လူမှုကူညီရေးအသင်းဥက္ကဋ္ဌကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု မတ္တရာမြို့နယ်တွင်ဖြစ်ပွား
NSS - ဩဂုတ် ၁၄
မန္တလေးတိုင်း၊ မတ္တရာမြိုနယ်တွင် လူမှုကူညီရေးအသင်းဥက္ကဋ္ဌဖြစ်သူ အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၂ ရက်၊ နံနက် ၇နာရီအချိန်တွင် မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာရှိ လူမှုကူညီရေးအသင်းရုံးရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
လူမှုကူညီရေးအသင်းဥက္ကဋ္ဌဖြစ်သူ ဦးမြင့်သည် အထက်ပါကျေးရွာရှိ လူမှုကူညီရေးအသင်းရုံးရှေ့တွင် ထိုင်နေစဉ် PDF အဖွဲ့ အင်အား(၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကျောက်တံတားကျေးရွာနေ ဦးမြင့်(၆၆)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးကို လုပ်ကြံသတ်ဖြတ်မှုကျူလွန်ခဲ့သည့် အကြမ်း ဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်ရှိဘဏ္ဍာနှစ် လေးလအတွင်း ပြည်ပသို့ ရော်ဘာတန်ချိန်(၈)သောင်းတင်ပို့ထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း