ကမ္ဘောဒီးယားအစိုးရအဖွဲ့အသစ်မှာ ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့သား နဲ့ တူတွေ ဦးဆောင်ပါဝင်နေ
ဂျန်ဇက် (NSS) - ဩဂုတ် ၁၁
ရာထူးက အနားယူသွားတဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ သြဂုတ် ၁ဝ ရက်နေ့မှာ အစိုးရအဖွဲ့ အသစ်ကို ထုတ်ပြန်ကြေညာခဲ့ရာ အစိုးရအဖွဲ့အသစ်ထဲမှာ ဟွန်ဆန်ရဲ့သားအကြီးဆုံး၊ သားအငယ်ဆုံးအပြင် တူတွေလည်း ပါဝင်လျက်ရှိနေကြောင်း သိရပါတယ်။
ဟွန်ဆန် ဦးဆောင်တဲ့ ကမ္ဘောဒီးယားပြည်သူပါတီဟာ ဇူလိုင်လကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အောက်လွှတ်တော်ရှိ ကိုယ်စားလှယ်ပေါင်း ၁၂၅ ဦးအနက် ၁၂ဝ ကျော်ကို ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယားပြည်သူပါတီ အနိုင်ရပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဟွန်ဆန်ဟာ ဝန်ကြီးချုပ်ရာထူးက အနားယူ မယ့်အကြောင်း နဲ့ သားအကြီးဆုံးဖြစ်သလို ကမ္ဘောဒီးယားဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်တဲ့ဟွန်မာနက်ကို ဝန်ကြီးချုပ် အသစ် ခန့်အပ်မယ့်အကြောင်းကို ကြေညာခဲ့ကြောင်း သိရပါတယ်။ ကမ္ဘောဒီးယားဘုရင်ဟာ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တောင်းဆိုတဲ့အတိုင်း ၎င်းရဲ့သားအကြီးဆုံးဖြစ်သူ ဟွန်မာနက်ကို သြဂုတ် ၆ ရက်က ဝန်ကြီးချုပ်အသစ် အဖြစ် ခန့်အပ်ကြောင်း အမိန့်ထုတ်ပြန်ပေးခဲ့ပါတယ်။
ဟွန်မာနက်ဟာ ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ခံရပြီးနောက် ဝန်ကြီးအရေအတွက် ၃ဝ ဦး ပါဝင်တဲ့ အစိုးရအဖွဲ့ အသစ်ကို ကြေညာခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကမ္ဘောဒီးယားအစိုးရအဖွဲ့အသစ်မှာ ဟွန်ဆန် ဦးဆောင်နေတဲ့ ကမ္ဘောဒီးယားပြည်သူပါတီရဲ့အဓိကပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ဟွန်ဆန်ရဲ့သားအငယ်ဆုံးဖြစ်သူ ဟာမာနေးဟာ ပြည်သူဝန်ဆောင်မှုဝန်ကြီးတာဝန်ကို ရယူသွားမှာဖြစ်သလို ကမ္ဘောဒီးယားပြည်ထဲရေးနဲ့ ကာကွယ် ရေးဝန်ကြီးတွေရဲ့သားတွေဟာ ဖခင်ဖြစ်သူတွေ တာဝန်ယူခဲ့ဖူးတဲ့ ဝန်ကြီးဌာနတွေမှာ ဝန်ကြီးတွေအဖြစ် ဆက်လက်တာဝန်ယူသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဟွန်ဆန်ရဲ့တူဖြစ်သူ Neth Savoeun ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ သြဇာအကြီးဆုံးရာထူးဖြစ်တဲ့ ရဲချုပ်တာဝန်ကို ရယူမှာဖြစ်တဲ့အပြင် ဒုတိယဝန်ကြီးချုပ်တာဝန်ကိုလည်း ပူးတွဲတာဝန်ယူသွားမှာဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဟာ ဇူလိုင်လအတွင်း ကျင်းပတဲ့ရွေးကောက်ပွဲက လွှတ်လပ်မျှတမှု မရှိဘူးဆိုတဲ့ နိုင်ငံတကာရဲ့ဝေဖန်မှုတွေကိုလည်း ငြင်းဆန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးတွင် မြစ်ရေကြီးမှုကြောင့် ယာယီရေဘေးရှောင်စခန်း(၁၃)ခု ဖွင့်လှစ်ထားရ
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ