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ ပြောင်းလဲပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ထံမှ သိရသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခရိုင်အပေါ်အခြေခံ၍ City Taxi ယာဉ်၏ ဘေးစတေကာနံပါတ်များအား E၊ W၊ S၊ N သင်္ကေတများဖြင့် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်မှ ၁၄ ခရိုင်သို့ ပြောင်းလဲဖွဲ့စည်းသတ်မှတ်ခဲ့ခြင်းကြောင့် မော်တော်ယာဉ်နံပါတ်များအား မြို့နယ်အလိုက် သင်္ကေတအမှတ်အသားများ ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

“City Taxi ဘေးစတေကာနံပါတ်တွေကို ပြောင်းလဲသတ်မှတ်ရာမှာ တိုက်ကြီးမြို့နယ်ဆိုရင် သင်္ကေတအမှတ်အသားနံပါတ်ဝမ်း၊ City Taxi YGN-1/0001 ဖြစ်ပါတယ်။ ထန်းတပင်မြို့နယ်ဆိုရင် သင်္ကေတအမှတ်အသားနံပါတ်တူး၊ မင်္ဂလာဒုံမြို့နယ်ဆိုရင် သင်္ကေတအမှတ် အသားနံပါတ်သရီး။ ရန်ကုန်တိုင်းဒေသကြီးမှာ ၄၅ မြို့နယ်ရှိတဲ့အတွက် မြို့နယ်တစ်ခုချင်းအလိုက် ဒီလိုနံပါတ်တွေပေးပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

City Taxi မှတ်ပုံတင်ရာတွင် ယခင်က ရပ်ကွက်ထောက်ခံစာ၊ သန်းခေါင်စာရင်း၊ စာချုပ်များ ပြသရသော်လည်း ယခုအခါ အဆိုပါစာရွက်စာတမ်းများမလိုအပ်တော့ ဘဲ ယာဉ်မှတ်ပုံတင်စာအုပ်တွင်ရှိသည့် နောက်ဆုံးအမည်ပေါက်၊ သက်တမ်းတိုးပြီး အထောက်အထား၊ လုပ်ငန်းလိုင်စင်အပိုင်း(၁) နှင့် (၂)၊ ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်းသူများ၏မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ ယာဉ်မောင်းလိုင်စင်“ဃ”နှင့် “င” တို့သာ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

City Taxi ယာဉ်မှတ်ပုံတင်ဆောင်ရွက်ရာတွင် ယခင်ကကောက်ခံသည့်နှုန်းများနှင့် ဒဏ်ကြေးများကောက်ခံမည်မဟုတ်တော့ဘဲ မှတ်ပုံတင်ခအနေဖြင့် ၃ဝဝဝကျပ်၊ ယာဉ်မောင်းလိုင်စင်ခ ၆ဝဝ ကျပ်၊ ယာဉ်မောင်း လိုင်စင်ကတ်စနစ် ၃၅ဝဝ ကျပ် နှင့် ဘေးစတေကာနံပါတ်အတွက် ၁၂ဝဝ ကျပ် စုစုပေါင်း ၈၃ဝဝ ကျပ်ကျသင့်မည်ဖြစ် ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့် City Taxi ယာဉ်အစီးရေ (၆ဝဝဝဝ) ကျော်ရှိကြောင်း သိရသည်။


zawgyi version








Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သဘာဝအတိုင်းမဟုတ်ဘဲ လူလုပ်ကပ်ရောဂါ ထပ်မံဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ဘီလျံနာ ဘီလ်ဂိတ် သတိပေး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved