Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မိုးခေါင်ရေရှားမှု ဆိုးရွားနေသော မက္ကဆီကိုတွင် မိုးရွာသွန်းစေရန် တမင်ဖန်တီးသည့် နည်းပညာအပေါ် အငြင်းအခုံ ဖြစ်နေ

Htay Oung (NSS) - သြဂုတ် ၃ 

မက္ကဆီကိုနိုင်ငံမှာ ပြင်းထန်တဲ့မိုးခေါင်ရေရှားမှုဒဏ်ကြောင့် ကောက်ပဲသီးနှံဆုံးရှုံးမှု၊ သောက်သုံး‌ရေရှားပါးမှုနဲ့ စားနပ်ရိက္ခာဈေးနှုန်းများ မြင့်မားလာနေပါတယ်။ ဒီလိုဖြစ်ရတဲ့အတွက် မိုးရွာသွန်းဖို့ အလွန်အမင်းလိုအပ်ခြင်း အ‌ပေါ် အစိုးရက အသုံးချခဲ့တဲ့ “တိမ်တိုက်_သန္ဓေပျိုးခြင်း_နည်းပညာ" မှာ အငြင်းပွားစရာဖြစ်လာရတယ်လို့ CNN က သြဂုတ်လ ၁ ရက်မှာ ရေးသားခဲ့ပါတယ်။


မက္ကဆီနိုင်ငံ ကောင်းကင်ယံမှာ တိမ်များကို တမင်ဖန်တီးပြီး မိုးရွာသွန်းစေဖို့ စေ့ဆော်ပေးတဲ့ တိမ်တိုက်သန္ဓေပျိုး ခြင်းစီမံကိန်းရဲ့ နောက်ဆုံးအဆင့်ကို ပြီးခဲ့တဲ့ ဇူလိုင်လမှာ စတင်ခဲ့ပါတယ်။ မိုးခေါင်ရေရှားမှုဒဏ်ကို တိုက်ဖျက်ဖို့ နဲ့ မြေအောက်ရေများကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ ရည်ရွယ်ချက်ဖြင့် နိုင်ငံရဲ့မြောက်ဘက်နဲ့ အရှေ့မြောက်ဘက် စည်ပင်သာယာဧရိယာ ၆၂ ခုကို ပစ်မှတ်ထားကြောင်း မက္ကဆီကို စိုက်ပျိုးရေး၀န်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ခဲ့ပါ တယ်။


တိမ်တိုက်သန္ဓေပျိုးခြင်းနည်းပညာဟာ ၁၉၄ဝ ခုနှစ်ခန့်မှာ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး အမေရိကန်နဲ့ တရုတ်တို့ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၅ဝ ခန့်မှာ အသုံးပြုခဲ့ဖူးပါ တယ်။ ရာသီဥတုပြောင်းလဲမှုဒဏ်ကို နှစ်ပေါင်း ၇ဝ ကျော် ရင်ဆိုင်နေခဲ့ရတဲ့ မက္ကဆီကိုလည်း အဲဒီနည်းလမ်းကို ရွေးချယ်ဖို့ ဖြစ်လာခဲ့ရပါတယ်။ 

ဒါပေမယ့် တိမ်တိုက်သန္ဓေပျိုးခြင်းရဲ့ထိရောက်မှုနဲ့ပတ်သက်ပြီး အထူးဂရုစိုက်ဖို့နဲ့ မိုးခေါင်ခြင်းအတွက် အဖြေ မဟုတ်ကြောင်း သိပ္ပံပညာရှင်အချို့က သတိပေးနေကြပါတယ်။ 

သိပ္ပံနည်းကျရှုထောင့်ကကြည့်ရင် ဘာလုပ်နေတယ်ဆိုတာကို သက်သေပြဖို့ အရမ်းခက်ခဲတဲ့အတွက် အငြင်းပွား စရာသမိုင်းကြောင်းရှိပါတယ်လို့ အမေရိကန်နိုင်ငံ “အမျိုးသား လေထု၀န်းကျင်သုတေသနစင်တာ" မှ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာသိပ္ပံပညာရှင် ရု့ဖ်_ဘာရီတန်က မှတ်ချက်ပေးပါတယ်။

တိမ်တိုက်သန္ဓေပျိုးခြင်း အလုပ်လုပ်ဖို့အတွက် ပထမဆုံး တိမ်တိုက်တစ်ခုလိုအပ်ပါတယ်။ ရေအမှုန်အမွှားများကို ဆွဲဆောင်တဲ့ (အရာဝတ္တုများကို) လေယာဉ် (သို့မဟုတ်) ဒရုန်းများနဲ့ အဲဒီတိမ်တိုက်အတွင်း ထိုးသွင်းပြီး မိုးရွာသွန်း မှု (သို့မဟုတ်) နှင်းများကျနိုင်ခြေကို တိုးပွားစေပါတယ်။

စိတ်ကူးတစ်ခုလုံးဟာ တိမ်တိုက်များကို ဖန်တီးခြင်း မဟုတ်ပဲ (လူဖန်တီးတဲ့) တိမ်တိုက်ဆိုတာ (မိုးရွာသွန်းစေရာ မှာ) သဘာဝတိမ်တိုက်တစ်ခုကို လိုက် မမီနိုင်ကြောင်း၊ တိမ်ဆိုတာ ရေစက်ငယ်လေးများနဲ့ ဖွဲ့စည်းထားကြောင်း၊ ရေစက်အမှုန်လေးများ စုဝေးလာတဲ့အခါ ကောင်းကင်မှာ ဆက်လက်ရပ်တည်မနေနိုင်လောက်အောင် လေးလံလာ ပြီး အောက်သို့ကျဆင်းလာကြောင်း၊ ကျဆင်းလာစဉ် လမ်းတစ်လျောက် မိုးရေစက်များအဖြစ် ပေါင်းစပ်သွားခြင်း ဖြစ်ကြောင်း၊ တိမ်တိုက်သန္ဓေပျိုးခြင်းကတော့ တိမ်တိုက်ထဲမှာ ရေထုရာခိုင်နှုန်း များလာပြီး မြေပြင်ပေါ် မိုးအဖြစ် ရွာသွန်းစေဖို့ ဇွတ်ကြိုးစားသလိုဖြစ်နေတယ်လို့ တိမ်တိုက်များနဲ့မိုးရွာသွန်းမှု သဘာဝကိုပညာရှင်က ရှင်းပြပါ တယ်။

မက္ကဆီကိုရဲ့ပရောဂျက်မှာ လေယာဉ်များအသုံးပြုပြီး ငွေ_အိုင်အိုဒိုက်အမှုန်အမွှားများကို တိမ်တိုက်အတွင်း ပက်ဖြန်းပေးခြင်းတို့ ပါဝင်ပါတယ်။ မိုးရွာသွန်းမှုကို နှိုးဆွပေးခြင်းအားဖြင့် မိုးခေါင်ရေရှားမှုဒဏ်ကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့လယ်သမားများအတွက် သက်သာကောင်းမွန်လာအောင် ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ အစိုးရက မျှော်လင့်ထားပါတယ်။

ဇူလိုင်လလယ်ပိုင်း မက္ကဆီကိုနိုင်ငံ ဧရိယာရဲ့ ၄ဝ ရာခိုင်နှုန်းကျော်ဟာ အလယ်အလတ်မှ အလွန်အမင်းအဆင့်ထိ မိုးခေါင်ခဲ့တယ်လို့ အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့လေးလအတွင်း ပြင်းထန်တဲ့ အပူလှိုင်း ဖြတ်သန်းမှုဒဏ်ကြောင့်လည်း နိုင်ငံအတွင်း အပူရှိန်မြင့်တက်လာခဲ့ရပြီး လူပေါင်း ၂၄၉ ဦးထက်မနည်း သေဆုံးခဲ့ရ ပါတယ်။

(ကမ္ဘာ့) ရာသီဥတု အကျပ်အတည်း အရှိန်မြင့်တက်လာသည်နှင့်အမျှ အပူလှိုင်းနဲ့ မိုးခေါင်ရေရှားမှု ပိုမိုအဖြစ်များ လာပြီး ပိုမိုပြင်းထန်လာမယ်ဆိုတာ သိပ္ပံပညာရှင်များအနေနဲ့ ရှင်းရှင်းလင်းလင်းသိထားပြီးဖြစ်ပါတယ်။

မက္ကဆီကိုအစိုးရကတော့ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလကတည်းက စတင်လုပ်ဆောင်နေခဲ့တဲ့ လက်ရှိ တိမ်တိုက် သန္ဓေပျိုးခြင်း ပရောဂျက်ဟာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိကြောင်း အခိုင်အမာပြောဆိုနေပါတယ်။ ၂ဝ၂၁ ခုနှစ် ခုနှစ်တွင် တ်ိမ်တိုက်သန္ဓေပျိုးခြင်း ပျံသန်းမှုများတွေဟာ မိုးလေဝသခန့်မှန်းချက်များထက် မိုးရွာသွန်းမှု ၄ဝ ရာခိုင်နှုန်း ပိုမိုလာအောင် ဖန်တီးနိုင်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပရော့ဂျက်တစ်ခုလုံး အောင်မြင်တယ်လို့ “စတတ်အပ်_ရီနေးဆန့် ကုမ္ပဏီ" က ပြောပါတယ်။ အဲဒီကုမ္ပဏီဟာ မက္ကဆီကို အစိုးရရဲ့မိုးရွာသွန်းမှု လှုံဆော်ရေးပရော့ဂျက်မှာ ၂ဝ၂ဝ ပြည့်နှစ်တည်းက တာဝန်ယူလုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ သံသယရှိနေဆဲဖြစ်ပါတယ်။ တိမ်တိုက်သန္ဓေပျိုးခြင်းကြောင့် မိုးရွာသွန်းမှု တိုးမြင့်လာကြောင်း ခိုင်မာတဲ့အထောက်အထား မရှိဘူးလို့ မက္ကဆီကိုအမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် တိမ်တိုက်ရူပဗေဒအဖွဲ့မှ ပညာရှင်နှစ်ဦးတို့က မကြာသေးမီ ရေးသားခဲ့ပါတယ်။ မိုးရွာသွန်းမှု အခြေအနေအများစု လို့ပြောနေပေမယ့် တိမ်တိုက်သန္ဓေပျိုးခြင်းကြောင့် မိုးရွာခြင်း ဟုတ်-မဟုတ်ဆိုတာ တကယ့်ကို ကြီးမားတဲ့ မေးခွန်း ထုတ်စရာပါပဲလို့ ပြောပါတယ်။

နည်းပညာဟာ မိုးခေါင်ရေရှားမှုကို သက်သာစေတဲ့ ကိရိယာတစ်ခု မဟုတ်ကြောင်း၊ မိုးခေါင်တဲ့ကာလများမှာ မကြာခဏဆိုသလို တိမ်တိုက်များ မရှိခြင်းကြောင့်ဖြစ်ကြောင်း၊ တိမ် မရှိဘဲ မိုးရွာသွန်းအောင်လုပ်လို့မရဘူးလို့ တိမ်တိုက်ရူပဗေဒအဖွဲ့က ထပ်လောင်းပြောဆိုပါတယ်။ 

အဆိုပါသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို မက္ကဆီကို စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက တုံ့ပြန်ခြင်းမရှိပါဘူး၊ 

စတတ်အပ် ရီနေးဆန့် ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူကတော့ တိမ်တိုက်သန္ဓေပျိုးခြင်းအပေါ် ဝေဖန်သူတွေဟာ ဘိုးတော်ဘုရားခေတ်က နည်းပညာဟောင်းကြီးတွေကို အခြေခံပြီး ပြောနေကြတယ်လို့ မှတ်ချက်ပေးပါတယ်။ သူတို့ကုမ္ပဏီရဲ့နည်းပညာဟာ လေယာဉ်အသုံးပြုပြီး လေထုအတွင်း ငွေ_အိုင်အိုဒိုက်အမှုန်များ ပက်ဖြန်းခြင်းဖြစ် ကြောင်း အဲဒီအမှုန်များကို အမြောက်ကျည်ထဲ ထည့်သွင်းပြီး ပစ်လွှတ်ဖောက်ခွဲတဲ့ နည်းပညာဟောင်းထက် ပိုမို ထိရောက်တယ်လို့လည်း ပြောပါတယ်။

တိမ်တိုက်သန္ဓေပျိုးခြင်းဟာ သူပြောသလို ဖြစ်နိုင်ကြောင်း တိမ်တိုက်ရူပဗေဒအဖွဲ့မှ ပညာရှင်တို့ကလည်း ယုံကြည် ပါတယ်။ အမေရိကန်အနောက်ပိုင်း ဝိုမင်းနဲ့ အိုင်ဒါဟို အပါအဝင် တောင်တန်းထူထပ်ရာ ပြည်နယ်များအတွက် ဆီးနှင်းအိတ်များ ဖန်တီးတဲ့ ဝါရှင်တန်စီမံကိန်းများမှာ အောင်မြင်မှုအချို့ တွေ့ရှိရကြောင်း ဒါပေမယ့် မက္ကဆီကိုရဲ့ ဖြစ်ရပ်မှာ သုတေသနပြုဖို့ အချက်အလက်အတော်များများ လိုအပ်နေသေးတယ်လို့ တုံ့ပြန်ပါတယ်။

ငွေအိုင်အိုဒိုက်ဟာ အင်အော်ဂဲနစ်ဒြပ်ပေါင်းဖြစ်ပြီး ငွေသတ္တုပါဝင်တဲ့အတွက် စျေးနှုန်းကြီးမြင့်ပါတယ်။ ရေအရင်း အမြစ်ကို ကာကွယ်ရာမှာ ပိုမိုစျေးသက်သာပြီး ယခုထက် အဆင့်မြင့်တဲ့နည်းလမ်းများကို ရှာဖွေဖို့ ကျွမ်းကျင်သူ အချို့က တောင်းဆိုထားပါတယ်။ 

#တိမ်တိုက်သန္ဓေပျိုးခြင်းနည်းပညာ #မက္ကဆီကိုနိုင်ငံ #မိုးခေါင်ရေရှားခြင်း #ငွေအိုင်အိုဒိုက်

(CNN., 02 August 2023,” Drought-stricken Mexico is turning to a controversial technology to make it rain” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်ဒေါ်လာဈေးမတည်ငြိမ်သဖြင့် စက်သုံးဆီဈေးအတက်အကျ မြန်ဆန်နေ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved