UEFA Super Cup ချန်ပီယံဆု ရရှိခဲ့သော်လည်း အောင်ပွဲခံအခမ်းအနားမလုပ်ခဲ့သည့် မန်စီးတီးအသင်း
Pika (NSS) - သြဂုတ် ၁၇
မန်စီးတီးအသင်းသည် ဩဂုတ်လ(၁၆)ရက် ညက ဆီဗီလာအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် အနိုင်ရရှိကာ UEFA Super Cup ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း မန်စီးတီးအသင်းကစားသမားများအတွက် အောင်ပွဲခံအခမ်းအနားများ မရှိခဲ့ကြောင်း တောင်ပံကစားသမားဂျက်ဂရီးလစ်ရှ်က ထုတ်ဖော်ပြောဆိုခဲ့သည်။
မန်စီးတီးအသင်းသည် ဆီဗီလာအသင်းနှင့်ကစားခဲ့သော ပွဲတွင်(၁)ဂိုးစီသရေကျခဲ့ခြင်းကြောင့် ပင်နယ်တီကန်ခဲ့ရ သည်။ ပင်နယ်တီကန်ခဲ့ပြီးနောက် မန်စီးတီးအသင်းသည် (၅)ဂိုး (၄)ဂိုးဖြင့် ဆီဗီလာအသင်းကို အနိုင်ရရှိကာ UEFA Super Cup ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မန်စီးတီးအသင်းကစားသမားများအနေဖြင့် အောင်ပွဲခံခြင်းမျိုးများ မလုပ်ကြရန် နည်းပြဂွါဒီယိုလာက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျက်ဂရီးလစ်ရှ် က "အောင်ပွဲခံတာမျိုးတွေကို ဂွါဒီယိုလာက တားမြစ်ခဲ့ပါ တယ်။ ဒီညအိမ်ပြန်ပြီး အစားအသောက် ကောင်းကောင်းစားမယ်၊၊ အေးဆေးနားကြမယ်၊၊ ထပ်ကစားရမည့် ပွဲစဉ် တွေ ရှိသေးတယ်။ ပြီးရင် လေ့ကျင့်မှုတွေပြန်လုပ်ပြီး ပရီးမီးယားလိဂ်ကိုပြန်သွားမယ်လို့ ဂွါဒီယိုလာ က ပြောခဲ့ပါတယ်" ဟု ပြောသည်။
UEFA Super Cup ကို မန်စီးတီးအသင်း၏ ဆုဖလားအခန်းထဲသို့ ထည့်သွင်းနိုင်ရန်အတွက် အနိုင်ရရှိအောင် ကစားရန် အသင်းကစားသမားများကို နည်းပြဂွါဒီယိုလာက ပြောကြားခဲ့ကြောင်း ဂျက်ဂရီးလစ်ရှ်က ပြောခဲ့သည်။
မန်စီးတီးအသင်းသည် ဩဂုတ်လ(၂ဝ)ရက်တွင် နယူးကာဆယ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသော ရုရှားနိုင်ငံသားများကို ပစ်မှတ်ထားစုံစမ်းနေခြင်းကို ရပ်တန့်စေလိုကြောင်း ရုရှားအစိုးရ တောင်းဆို
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း