Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂၀၁၇ ခုနှစ် ထိုင်းအခြေခံဥပဒေနှင့် ဝန်ကြီးချုပ်ရွေးချယ်ရေးပြဿနာ (ဘာသာပြန်ဆောင်းပါး)

ရဲထွန်း (သီပေါ) (NSS) - ဩဂုတ် ၉

ထိုင်းနိုင်ငံ၏ လက်ရှိအခြေခံဥပဒေကို ၂၀၁၇ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ၁၉၃၂ ခုနှစ်က သက်ဦးဆံပိုင်ဘုရင်စနစ်ကို ပယ်ဖျက်လိုက်ပြီးသည့်နောက် ရေးဆွဲခဲ့သော ပဋိညာဉ်နှင့်  အခြေခံဥပဒေ ပေါင်း ၂၀ အနက် နောက်ဆုံးရေးဆွဲအတည်ပြုကျင့်သုံးနေသော အခြေခံဥပဒေဖြစ်သည်။ 


၂၀၁၄ ခုနှစ် မေလ ၂၀ ရက်က အာဏာသိမ်းခဲ့သော ထိုင်းစစ်တပ်၏ ငြိမ်ဝပ်ပိပြားရေး အမျိုးသားကောင်စီ the National Council for Peace and Order (NCPO) က ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်တွင် အခြေခံဥပဒေမူကြမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၇ ရက် မတိုင်မီကာလတွင် ထိုင်းတပ်မတော်က “အောက်ခြေ သတင်းဖြန့်ချီရေးလှုပ်ရှားမှု” ဆိုသည်ကို ဆောင် ရွက်ခဲ့သည်။ အခြေခံဥပဒေနှင့်ပတ်သက်သော အဆိုးအကောင်းကို ပြည်သူလူထုအကြား ဆွေးနွေးဝေဖန် ခွင့်မပြုပေ။ စစ်အစိုးရ၏ ဥပဒေအရ “ မမှန်မကန် ပြောဆိုခြင်း၊ အကြမ်းဖက်ခြင်း၊ ရန်စခြင်း၊ သွေးထိုးလှုံ့ ဆော်ခြင်း သို့မဟုတ် ခြိမ်းခြောက်ပြောဆိုခြင်းတို့ဖြင့် မဲဆန္ဒရှင်များကို မဲမပေးရန် သို့မဟုတ် ထူးထူး ဆန်းဆန်းတနည်းနည်းဖြင့် မဲပေးရန် လှုံ့ဆော်ဝါဒဖြန့်သူသည် ထောင်ဒဏ် ၁၀ နှစ်အပြစ်ပေးခြင်းနှင့် ဘတ် ၂ သိန်း အထိဒဏ်တပ်ခံရနိုင်” ပေသည်။ ဤသို့ဖြင့် စာမျက်နှာ ၁၀၅ မျက်နှာ၊ ပုဒ်မပေါင်း ၂၈၉ ခုပါဝင်သော ထိုင်းအခြေခံဥပဒေသစ်ကို ၂၀၁၇ ခုနှစ် ဧပြီလ ၆ ရက်တွင် ထိုင်းတစ်နိုင်ငံ လုံးမှမဲပေးခွင့်ရှိသူအားလုံး၏ ၅၉.၄ ရာခိုင်နှုန်းကလာရောက်မဲပေးကြရာ၊ မဲပေးသူအားလုံး၏ ၆၁.၄ ရာခိုင်နှုန်း၏ ထောက်ခံမဲဖြင့် အခြေခံဥပဒေကို အတည်ပြုခဲ့သည်။


  လွှတ်တော်နှစ်ရပ်ပါဝင်သော ပါလီမန်

အခြေခံဥပဒေအရ ပါလီမန်ကို လွှတ်တော်နှစ်ရပ်ဖြင့်ဖွဲ့စည်းထားသည်။ ရွေးချယ်ခန့်အပ်ခံအဖွဲ့ဝင် ၂၅၀ ပါဝင်သောအထက်လွှတ်တော်နှင့် အဖွဲ့ဝင် ၅၀၀ ပါဝင်သော အောက်လွှတ်တော်တို့ဖြစ်သည်။ အောက်လွှတ်တော်အဖွဲ့ဝင် အမတ် ၅၀၀ တွင် ၃၅၀ ကို FPTP (မဲအများဆုံးရသူအနိုင်ရစနစ်)ဖြင့် ရွေးကောက်တင်မြှောက်ပြီး ကျန် ၁၅၀ ကို ပါတီလိုက်ရရှိသည့် မဲစာရင်းအရ အချိုးကျ Party list PR စနစ်ဖြစ်ရွေးချယ်သည်။

 

ငြိမ်ဝပ်ပိပြားရေး အမျိုးသားကောင်စီ the National Council for Peace and Order (NCPO) က အထက်လွှတ်တော်အမတ်များရွေးချယ်ရေးအဖွဲ့ကို ခန့်အပ်နိုင်သည်။ ထိုအဖွဲ့တွင် အဖွဲ့ဝင် ၈ ဦးမှ ၁၀ ဦးအထိ ပါဝင်နိုင်ပါသည်။ ပါတီစွဲကင်းသော တစ်သီးပုဂ္ဂလအထက်လွှတ်တော်အမတ် ၂၅၀ ကို ရွေးချယ်ရာတွင် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်၊ ရေတပ်၊ လေတပ်နှင့် ရဲတပ်ဖွဲ့အကြီး အကဲများအပြင် တပ်မတော် စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဌာန အမြဲတန်းအတွင်းဝန်စသည့် ပုဂ္ဂိုလ် ၆ ဦးတို့မုချပါဝင်မည်။ လွှတ်တော်နှစ်ရပ်ပါဝင်သော ပါလီမန်က အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်သော ဝန်ကြီးချုပ်ကို ရွေးချယ်ရာတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ သို့မဟုတ် နိုင်ငံ‌ရေးသမားမဟုတ်သူ တစ်ဦးဦးကိုလည်း ရွေးချယ်နိုင်သည်။

 

ယခင် အခြေခံဥပဒေ အဟောင်းများနှင့်မတူဘဲ ၂၀၁၇ ခုနှစ် အခြေခံဥပဒေက ဝန်ကြီးချုပ် လောင်းလျာသည် ပါလီမန်အဖွဲ့ဝင်တစ်ယောက်ဖြစ်ရမည်ဟု မတောင်းဆိုပါ။ ဝန်ကြီးချုပ်လောင်းကို အမည်စာရင်းတင်သွင်းရာတွင် နိုင်ငံရေးပါတီတစ်ခုသည် ကိုယ်စားလှယ်လောင်း ၃ ယောက်အထိ တင်သွင်းနိုင်သည်။ နိုင်ငံရေးပါတီတစ်ခုသည် ရွေးကောက်ပွဲတွင် အမတ်နေရာ ၂၅ နေရာ သို့မဟုတ် အမတ်နေရာ ၅၀၀ ၏ ၅ ရာခိုင်နှုန်းကိုရရှိရမည့်အပြင် အောက်လွှတ်တော် အမတ် ၁၀ ပုံတပုံ (၅၀ ယောက်) ကထောက်ခံပါမှ ထိုပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခွင့်ရှိသည်။


နိုင်ငံရေးပါတီများမှတင်သွင်းသည့် အဆိုပါဝန်ကြီးချုပ်လောင်း ကိုယ်စားလှယ်များထဲမှ တစ်ယောက်ကို အောက်လွှတ်တော်က မဲခွဲရွေးချယ်ပေးရမည်။ အောက်လွှတ်တော်၏ အများစုထောက်ခံမဲရရှိသူကို အထက်လွှတ်တော်ကလည်း အများစုထောက်ခံမဲပေးမှသာ  ဝန်ကြီးချုပ် ဖြစ်လိမ့်မည်။


အကယ်၍ မည်သည့်ဝန်ကြီးချုပ်လောင်းကမျှ လွှတ်တော်နှစ်ရပ်လုံး၏ အများစုထောက်ခံမှုကို မရခဲ့ သဖြင့် အစိုးရမဖွဲ့စည်းနိုင်ဖြစ်ခဲ့လျှင် ကြားဖြတ်ကာလ အပိုဒ်ငယ် ပြဋ္ဌာန်းချက်အရ ပါလီမန်က လွှတ် တော်ကိုယ်စားလှယ်မဟုတ်သူ တစ်ယောက်ယောက်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းရန် စဉ်းစားဆုံးဖြတ်ခွင့်ရှိသည်။ ဤပြဿနာကြုံကြိုက်လာပါက ပါလီမန်သို့ တက်ရောက်လာ သော အမတ်အားလုံး၏ ၃ ပုံ ၂ ပုံ ထောက်ခံမဲဖြင့် ဝန်ကြီးချုပ်သည် နိုင်ငံရေးပါတီမှတင်မြှောက်သော ကိုယ်စားလှယ်ဖြစ်ရမည်ဆိုသည့် ပြဋ္ဌာန်းချက်ကို ဆိုင်းငံ့ထားနိုင်သည်။


ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မေလက ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲအပြီးတွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ပူးတွဲကျင်းပသော ပါလီမန်အစည်းအဝေးတွင် ဝန်ကြီးချုပ်ကိုရွေးချယ်ရန် မဲပေးခဲ့သည်။ ဤသည်မှာ အထက်လွှတ်တော်အနေဖြင့် ၂၀၁၉ ခုနှစ်မေလ ၂၄ ရက်ကစတင်ခဲ့သော ပထမအကြိမ် လွှတ်တော်အစည်းအဝေးအပြီး ၅ နှစ်အတွင်း သက်တမ်းကုန်ဆုံးတော့မည့် အခွင့်အရေးကို နောက်ဆုံးကျင့်သုံးခြင်းလည်း ဖြစ်နိုင်ပါသည်။ 


၃၀ ယောက်မြောက်ဝန်ကြီးချုပ်

မကြာမီ အရွေးချယ်ခံရတော့မည့် ထိုင်းဝန်ကြီးချုပ်သည် အယောက် ၃၀ မြောက်ဝန်ကြီးချုပ်ဖြစ်ပါ လိမ့်မည်။ အကယ်၍ ပရာရွတ်က ပြန်လည်အရွေးခံပြီး ဝန်ကြီးချုပ်ဖြစ်လာလျှင်တော့ ၂၉ ယောက်မြောက်ဝန်ကြီးချုပ်အဖြစ်သာ မှတ်တမ်းဝင်ပါမည်။ သို့သော် လွန်ခဲ့သည့် စက်တင်ဘာလ အခြေခံဥပဒေဆိုင်ရာခုံရုံးဆုံးဖြတ်ချက်အရ သူသည် ၂၀၂၅ ခုနှစ် ဧပြီလအထိသာ တာဝန် ထမ်းဆောင်နိုင်ပါသည်။ ခုံရုံးဆုံးဖြတ်ချက်တွင် ပရာရွတ်ထမ်းဆောင်ရမည့် ၈ နှစ်သက်တမ်းကို အခြေခံဥပဒေစတင်သက်ဝင်သည့် ၂၀၁၇ ခုနှစ် ဧပြီလ ၆ ရက်‌မှ စတင်ရမည်ဟုပါရှိသည်။ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ပရာရွတ် အမှန်တကယ်တာဝန်ယူခဲ့သောကာလမှာ ၂၀၁၇ ခုနှစ်အခြေခံဥပဒေ ပေါ်ထွက်မလာသေးသည့် ၂၀၁၄ ခုနှစ် သြဂုတ်လက စတင်ခဲ့သဖြင့် သူတာဝန်ယူခဲ့သော သက်တမ်းမှာ ယခုအခါ ၈ နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။ စစ်တပ်က အာဏာသိမ်းအပြီး ၃ လအကြာတွင် စတင် တာဝန်ယူခဲ့ခြင်းဖြစ်သည်။


၂၀၁၉ ခုနှစ် မတ်လ အထွေထွေရွေးကောက်ပွဲအပြီးတွင် လွှတ်တော်နှစ်ရပ်၏ အများစုထောက်ခံမဲ ဖြင့် ပရာရွတ် ဝန်ကြီးချုပ်အဖြစ်ဆက်လက်တာဝန်ပေးအပ်ခြင်းခံရသည်။ 


ပရာရွတ်အနေဖြင့် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည်ဆိုလျှင် နိုင်ငံ၏ ထိပ်ဆုံးရာထူးကို စုစုပေါင်း ၁၀ နှစ်ကျော်တာဝန်ထမ်းဆောင်ခြင်းဖြစ်ပါလိမ့်မည်။ ထိုင်းနိုင်ငံ သမိုင်းတွင် ဖီးမာရှယ် ဖလက်ဖီးဘွန်ဆုမ်ခရမ် Field Marshal Plaek Phibunsongkhram က ၁၅ နှစ်နှင့် ၁၁ လ၊  ဖီးမာရှယ် ထနွန် ကစ်တီကာချွန် Field Marshal Thanom Kittikachorn က ၁၀ နှစ်နှင့် ၆ လ နိုင်ငံ၏ ထိပ်ဆုံးခေါင်းဆောင်  တာဝန်ယူခဲ့ကြောင်း တွေ့ရှိရပါသည်။


မေလ အထွေထွေရွေးကောက်ပွဲပြီးနောက် ဝန်ကြီးချုပ်ရွေးချယ်ရေး ပြဿနာ

Move Forward ရှေ့သို့ချီပါတီသည် မေလ ၁၄ ရက်ကကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် နေရာအများဆုံးအနိုင်ရခဲ့ပြီး အစိုးရဖွဲ့စည်းနိုင်ရန် တခြားနိုင်ငံရေးပါတီ ၇ ပါတီနှင့် ပူးပေါင်းကာ မဟာမိတ်ဖွဲ့ခဲ့ပါသည်။


ဤမဟာမိတ်အဖွဲ့က အောက်လွှတ်တော် အမတ်နေရာ ၃၁၂ နေရာရရှိထားသဖြင့် အဖွဲ့ဝင် ၅၀၀ ပါဝင်သည့်အောက်လွှတ်တော်တွင် အများစုဖြစ်သည်။ စစ်တပ်ကခန့်အပ်ထားသော အထက်လွှတ်တော် အမတ် ရွေးချယ်ရေးအဖွဲ့က စေလွှတ်သည့် အထက်လွှတ်တော်အမတ်များမှာ ၂၅၀ ရှိသည်။  လွှတ်တော်နှစ်ရပ်ပေါင်း ပါလီမန်အစည်းအဝေးတွင် ဝန်ကြီးချုပ်ရွေးချယ်သည့်အခါ ထောက်ခံမဲ ၃၇၆ မဲလိုအပ်သဖြင့် အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီအမတ်အချို့ သို့မဟုတ် အထက်လွှတ်တော်အမတ်အချို့တို့၏ ထောက်ခံမဲ ၆၄ မဲလိုအပ်ပါသည်။ 


ဇူ0လိုင်လပထမအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ရှေ့သို့ချီပါတီခေါင်းဆောင်  အသက် ၄၂ နှစ်ရှိ၊ ဟားဗတ်တက္ကသိုလ်ထွက် ပီတလင်ဂျာရွန်းရတ် Pita Limjaroenrat က အထက်လွှတ်တော်အမတ် ၁၃ ယောက်၏ ထောက်ခံမဲသာရခဲ့သဖြင့် မဲ ၅၀ ကျော်လိုအပ်ခဲ့ပါသည်။ အတိုက်အခံ ကွန်ဆာဗေးတစ် အမတ်များက ပီတပါတီ၏ ထိုင်းဘုရင်စနစ်ကိုဝေဖန်ခွင့်မရှိသည့် ဥပဒေကို ပြင်ဆင်မည်ဆိုသည့် ကတိပြုထားချက်ကြောင့် ပီတကို မထောက်ခံကြခြင်းဖြစ်သည်ဟု ဆိုပါသည်။


နောက်တစ်ပတ်အကြာတွင် ရှေ့သို့ချီပါတီက ပီတကို ဝန်ကြီးချုပ်တင်မြှောက်ရန် ဒုတိယအကြိမ်မဲခွဲရန် ကြိုးပမ်းရာ၊ ပါလီမန်က ခွင့်မပြုရန် ဆန့်ကျင်ဆုံးဖြတ်ခဲ့သည်။ ဤသို့ဆန့်ကျင်ခြင်းမှာ အခြေခံဥပဒေနှင့် ညီမညီ ခုံရုံးက သုံးသပ်ဆုံးဖြတ်ပေးပါရန် Move Forward Party ရှေ့သို့ချီပါတီက တင်လျှောက်ခဲ့ပါသည်။


သို့ဖြစ်၍ အဆိုပါအမှုကို သုံးသပ်ဆုံးဖြတ်ရန်အတွက်၊  ဝန်ကြီးချုပ် မဲပေးရွေးချယ်ရေး ဒုတိယအကြိမ် ပြုလုပ်မည့် ထိုင်းပါလီမန်ကို ခေတ္တရပ်ဆိုင်းထားပါသည်။ 


အောက်လွှတ်တော် ဥက္ကဋ္ဌ ဝမ်မိုဟာမက် နူးမာသာ Speaker Wan Muhamad Noor Matha က၊ ဒုတိယအကြိမ် ဝန်ကြီးချုပ်မဲပေးရွေးချယ်မှုကို အခြေခံဥပဒေဆိုင်ရာ ခုံရုံးဆုံးဖြတ်ချက် ထွက်လာပြီးနောက်မှသာ ဆက်လက် ဆောင်ရွက်နိုင်မည်ဟု ဆိုပါသည်။ ခုံရုံး၏ ဆုံးဖြတ်မှာ သြဂုတ်လ ၁၆ ရက်နေ့မှသာ ထွက်လာပါလိမ့်မည်။ 


        မဟာမိတ်ဖွဲ့မှု အပြောင်းအလဲ

ထိုသို့ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေသည့် အခြေအနေတွင် အောက်လွှတ်တော်မှ ဒုတိယ အကြီး ဆုံးပါတီဖြစ်သည့် ဖြူထိုင်းပါတီ (ထိုင်းတို့အတွက်ပါတီ) က သြဂုတ်လ ၂ ရက်တွင် သူတို့ပါတီအနေဖြင့် ရှေ့သို့ချီပါတီမပါဘဲ အစိုးရဖွဲ့စည်းနိုင်ရေးကြိုးပမ်းမည်ဟု ကြေညာပါသည်။ ဤသည်မှာ ဖြူထိုင်းပါတီ အနေဖြင့် ရှေ့သို့ချီပါတီနှင့် မဟာမိတ်လက်တွဲဖြုတ်မည်ဟု ဆိုခြင်းဖြစ်သည်။ ဖြူထိုင်းပါတီမှာ ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာ ဝပ်ထရာ၏ အငယ်ဆုံးသမီး ပေတုံတန် ရှီနာဝပ်ထရာ ခေါင်းဆောင်သောပါတီဖြစ်သည်။


ဖြူထိုင်းပါတီခေါင်းဆောင် ချွန်လနန် ဆရီကောက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားရာမှာ  အခြားနိုင်ငံရေးပါတီများနှင့် အထက်လွှတ်တော်အမတ်များနှင့် ဆွေးနွေးတိုင်ပင်ကြည့်ရာတွင် ရှေ့သို့ချီပါတီ၏ ဘုရင်စနစ်ဆန့်ကျင်သည့် သဘောထားက ဝန်ကြီးချုပ်ရွေးချယ်ရေးတွင် ထောက်ခံမဲအလုံအလောက်ရရှိရန် အဓိက အဟန့်အတားဖြစ်နေကြောင်း၊ ထို့ကြောင့် ဖြူထိုင်းပါတီအနေဖြင့် ရှေ့သို့ချီပါတီနှင့် လက်တွဲဖြုတ်ကာ  အောက်လွှတ်တော်တွင် တတိယအကြီးဆုံး ကွန်ဆာဗေးတစ် ပါတီဖြစ်သည့် ဖွန်ချထိုင်း Bhumjaithai ပါတီနှင့် လက်တွဲ ခဲ့ပါသည်။ ဖွန်ချထိုင်းပါတီမှာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်က စတင်တည်ထောင်ခဲ့သောပါတီဖြစ်ပြီး  De facto leader Newin Chidchob လက်တွေ့ဦးဆောင်နေသူမှာ နေဝင်း ချစ်ချော့ဘ် ဆိုသူဖြစ်သည်။ မြန်မာနိုင်ငံ၏ အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းကို အစွဲပြု၍ ၎င်း၏ဖခင်ကပေးခဲ့သောအမည်ဖြစ်သည်။ ဖခင်မှာ လွှတ်တော် ဥက္ကဋ္ဌဟောင်း ချိုင်းချစ်ချော့ဘ် Chai Chidchob ဆိုသည့် ခမာ-တရုတ် သွေးပါသည့် ကမ္ဘောဒီးယား နွယ်ဖွား ထိုင်းလူမျိုးဖြစ်သည်။ 


ဖွေထိုင်းပါတီက နောက်တစ်ကြိမ်ကျင်းပသည့် ဝန်ကြီးချုပ်ရွေးပွဲတွင် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဆရက်သာ သဗီဆင်ကို အမည်စာရင်းတင်သွင်းမည်ဟုဆိုပါသည်။ 


        ဝန်ကြီးချုပ်ရွေးချယ်ရေးတွင် အထက်၌ဖော်ပြထားသကဲ့သို့ နိုင်ငံရေးလွန်ဆွဲပွဲများဖြင့် မသေချာ မရေရာဖြစ်နေသည့်တပြိုင်နက်တွင် ရှေ့သို့ချီပါတီခေါင်းဆောင် ပီတက မီဒီယာကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ ပိုင်ဆိုင်ထားသဖြင့် ရွေးကောက်ပွဲဥပဒေကိုချိုးဖောက်ခဲ့ကြောင်း အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့တိုင်ကြားထားသည့် အမှုလည်း ရှိနေပါသည်။ ထိုအမှုနှင့်ပတ်သက်၍ ခုံရုံးက ကြားနာစစ်ဆေး နေချိန်တွင် ပီတကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်ဆိုင်းထားမည်ဖြစ်သဖြင့် မဲပေးခွင့်လည်းမရှိပါ။


       နောက်ထပ် ထူးခြားသည့်ဖြစ်စဉ်တစ်ခုမှာ ၁၅ နှစ်ကြာ ပြည်ပြေးဖြစ်နေခဲ့သော ထိုင်းဝန်ကြီးချုပ်‌ဟောင်း သက်ဆင်ရှီနာဝပ်ထရာက သြဂုတ်လ ၁၀ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လာတော့ မည်ဖြစ်ကြောင်း ၎င်း၏ အငယ်ဆုံးသမီး ပေတုံတန် ရှီနာဝပ်ထရာက ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ 


              နှစ်ကြိမ်တိုင်တိုင်ရွေးချယ်တင်မြှောက်ခံခဲ့ရဖူးသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာ အသက် ၇၄ နှစ်ရှိပြီဖြစ်သည်။ သူ့ကို ၂၀၀၆ ခုနှစ်တွင် စစ်တပ်ကအာဏာသိမ်းကာ ဖြုတ်ချခဲ့သည်။ သူ့အပေါ်အကျင့်ပျက်ချစားမှုဖြင့် တရားစွဲဆိုချမှတ်သည့် ထောင်ဒဏ်မှ ရှောင်ရှားရန် ၂၀၀၈ ခုနှစ်တွင် ယူအေအီးနိုင်ငံ ဒူဘိုင်းသို့ သွားရောက်နေထိုင်ခဲ့သည်။ သူ့အပေါ်စွဲဆိုသည့် အမှုမှာ နိုင်ငံရေးအရ တိုက်ခိုက်မှုသက်သက်ဟု သူကဆိုပါသည်။ 

           သက်ဆင်၏ အငယ်ဆုံးသမီး ပေတုံတန်က “ ကျွန်မ ဘယ်လိုရေးရမလဲဆိုတာတောင် မယုံနိုင်လောက် အောင်ဖြစ်နေပါတယ်။ ဖေဖေက သြဂုတ်လ ၁၀ ရက်ဆိုရင် ဒွန်မောင်းလေဆိပ်ကို ပြန်လာတော့မှာလေ” ဟု သူမ၏ ဖေ့စ်ဘုတ်ပိတ်ဂျ်တွင် ရေးတင်ခဲ့ပါသည်။ 


           ၂၀၁၇ ခုနှစ်ထိုင်းအခြေခံဥပဒေအရ အောက်လွှတ်တော်အတွင်း အမတ်နေရာအများဆုံး အနိုင်ရသည့် ပါတီက အစိုးရမဖွဲ့နိုင်ဘဲ၊  မည်သည့်ပါတီ သို့မဟုတ် မည်သည့်ပြင်ပ ပုဂ္ဂိုလ် တစ်ယောက်ယောက်က ဝန်ကြီးချုပ်ဖြစ်လာလေမည်လဲ ဆိုသည့် ကိစ္စမှာ စိတ်ဝင်တစားစောင့်ကြည့် ရမည့် အကြောင်းအရာတစ်ခုဖြစ်ပါသည်။

                                                                                                                 

ကိုးကား - Constitution of Thailand by Wikipedia

- Thai court suspends Pita as MP as parliament votes on new premier

- Thailand's Pheu Thai forms new coalition with third-largest party


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပဲခူးမြို့၌ စကားများရန်ဖြစ်ကြရာမှ ငှက်ကြီးတောင်ဓားဖြင့် အထိုးခံရသဖြင့် အမျိုးသားတစ်ဦးသေဆုံး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved