ဇူကာဘတ်နှင့်တိုက်ခိုက်ရန်အတွက် လေ့ကျင့်ပေးရန် အီလွန်မတ်၏တောင်းဆိုမှုကို UFC ချန်ပီယံဟောင်း ပယ်ချ
Pika (NSS) - ဩဂုတ် ၅
ဖေ့စ်ဘုတ်တည်ထောင်သူ ဇူကာဘတ်နှင့်တိုက်ခိုက်ရန်အတွက် လေ့ကျင့်သင့်ကြားပေးရန် တွစ်တာကုမ္ပဏီပိုင်ရှင်အီလွန်မတ်၏ တောင်းဆိုမှုကို UFC ချန်ပီယံဟောင်း Khabib Nurmagomedov က ငြင်းဆိုခဲ့ကြောင်းသိရသည်။
အီလွန်မတ်ကိုလေ့ကျင့်ပေးရန် Khabib Nurmagomedov က ငြင်းဆိုခဲ့သည်ဆိုသည့်အချက်ကို အဆိုပါကိစ္စနှင့်နီးစပ်သူတစ်ဦးက ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အီလွန်မတ်၏တောင်းဆိုမှုကို Khabib Nurmagomedov က မည်သည့်အတွက်ကြောင့်ပယ်ချခဲ့ရသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းသိရသည်။ အီလွန်မတ်နှင့်ဇူကာဘတ်တို့သည် ယှဉ်ပြိုင်ထိုးသတ်ရန်အတွက် UFC နှင့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း New York Times ကအစောပိုင်းတွင်ဖော်ပြခဲ့သည်။
ဇူကာဘတ်နှင့်အီလွန်မတ်တို့၏ တိုက်ပွဲသည် UFC သမိုင်းတစ်လျှောက် အမြတ်အစွန်းအများဆုံး ရရှိနိုင်မည့် ပွဲစဉ်တစ်ခုဖြစ်လာနိုင်ကြောင်း UFC ဥက္ကဋ္ဌဒါနာဝှိုက်က ပြောကြားခဲ့သည်။ Khabib Nurmagomedov သည် အီလွန်မတ်ကို လေ့ကျင့်ပေးရန် ငြင်းဆိုထားကြောင်း တရားဝင်အတည်ပြုခြင်းမျိုးမရှိသေးသော်လည်း MMA promoters များသည် အီလွန်မတ်ကိုလေ့ကျင့်မပေးသင့်သည့်အချက်ကို ထောက်ခံခဲ့ကြကြောင်းသိရသည်။
ရုရှားအားကစားမန်နေဂျာ Vladimir Khryunov က"Khabib Nurmagomedov ဟာ သူ့ကိုယ်ပိုင်ခံယူချက်ရှိသူတစ်ဦးပါ။ ပြီးတော့ ဒီအားကစားနဲ့ပတ်သက်ပြီး သူကအရမ်းကိုအလေးအနက်ထားပါတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ Khabib Nurmagomedov ကို ပိုမိုလေးစားတဲ့လူတွေ များပြားလာစေပါတယ်"ဟုပြောဆိုခဲ့သည်။
Fight Nights Global ၏ ဥက္ကဋ္ဌ Kamil Gadzhiev က"Khabib Nurmagomedov ဟာ MMA လောကကနေ အနားယူကြောင်းကြေညာခဲ့ပြီးပါပြီ။ ပြီးတော့ သူနဲ့ရင်းနှီးတဲ့လူတွေကိုတောင် လေ့ကျင့်ပေးတာမျိုး မလုပ်ဖူးခဲ့ပါဘူး"ဟုပြောဆိုခဲ့သည်။
ဇူကာဘတ်သည် အီလွန်မတ်၏တွစ်တာကို ယှဉ်ပြိုင်နိုင်ရန်အတွက် Threads အပလီကေးရှင်းကို ထုတ်ဖော်ပြသခဲ့ပြီးနောက် အငြင်းပွါးမှုများဖြစ်ပွားခဲ့ကာ ကြိုးဝိုင်းထဲတွင် ယှဉ်ပြိုင်ထိုးသတ်ရန် စိန်ခေါ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လပွတ္တာမြို့နယ်ရှိ ပင်လယ်ပြင်၌ စက်လှေတစ်စီးပေါ်တွင် လိုက်ပါလာသည့် ဘင်္ဂါလီ (၇၂)ဦးကို ဖမ်းဆီးထိန်းသိမ်း
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း