Toyota Hiace ကားပေါ်မှ စကျင်ကျောက်ဖြင့်ထွင်းထုထားသည့် ဆင်ရုပ်အကြမ်းထည် (၄၄၀)ခုနှင့် တရားမဝင်ပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်း
သန့်ဇင် (NSS) - ဩဂုတ် ၉
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် Toyota Hiace ကားပေါ်မှ တစ်လက်မခန့်ရှိ ဆင်ရုပ်အကြမ်းထည် စကျင်ကျောက်များ နှင့် တရားမဝင်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များမှ သိရသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့သည် ဩဂုတ်လ ၆ ရက်တွင် ကျိုင်းတုံမြို့နယ်၊ နောင်နွန်းပူးပေါင်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့မှ တာချီလိတ်မြို့သို့ မောင်းနှင်လာသည့် Toyota Hiace ကားပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်ထားပြနိုင်ခြင်းမရှိသည့် တစ်လက်မ စကျင် ကျောက် ဆင်ရုပ်အကြမ်းထည် (၄၄၀)ခုအား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် အထက်ပါကားပေါ်မှ စကျင်ကျောက်များအပါအဝင် တရားမဝင်ကုန်ပစ္စည်း(၇)မျိုး ခန့်မှန်းငွေကျပ်သိန်း(၆ဝ)နီးပါး၊ မော်တော်ယာဉ်တန်ဖိုး သိန်း(၁၅၀)နှင့်အတူ စုစုပေါင်း ငွေကျပ် သိန်း(၂၀ဝ)ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဏာသိမ်းမှုဖြစ်ပွားတဲ့နိုင်ဂျာကို စစ်ရေးနည်းလမ်းအသုံးပြုမယ်ဆိုရင် နိုင်ဂျီးရီးယားနိုင်ငံက တပ်ဖွဲ့ဝင် ၂၅ဝဝဝ စေလွှတ်ပေးသွားဖွယ်ရှိနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း