စင်ကာပူမှာ ယူကရိန်းမွေးမြူရေးခြံမှ တင်သွင်းလာတဲ့ကြက်ဥတွေမှာ Salmonella ဘတ်တီးရီးယားများ တွေ့ရှိလာ
ရောင်နီ (NSS) - သြဂုတ် ၁ဝ
စင်ကာပူမှာ ယူကရိန်းမွေးမြူရေးခြံ LCC Yasensvit မှ တင်သွင်းတဲ့ကြက်ဥတွေမှာ Salmonella Enteritidis ဘက်တီးရီးယား ကပ်တွယ်နေမှုတွေ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အဆိုပါကြက်ဥတွေကို စင်ကာပူ စားနပ်ရိက္ခာ အေဂျင်စီ (SFA) က ပြန်လည်သိမ်းဆည်းဖို့ အမိန့်ပေးခဲ့ပါတယ်။
ဘတ်တီးရီးယားတွေ့ရှိတဲ့ ကြက်ဥတွေကို CEUA001 တံဆိပ်တုံးနဲ့ ရိုက်နှိပ်အမှတ်အသားပြုထားတယ်လို့ SFA က အင်္ဂါနေ့ (သြဂုတ် ၈ ရက်) မှာ မီဒီယာကို ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ယူကရိန်းမွေးမြူရေးခြံ LCC Yasensvit ဟာလည်း စင်္ကာပူကို ကြက်ဥတင်ပို့ခြင်း ရပ်ဆိုင်းထားရပါတယ်။
"SFA မှ Salmonella Enteritidis ဘတ်တီးရီးယားပြဿနာကို ဖြေရှင်းပြီးမှသာ ဆိုင်းငံ့ခြင်းကို ရုတ်သိမ်းမှာ ဖြစ်တယ်" လို့ အေဂျင်စီက ပြောပါတယ်။ Salmonella Enteritidis ဘတ်တီးရီးယားဟာ အစားအစာကို အစိမ်း လိုက်စားသုံးခြင်း၊ မကျက်တကျက် စားသုံးခြင်းတို့ကြောင့် ကူးစက်လာနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ ဘတ်တီးရီးယားဟာ အပူကြောင့် သေဆုံးနိုင်တာကြောင့် ကြက်ဥတွေကို သေချာချက်ပြုတ်ပြီးမှ စားသုံးရင် ဘေးကင်းတယ်လို့ SFA မှ ပြောကြားပါတယ်။
ဒါပေမယ့် ကြိုတင်ကာကွယ်မှုအနေနဲ့ တင်သွင်းသူတွေကို အဆိုပါကြက်ဥတွေ သိမ်းဆည်းထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
Salmonella ဘတ်တီးရီးယား ကူးစက်ခံရရင် ရောဂါလက္ခဏာတွေအနေနဲ့ ဝမ်းပျက်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ဖျားခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ကူးစက်ခံရသူအများစုဟာ တစ်ပတ်အတွင်း ပုံမှန်ဆို သက်သာသွား ပေမယ့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနဲ့ ခုခံအားစနစ် အားနည်းနေသူတွေမှာတော့ ပြင်းထန်ရောဂါ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
အဆိုပါကြက်ဥတွေကို ပြန်သိမ်းဆည်းတဲ့အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ ကြက်ဥတွေ ဝယ်ယူထားပြီးသား ဖြစ်နေရင်လည်း သြဂုတ်လ ၁၅ ရက် နောက်ဆုံးထားပြီး FairPrice စတိုးဆိုင်တွေမှာ ပြန်အပ်ရင် ပြန်အမ်းငွေ အပြည့် ပြန်ပေးမယ်လို့ သိရပါတယ်။
စင်္ကာပူဟာ ၎င်းရဲ့ကြက်ဥတင်သွင်းမှု ၇ဝ ရာခိုင်နှုန်းခန့်ကို နိုင်ငံနဲ့ ဒေသပေါင်း ၁၈ ခုမှ တင်သွင်းပြီး ပြည်တွင်း ဝယ်လိုအား ဖြည့်ဆည်းဖို့အတွက် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ယူကရိန်းမှ ကြက်ဥတင်သွင်းမှုကို ၂ဝ၁၉ ခုနှစ်မှာ အတည်ပြုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ထုတ်ပယ်တဲ့ ကြယ်ငါးလေးများအဖွဲ့၊ ဗိုလ်ချုပ်မှူးကြီးရဲ့မိန့်ခွန်းကို လေ့လာကြည့်ခြင်း၊ သံဃာအပါး(၈ဝ)ကျော်ပြီ အသံတိတ်နေကြတုန်းပဲလား..? (၉-၈-၂ဝ၂၃)
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ