ကိုရီးယားနိုင်ငံသို့ ဇူလိုင်လအတွင်း မြန်မာလုပ်သား (၁ဝဝဝ)ကျော် စေလွှတ်ခဲ့
NSS - ဩဂုတ် ၂
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် ဇူလိုင်လအတွင်း ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား (၁ဝဝဝ)ကျော် စေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံး၏ သတင်းအချက် အလက်များ အရသိရသည်။
ကိုရီးယားနိုင်ငံသို့ အဆိုပါလုပ်သားများကို EPS စနစ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ပြီး စေလွှတ်ခဲ့သည့် လုပ်သားများတွင် Regular ကုန်ထုတ်လုပ်သား၊ Regular စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်သား၊ ကုန်ထုတ်လုပ်သားသစ်၊ စိုက်မွေးလုပ်သားသစ်၊ ဆောက်လုပ်ရေးလုပ်သားသစ်တို့ ပါဝင်ကြောင်း သိရသည်။
လုပ်သား(၁ဝဝဝ)ကျော်ကို ဇူလိုင်လအတွင်း (၇)ကြိမ်ခွဲ၍ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး တစ်ကြိမ်လျှင် လုပ်သား (၁၅ဝ)နီးပါးစေလွှတ်ခဲ့ကြောင်း သိရသည်။
စေလွှတ်ခဲ့သည့် လုပ်သားများတွင် Regular ကုန်ထုတ်လုပ်သား ၃၈၇ ဦး၊ Regular စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား ၆၁ ဦး၊ ကုန်ထုတ်လုပ်သားသစ် ၅၁၃ ဦး၊ စိုက်မွေးလုပ်သားသစ် ၇၉ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၉ ဦး စုစုပေါင်း (၁ဝ၄၉)ဦးတို့ပါဝင်ကြောင်း သိရသည်။
ပြည်တွင်းမှ စေလွှတ်သည့် မြန်မာလုပ်သားများ ကိုရီးယားလေဆိပ်သို့ ရောက်ရှိချိန်တွင်လည်း မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမား သံအရာရှိက ကြိုဆိုပြီး အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို အသိပေးပြောကြားခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် EPS-TOPIK စာမေးပွဲကို ဖြေဆိုရပြီး ဖြေဆိုအောင်မြင်ပြီးသူတိုင်းသည် အမှတ်ပေးစည်းမျဉ်းနှင့် ကိုက်ညီသည့် လုပ်ငန်းခွင်များ၌ လုပ်ကိုင်ခွင့် ရရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံ ပါဝင်ခြင်းမရှိတဲ့ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ကြောင်း မက္ကဆီကိုသမ္မတပြော
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ