ပဲခူးမြို့၌ စကားများရန်ဖြစ်ကြရာမှ ငှက်ကြီးတောင်ဓားဖြင့် အထိုးခံရသဖြင့် အမျိုးသားတစ်ဦးသေဆုံး
စော (NSS) - ဩဂုတ် ၉
ပဲခူးတိုင်း၊ ပဲခူးမြို့တွင် စကားများရန်ဖြစ်ကြရာမှ ငှက်ကြီးတောင်ဓားဖြင့် အထိုးခံရသဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၉ရက်)၊ မွန်းလွဲ ၁နာရီဝန်းကျင်အချိန်တွင် ပဲခူးမြို့၊ ကမာနတ်ကျေးရွာ၊ နယ်မြေ(၆)၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
“ပိုက်ဆံကို ထောင်ပြီး ဂေါ်လီလုံးနဲ့ ပစ်နေကြတာပါ။ ဓားနဲ့အထိုးခံရတဲ့အမျိုးသားက ဓားနဲ့ထိုးတဲ့အမျိုး သားကို ခြေထောက်က စည်းကျော်နေတယ်ပြောလို့ စကားများကြတယ်။ လက်သီးတွေနဲ့လည်းထိုးကြတယ်။ ဓားနဲ့ထိုးတဲ့လူက အိမ်ပြန်ပြီးတော့ ငှက်ကြီးတောင်ဓားသွားယူတယ်။ ဓားသွားယူပြီးတော့ ထိုးလိုက်တာပါ” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါအမျိုးသားသည် အသက် (၄၀)ဝန်းကျင်အရွယ်ရှိ ငလင်းဆိုသူဖြစ်ပြီး နံရိုးကြားတွင် ဓားဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား ရင်ခွဲရုံမှတစ်ဆင့် သေဆုံးသူ၏နေအိမ်သို့ ပြန်လည်ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Myanmar Army Chief urges ASEAN members to follow the Charter
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း