ရုရှားဟက်ကာတွေ အီတလီဘဏ်ဝက်ဘ်ဆိုဒ်တွေကို တိုက်ခိုက်ခဲ့ကြောင်း အီတလီဆိုက်ဘာလုံခြုံရေးအေဂျင်စီပြော
ရောင်နီ (NSS) - ဩဂုတ် ၃
အီတလီနိုင်ငံမှာ အင်္ဂါနေ့ (သြဂုတ်လ ၁ ရက်) က အနည်းဆုံး ဘဏ်ငါးခုရဲ့ဝက်ဘ်ဆိုဒ်တွေမှာ ဟက်ကာတွေရဲ့ တိုက်ခိုက်မှုတွေ တွေ့ရှိခဲ့ရကြောင်း အီတလီဆိုက်ဘာလုံခြုံရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။
Intesa Sanpaolo၊ Monte dei Paschi di Siena ၊ BPER Banca၊ FinecoBank ၊ Banca Popolare di Sondrio ဘဏ်တွေကို ဟက်ကာတွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အေဂျင်စီပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြော ကြားခဲ့ပါတယ်။ ဒါဟာ "နိုင်ငံတော်အဖွဲ့အစည်းဆိုင်ရာတွေကို ဆန့်ကျင်တဲ့ ရုရှားလိုလားတဲ့အုပ်စုတွေရဲ့ Distributed Denial of Service (DDoS) တိုက်ခိုက်ရေးလှုပ်ရှားမှုတွေကို ပြန်အသက်သွင်းခဲ့ခြင်းဖြစ်တယ်" လို့ အေဂျင်စီက ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
DDoS တိုက်ခိုက်မှုမှာ ဟက်ကာတွေက နက်ဝေါ့ကွန်ရက်တခုလုံး ရပ်တန့်နေစေဖို့အတွက် များပြားလှတဲ့ ဒေတာ စီးဆင်းမှုတွေကို ဟက်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတဲ့ဘဏ်တွေထဲက တစ်ခုက သူတို့ရဲ့ ဝက်ဘ်ဆိုက်ဟာ တိုက်ခိုက်မှုကြောင့် ပျက်သွားခဲ့ပြီး အချိန်အနည်းငယ်ကြာမြင့်ပြီးနောက် ပြန်ရခဲ့ပေမယ့် မိုဘိုင်းအပ်ပ်ကနေ အသုံးပြုသူတွေ ဝင်ရောက်ခြင်းကို ခဏဆိုင်းငံ့ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်မှုကို ရုရှားဟက်ကာအဖွဲ့ Noname057(16) အဖွဲ့မှ ပြုလုပ်တယ်လို့ ယူဆရပြီး တိုက်ခိုက်ခံခဲ့ရတဲ့ ကုမ္ပဏီတွေကို အကူအညီတွေ အမြန်ပေးနိုင်ခဲ့တယ်လို့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေ့စဉ် ၃ ကီလိုမီတာကိုလမ်းလျှောက်သွားပြီး နဝမတန်းကို တက်ရောက်နေတဲ့ အဘိုးအို
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ