ဒူးဒဏ်ရာပြဿနာကြောင့် ပရီးမီးယားလိဂ်ရာသီအစပွဲစဉ်များကို လွဲချော်မည့် အာဆင်နယ်တိုက်စစ်မှူး ဂျီးဆပ်
Pika(NSS) - သြဂုတ် ၃
အာဆင်နယ်အသင်းတိုက်စစ်မှူး ဂျီးဆပ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းကရရှိခဲ့သော ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု များပြုလုပ်ခဲ့သောကြောင့် ပရီးမီးယားလိဂ်ရာသီအစပွဲစဉ်များကို လွဲချော်နိုင်ဖွယ်ရှိနေကြောင်း အာဆင်နယ်နည်းပြ အာတီတာက အတည်ပြုပြောခဲ့သည်။
နည်းပြအာတီတာ က "ကံမကောင်းစွာနဲ့ပဲ ဂျီးဆပ်ဟာ ဒီနေ့မနက်မှာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရပါတယ်။ ဂျီးဆပ်ဟာ သီတင်းပတ်အနည်းငယ်လောက်တော့ အနားယူရမှာပါ" ဟု ပြောခဲ့သည်။
ပရီးမီးယားလိဂ်ရာသီမစတင်ခင်(၁ဝ)ရက်အလိုတွင် ဒူးဒဏ်ရာကို ခွဲစိတ်ကုသခံခဲ့ရသော အသက်(၂၆)နှစ်အရွယ် ဂျီးဆပ်သည် ရာသီအစပွဲစဉ်များကို လွဲချော်နိုင်ဖွယ်ရှိနေသောကြောင့် စိုးရိမ်မှုများလည်းရှိနေကြောင်း သိရသည်။ ဂျီးဆပ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းရရှိခဲ့သော ဒူးဒဏ်ရာကြောင့် ပြီးခဲ့သည့်ရာသီက ပွဲစဉ်အများအပြားကို လွဲချော်ခဲ့ပြီး ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလမှ ယခုနှစ်မတ်လအထိ လေ့ကျင့်ကွင်းသို့ လာရောက်ကစားနိုင်ခြင်း မျိုးမရှိခဲ့ကြောင်း သိရသည်။ ဩဂုတ်လ(၆)ရက်တွင် အာဆင်နယ်အသင်းသည်ကွန်မြူနတီဒိုင်းပွဲစဉ်တွင် မန်စီးတီး အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ သြဂုတ်လ ၃ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်း/ပြည်ပက စိတ်ဝင်စားဖွယ်သတင်းထူးများ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း