ဆော်လမွန်ကျွန်းစုအသင်းကို ဂိုးပြတ်အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ရောက်ဖို့ အခွင့်အရေးများသွားတဲ့ မြန်မာဖူဆယ်လက်ရွေးစင်အသင်း
ရဲပြည့်(NSS) - ဩဂုတ် ၉
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေတဲ့ Continental Futsal Championship 2023 ပြိုင်ပွဲ ဒုတိယမြောက်ပွဲစဉ်မှာ မြန်မာဖူဆယ်လက်ရွေးစင်အသင်းဟာ ဆော်လမွန်ကျွန်းစုအသင်းကို (၆)ဂိုး -(၂)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ဖို့ အခွင့်အရေးများသွားခဲ့ပါတယ်။
မြန်မာဖူဆယ်အသင်းဟာ ဩဂုတ်လ ၇ ရက်က အဖွင့်ပွဲစဉ်မှာ ထိုင်းအသင်းကို (၅)ဂိုး ဂိုးမရှိနဲ့ ရှုူံးနိမ့်ခဲ့ပေမယ့် ဩဂုတ်လ ၈ ရက်မှာတော့ ဆော်လမွန်ကျွန်းစုအသင်းကို (၆)ဂိုး - (၂)ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
မြန်မာအသင်းနည်းပြချုပ် Bunlert Charoenwong က "ဒီနေ့ ကစားသမားတွေရဲ့ခြေစွမ်းကို ကျေနပ်ပါတယ်။ ဒီပွဲမှာ ကစားသမားတွေက ယုံကြည်ချက်ရှိရှိနဲ့ ကစားနိုင်ခဲ့ကြတယ်။ နည်းစနစ်အတိုင်းလဲကစားနိုင်ခဲ့ကြပါတယ်။ အခု ကျွန်တော်တို့မှာ နားရက် နှစ်ရက်ရရှိပါတယ်။ ဒီနှစ်ရက်မှာ ကျွန်တော်တို့ ထိုင်းနဲ့ ပွဲက အမှားတွေကို ပြင်ဆင်သွားပါမယ်။ ဒီပြိုင်ပွဲက ကစားသမားတွေ အာရှခြေစစ်ပွဲအတွက် အကောင်းဆုံး အတွေ့အကြုံရရှိမယ့်ပြိုင်ပွဲပါ”လို့ ပြောကြားခဲ့ပါတယ်။
ဆော်လမွန်ကျွန်းစုအသင်းဟာ ကမ္ဘာ့အဆင့်(၅၄)နေရာမှာရပ်တည်နေတဲ့ အသင်းကောင်းတစ်သင်းဖြစ်ပေမယ့်လည်း ကမ္ဘာ့အဆင့်(၈၃)နေရာမှာ ရပ်တည်နေတဲ့ မြန်မာအသင်းဟာ (၆)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
Continental Futsal Championship 2023 ပြိုင်ပွဲမှာ စုစုပေါင်း အသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်နေပြီး ချက်အသင်း (ကမ္ဘာ့အဆင့် ၂၁) ၊ ထိုင်းအသင်း (ကမ္ဘာ့အဆင့် ၂၆) ၊ ဆော်လမွန်ကျွန်းစုနိုင်ငံအသင်း (ကမ္ဘာ့အဆင့် ၅၃) ၊ မိုဇမ်ဘစ်အသင်း (ကမ္ဘာ့အဆင့် ၇၄) ၊ မြန်မာအသင်း (ကမ္ဘာ့အဆင့် ၈၃) ၊ အာဇဂန်နစ္စတန်အသင်း (ကမ္ဘာ့အဆင့် ၉၄) တို့ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းရဲ့စစ်ရေးစွမ်းဆောင်ရည်တွေအပေါ် ယုံကြည်မှုမရှိဘဲဖြစ်နေ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း