Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နစကလက်ထက်၌ ရွေးကောက်ပွဲကော်မရှင်ရုံး(၁၃)ရုံး မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကာ ကျပ်သန်း (၄ဝဝ) နီးပါးဆုံးရှုံးခဲ့

NP News - ဇန်နဝါရီ ၂၃

လက်ရှိ နစကလက်ထက်အတွင်း၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(၁၃)ရုံး ဖျက် ဆီးခြင်းခံခဲ့ရကာ ကျပ်သန်း(၄ဝဝ)နီးပါး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလမှ ယနေ့ထိ တိုင်းနှင့်ပြည်နယ်ရှိ ကော်မရှင်အဖွဲ့ခွဲရုံးအဆောက်အဦး (၁၃)ခု နှင့် ရုံးသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစကမှ ဆိုသည်။

လက်ရှိ နစကလက်ထက်၌ ကရင်ပြည်နယ်ရှိ ဖာပွန်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(၃)ခုမှာ မိုင်းထောင်ဖောက်ခွဲခံရခြင်း၊ လက်နက်ကြီးထိမှန်ခြင်းတို့ကြောင့် အဆောက်အဦးအပါအဝင် ရုံးသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစက၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ တမူးမြို့နယ်တို့ရှိ ကော်မရှင်အဖွဲ့ခွဲရုံး(၃)ခုမှာလည်း မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများခံခဲ့ရကာ ရုံးအဆောက်အဦးနှင့် မဲရုံသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် တနင်္သာရီတိုင်း ပုလောမြို့နယ်နှင့် မကွေးတိုင်း ထီးလင်းမြို့နယ်ရှိ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(၂)ခုမှာလည်း လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်းလည်း နစကမှ ဆိုထားသည်။

ဆက်လက်ပြီး ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် ထန်တလန်မြို့နယ်တို့ရှိ ကော်မရှင်အဖွဲ့ခွဲရုံး(၃)ရုံးမှာလည်း မိုင်းထောင်ဖောက်ခွဲပြီးနောက် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကာ အဆောက်အဦးနှင့်မဲရုံသုံးပစ္စည်းများလည်း ပျက်စီးခဲ့ ကြောင်း သိရသည်။

၎င်းအပြင် ကယားပြည်နယ်အတွင်းရှိ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်ရှိ ကော်မ ရှင်အဖွဲ့ခွဲရုံး(၂)ခုမှာလည်း မိုင်းထောင်ဖောက်ခွဲမီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကာ ရုံးပိုင်မော်တော်ဆိုင်ကယ်၊ ပရိဘောဂ နှင့် မဲရုံသုံးပစ္စည်းများမှာလည်း ပျက်စီးသွားခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထိုသို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(၁၃)ခုနှင့် ရုံးပိုင်ပစ္စည်းများ၊ မဲရုံသုံးပစ္စည်းများ ဖျက်ဆီးခံရမှုကြောင့် ငွေကျပ် ၃၆၇ ဒသမ ၅၈၃ သန်းဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အကြမ်းဖက်အဖွဲ့များအနေဖြင့် အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦးများ၊ ဆေးရုံးများ၊ ကျောင်းတို့အား မီးရှို့ဖျက်ဆီးခြင်း စသည့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် ၎င်းအဖွဲ့များအနေဖြင့် ဌာနဆိုင်ရာရုံးများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထုအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကာကွယ်သွားကြရန်လည်း နစကမှ တိုက်တွန်းထားသည်။

ထို့ပြင် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကို ရရှိပါကလည်း လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့ရန်လည်း နစကမှ မေတ္တာရပ်ခံထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။


zawgyi version

နစကလက္ထက္၌ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး(၁၃)႐ုံး မိုင္းေထာင္ေဖာက္ခြဲျခင္း၊ မီးရႈိ႕ဖ်က္ဆီးျခင္းခံခဲ့ရကာ က်ပ္သန္း (၄ဝဝ) နီးပါးဆုံးရႈံးခဲ့

NP News - ဇန္နဝါရီ ၂၃

လက္ရွိ နစကလက္ထက္အတြင္း၌ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံး(၁၃)႐ုံး ဖ်က္ ဆီးျခင္းခံခဲ့ရကာ က်ပ္သန္း(၄ဝဝ)နီးပါး ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

အၾကမ္းဖက္သမားမ်ားက မိုင္းေထာင္ေဖာက္ခြဲျခင္း၊ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ဖ်က္ဆီးျခင္းႏွင့္ မီးရႈိ႕ဖ်က္ဆီးမႈမ်ားေၾကာင့္ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာ လမွ ယေန႔ထိ တိုင္းႏွင့္ျပည္နယ္ရွိ ေကာ္မရွင္အဖြဲ႕ခြဲ႐ုံးအေဆာက္အဦး (၁၃)ခု ႏွင့္ ႐ုံးသုံးပစၥည္းမ်ား ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း နစကမွ ဆိုသည္။

လက္ရွိ နစကလက္ထက္၌ ကရင္ျပည္နယ္ရွိ ဖာပြန္ၿမိဳ႕နယ္ႏွင့္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ရွိ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံး(၃)ခုမွာ မိုင္းေထာင္ေဖာက္ခြဲခံရျခင္း၊ လက္နက္ႀကီးထိမွန္ျခင္းတို႔ေၾကာင့္ အေဆာက္အဦးအပါအဝင္ ႐ုံးသုံးပစၥည္းမ်ား ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း နစက၏ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အလားတူ စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ ပင္လည္ဘူးၿမိဳ႕နယ္၊ တမူးၿမိဳ႕နယ္တို႔ရွိ ေကာ္မရွင္အဖြဲ႕ခြဲ႐ုံး(၃)ခုမွာလည္း မိုင္းေထာင္ေဖာက္ခြဲျခင္း၊ မီးရႈိ႕ဖ်က္ဆီးျခင္းမ်ားခံခဲ့ရကာ ႐ုံးအေဆာက္အဦးႏွင့္ မဲ႐ုံသုံးပစၥည္းမ်ား ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ တနသၤာရီတိုင္း ပုေလာၿမိဳ႕နယ္ႏွင့္ မေကြးတိုင္း ထီးလင္းၿမိဳ႕နယ္ရွိ ေ႐ြး ေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံး(၂)ခုမွာလည္း လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားရွိခဲ့ေၾကာင္းလည္း နစကမွ ဆိုထားသည္။ ဆက္လက္ၿပီး ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္၊ ကန္ပက္လက္ၿမိဳ႕နယ္ႏွင့္ ထန္တလန္ၿမိဳ႕နယ္တို႔ရွိ ေကာ္မရွင္အဖြဲ႕ခြဲ႐ုံး(၃)႐ုံးမွာလည္း မိုင္းေထာင္ေဖာက္ခြဲၿပီးေနာက္ မီးရႈိ႕ဖ်က္ဆီးျခင္းခံခဲ့ရကာ အေဆာက္အဦးႏွင့္မဲ႐ုံသုံးပစၥည္းမ်ားလည္း ပ်က္စီးခဲ့ ေၾကာင္း သိရသည္။

၎အျပင္ ကယားျပည္နယ္အတြင္းရွိ ဒီးေမာ့ဆိုၿမိဳ႕နယ္ႏွင့္ ဖ႐ူဆိုၿမိဳ႕နယ္ရွိ ေကာ္မ ရွင္အဖြဲ႕ခြဲ႐ုံး(၂)ခုမွာလည္း မိုင္းေထာင္ေဖာက္ခြဲမီးရႈိ႕ဖ်က္ဆီးျခင္းခံခဲ့ရကာ ႐ုံးပိုင္ေမာ္ေတာ္ဆိုင္ကယ္၊ ပရိေဘာဂ ႏွင့္ မဲ႐ုံသုံးပစၥည္းမ်ားမွာလည္း ပ်က္စီးသြားခဲ့ေၾကာင္း နစကမွ ဆိုထားသည္။ ထိုသို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံး(၁၃)ခုႏွင့္ ႐ုံးပိုင္ပစၥည္းမ်ား၊ မဲ႐ုံသုံးပစၥည္းမ်ား ဖ်က္ဆီးခံရမႈေၾကာင့္ ေငြက်ပ္ ၃၆၇ ဒသမ ၅၈၃ သန္းဖိုး ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အၾကမ္းဖက္အဖြဲ႕မ်ားအေနျဖင့္ အေၾကာင္းျပခ်က္မ်ိဳးစုံျဖင့္ စြပ္စြဲသတ္ျဖတ္ျခင္း၊ ႏိုင္ငံပိုင္အေဆာက္အဦးမ်ား၊ ေဆး႐ုံးမ်ား၊ ေက်ာင္းတို႔အား မီးရႈိ႕ဖ်က္ဆီးျခင္း စသည့္လုပ္ရပ္မ်ားကို က်ဴးလြန္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။ ထို႔ေၾကာင့္ ၎အဖြဲ႕မ်ားအေနျဖင့္ ဌာနဆိုင္ရာ႐ုံးမ်ားအား မိုင္းေထာင္ေဖာက္ခြဲျခင္း၊ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ဖ်က္ဆီးျခင္းႏွင့္ မီးရႈိ႕ဖ်က္ဆီးျခင္းမ်ား လုပ္ေဆာင္ေနမႈအေပၚ ျပည္သူလူထုအေနျဖင့္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္ ေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ပူးေပါင္းကာကြယ္သြားၾကရန္လည္း နစကမွ တိုက္တြန္းထားသည္။ ထို႔ျပင္ အၾကမ္းဖက္သမားမ်ား၏ လႈပ္ရွားမႈသတင္းမ်ားကို ရရွိပါကလည္း လွ်ိဳ႕ဝွက္စြာ ဆက္သြယ္သတင္းေပးပို႔ရန္လည္း နစကမွ ေမတၱာရပ္ခံထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗြိတိန်ဘုရင်ကြီးရဲ့နန်းတက်ပွဲအခမ်းအနားကို ဆန့်ကျင်ဆန္ဒပြသွားဖို့ စီစဉ်ထားဟု ဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved