အလှမယ်များကို အဝတ်ဗလာပုံစံဖြင့် စစ်ဆေးခဲ့ခြင်းကို စစ်ဆေးအရေးယူမည်ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့ပြော
Pika (NSS) - သြဂုတ် ၉
Miss Universe Indonesia အလှမယ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော အမျိုးသမီးဒါဇင်ဝက်ကျော်သည် လိင်ပိုင်း ဆိုင်ရာ နှောင့်ယှက်မှုစွပ်စွဲချက်များနှင့်ပတ်သက်ပြီး ပွဲစီစဉ်သူများကို ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း ၎င်းတို့၏ ရှေ့နေက ထုတ်ပြန်ပြောကြားခဲ့သည်။
ဂျာကာတာမြို့တွင် ဇူလိုင်လ(၂၉)ရက်မှ ဩဂုတ်လ(၃)ရက်အထိ ကျင်းပသော အလှမယ်ပြိုင်ပွဲတွင် နောက်ဆုံး ဆန်ခါတင်(၇)ဦးကို အလှမယ်သရဖူဆောင်းပေးခြင်းများ မပြုလုပ်မီ နှစ်ရက်အလိုတွင် ခန္ဓာကိုယ်စစ်ဆေးချက်များ ပြုလုပ်ရန်အတွက် အဝတ်များကို ချွတ်ခိုင်းခဲ့ပြီးနောက် အဆိုပါတိုင်ကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
အင်ဒိုနီးရှားရှိ Miss Universe လိုင်စင်ကိုင်ဆောင်ထားသော PT Capella Swastika Karya အဖွဲ့မှ တာဝန်ရှိသူများ က ၎င်းတို့သည် အလှမယ်များ၏ ခန္ဓာကိုယ်တွင် အမာရွတ်များ၊ cellulite (သို့မဟုတ်) တက်တူးများကို စစ်ဆေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု ပြိုင်ပွဲဝင်များ၏ ရှေ့နေ Mellisa Anggraini က ပြောကြားခဲ့သည်။
၎င်းက "ပါဝင်ယှဉ်ပြိုင်သူတွေဟာ ဒီလိုလုပ်ထုံးလုပ်နည်းတွေရှိတာကို မသိခဲ့ကြပါဘူး။ အလှမယ်အယောက် (၃ဝ) လုံးဟာ အဝတ်တွေချွတ်ပြီးတော့ ခန္ဓာကိုယ်စစ်ဆေးမှုကို ခံခဲ့ရပါတယ်။ အလှမယ်တွေထဲက(၅)ယောက်ဟာ ဓါတ်ပုံရိုက်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ တိုင်ကြားစာတွေ ပေးပို့မယ့် အလှမယ်အရေအတွက်လည်း တိုးလာနိုင်ပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါတိုင်ကြားချက်များနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့သည် စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ Miss Universe Indonesia ၏ အမျိုးသားဒါရိုက်တာ Poppy Capella သည် အဆိုပါစွပ်စွဲပြောဆိုချက် များကို အတည်ပြုခြင်း (သို့မဟုတ်) ငြင်းဆိုထားခြင်းမျိုးမရှိသေးသော်လည်း ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ခံစားချက် နှင့် အမြင်များကို မျှဝေပေးသူများအား ကျေးဇူးတင်ကြောင်း အင်စတာဂရမ်တွင် ရေးသားဖော်ပြခဲ့သည်။
၎င်းက "ဒီလိုမှတ်ချက်ပေးမှုတွေဟာ စကားလုံးသက်သက်မဟုတ်ပါဘူး။ အဲဒါတွေက ခွန်အားဖြစ်စေမှာပါ" ဟု ပြောခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီးမှတ်ချက်ပေးရန်တောင်းဆိုမှုများကို Miss Universe ၏ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းက ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သော လူ(၅)ဦးကို သေဒဏ်ပေးခဲ့ဟု အီရန်အစိုးရ ပြော
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ