Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် လုပ်ကိုင်နေသည့်လုပ်ငန်းများကို ပိတ်ပစ်မည်ဟု ဂျော့ဆိုးရော့စ်ပြော

Pika (NSS) - ဩဂုတ် ၁၆

ဘီလျံနာသူဋ္ဌေးကြီးဂျော့ဆိုးရော့စ်၏ Open Society Foundations  သည် ၎င်း၏ အီးယူအခြေစိုက် လုပ်ငန်း ဆောင်ရွက်မှုများနှင့် အခြားနေရာများတွင် ရန်ပုံငွေကြေးထောက်ပံ့မှုများကို ပိတ်ပစ်သွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ဝန်ထမ်းများထံ ပေးပို့ထားသော အီးမေးလ်တွင် "အီးယူအတွင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ကို ပိတ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အာရုံစူးစိုက်မှုနဲ့ ထောက်ပံ့မှုတွေကို ကမ္ဘာကြီးရဲ့ အခြားအစိတ်အပိုင်း တွေကို ခွဲဝေပေးသွားမှာပါ" ဟု ရေးသားထားသည်။

Open Society Foundation သည် ယူကရိန်း၊ မော်လ်ဒိုဗာ နှင့် အနောက်ဘော်လ်ကန်ဒေသများ အပါအဝင် ဥရောပ တွင် ထောက်ပံ့ကြေးအချို့ကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။ အဆိုပါထောက်ပံ့ကြေးများကို နိုင်ငံတော်အဆင့်ရှိ ဖောင်ဒေးရှင်းများသို့ ပေးအပ်သွားမည်ဖြစ် ကြောင်း ၎င်းက ပြောခဲ့သည်။ 


ဂျော့ဆိုးရော့စ်သည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများနှင့် LGBTQ လိုလားသော အဖွဲ့အစည်းများကို ငွေကြေး ထောက်ပံ့မှုများဖြင့် ဥရောပသမဂ္ဂတွင် လူသိများကြောင်း သိရသည်။ ဟန်ဂေရီအစိုးရသည် ဂျော့ဆိုးရော့စ်၏ လုပ်ရပ်များကို ရပ်တန့်စေမည့် 'Stop Soros' ဥပဒေကို အတည်ပြုခဲ့ပြီးနောက် ၎င်း၏ Open Society Foundations သည် ၂ဝ၁၈ ခုနှစ်တွင် ဘူဒါပတ်စ်မြို့ရှိ ဌာနချုပ်ကို ဘာလင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့်နှစ်များအတွင်း ဂျော့ဆိုးရော့စ်သည် တရုတ်နိုင်ငံ၏ ကွန်မြူနစ်အစိုးရအပေါ် ဝေဖန်မှုများကို လုပ်ဆောင် ခဲ့ပြီး တရုတ်နိုင်ငံတွင် အစိုးရအပြောင်းအလဲများ လုပ်ရန်အတွက် တောင်းဆိုချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ တရုတ်သမ္မတရှီကျင့်ဖျင်ကို ရာထူးမှဖြုတ်ချခြင်းသည် လူ့အဖွဲ့အစည်းများကြုံတွေ့နေရသည့်  အကြီးမားဆုံး ခြိမ်းခြောက်မှုများကို ဖယ်ရှားပေးနိုင်မည်ဖြစ်ကြောင်း ဂျော့ဆိုးရော့စ်က ပြောကြားခဲ့သည်။

Open Society Foundations ကို မတည်ထောင်မီ ၁၉၈ဝ ခုနှစ်ခန့်က ဂျော့ဆိုးရော့စ်သည် တရုတ်နိုင်ငံရှိ အနောက်တိုင်းလိုလားသူအုပ်စုများကို ငွေကြေးထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။ ထို့အပြင် Open Society Foundations သည် အရှေ့အာရှသို့ နောက်တစ်ကြိမ်အာရုံစူးစိုက်မှု ရှိ/မရှိ ဆိုသည့်အချက်မှာ ဂျော့ဆိုးရော့စ်၏ သားဖြစ်သူ အဲလက်စ်ဆိုးရော့စ်အပေါ်မူတည်ကြောင်း သိရသည်။

အသက်(၃၇)နှစ်အရွယ်ရှိ အဲလက်စ်ဆိုးရော့စ်သည်  Open Society Foundations ကို အသက်(၉၃)နှစ် အရွယ်ရှိ ပြီဖြစ်သည့် ၎င်း၏ ဖခင်ထံမှ လွှဲပြောင်းရယူသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ဇွန်လတွင် ထုတ်ပြန်ကြေညာခဲ့သည်။ လာမည့်နှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အနိုင်မရရှိစေရန်အတွက် ဒီမိုကရက်တစ် နိုင်ငံရေးသမားများ၊အစိုးရ ရှေ့နေများ နှင့် တက်ကြွလှုပ်ရှားသူများကို ငွေကြေးများထောက်ပံ့ရန် ရည်ရွယ်ထား ကြောင်း အဲလက်စ်ဆိုးရော့စ်က ပြောကြားခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

2023 UCI World Championships ဆုဖလားပေးပွဲတွင် ဈေးကြီးသော အဆင့်မြင့်နာရီ(၂)လုံးကို လက်ခံရရှိခဲ့တဲ့ မသန်စွမ်း စက်ဘီးစီးသမား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved