Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းမြင့်တို့အပေါ် ထောင်ဒဏ်လျှော့ပေါ့ပေးမှုနှင့်အတူ အကျဥ်းသား (၇၀၀၀)ကျော်ကို နစက လွတ်ငြိမ်းခွင့်ပေး

မျိုးကြီး (NP News)- သြဂုတ် ၁

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် ထောင်ဒဏ်လျှော့ပေါ့ပေးမှုနှင့်အတူ အကျဥ်းသား (၇၀၀၀)ကျော်ကို နစကမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။


ယနေ့ (သြဂုတ်လ ၁ ရက်)၊ ဒုတိယ ဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ်အဖြစ် နစကမှ အထက်ပါကဲ့သို့ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ခြင်းဖြစ်သည်။

အကျဥ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား (၇၇၄၉)ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသွားမည်ဖြစ်ကြောင်း နစက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ပြောသည်။

ထို့ပြင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့အပေါ်တွင်လည်း ထောင်ဒဏ်ပြစ်ဒဏ်များ လျှော့ပေါ့ပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

"NLD ဥက္ကဋ္ဌဟောင်း၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်းကို ပြစ်ဒဏ်လျှော့ဖို့ရှိပါတယ်။ပြစ်ဒဏ်လျှော့တဲ့နေရာမှာ ကျွန်တော်တို့ တရားစွဲဆိုခဲ့တာက ၅၀၅ နဲ့ တရားစွဲဆိုထားတာရှိတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ပေါ့။ ပြီးတော့ သဘာဝဘေးစီမံ ၂၅ နဲ့ တရားစွဲဆိုထားတာရှိတယ်။ ပြီးရင်တော့ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုထားတာရှိတယ်။ ပြီးတော့ ပို့ကုန်သွင်းကုန်နဲ့ တရားစွဲဆိုထားတာရှိတယ်။ ၆ နှစ် ပြစ်ဒဏ်လျှော့ဖို့ရှိပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယနေ့ ဓမ္မစကြာအခါတော်နေ့၌ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်(၆)နှစ် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သည့်အပြင် သမ္မတဟောင်းဦးဝင်းမြင့်အပေါ်တွင်လည်း ထောင်ဒဏ် (၄)နှစ် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ကြောင်း သိရသည်။

"သမ္မတဟောင်းဦးဝင်းမြင့်ကိုလည်း ကျွန်တော်တို့ ပြစ်ဒဏ်လျှော့တာ ၄ နှစ်ရှိလိမ့်မယ်။ အခုနပြောတဲ့ သဘာဝဘေးစီမံ (၂) နှစ်ရှိမယ်။ ပြီးရင် ၅၀၅ - ခ နဲ့ က (၂)နှစ် ပြစ်ဒဏ်လေးနှစ် လျှော့ဖို့ရှိပါမယ်"ဟု နစကပြောခွင့်ရက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှုပေါင်း(၁၉)မှုဖြင့် တရားစွဲဆိုခံခဲ့ရကာ စုစုပေါင်း ထောင်ဒဏ်(၃၃)ချမှတ်ခံခဲ့ရပြီး လက်ရှိ၌ နစကမှ ထောင် ဒဏ် (၆)နှစ် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သော်လည်း လက်ကျန် ထောင်ဒဏ် (၂၇)နှစ်ကို ဆက် လက်ကျခံရမည်ဖြစ်သည်။

အလားတူ နိုင်ငံတော်သမ္မတဟောင်းဦးဝင်းမြင့်သည်လည်း စုစုပေါင်းထောင်ဒဏ် (၁၂)နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး လက်ရှိတွင် နစကမှ ထောင်ဒဏ်(၄)နှစ် လျှော့ပေါ့ပေးခဲ့သည့် အတွက် လက်ကျန်ထောင်ဒဏ် (၈)နှစ်ကို ဆက်လက်ကျခံရမည်ဖြစ်သည်။

ထို့ပြင် နစကသည် ယနေ့တွင်လည်း ဓမ္မစကြာအခါတော်နေ့အထိမ်းအမှတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုကာ အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် တိုင်းသားလက်နက်ကိုင်အဖွဲ့ဝင်(၂၂)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။

၎င်းကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သော လက်နက်ကိုင်အဖွဲ့ဝင်များထဲတွင် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA မှ အဖွဲ့ဝင်အများဆုံးဖြစ်ပြီး ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ အဖွဲ့ဝင်များလည်း ပါဝင်ကြောင်း သိရသည်။

ဆက်လက်ပြီး တရားရုံးအသီးသီး၌ တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များနှင့်ဆက်စပ်သူ (၇၂)ဦးကိုလည်း နစကအနေဖြင့် အမှုများကို ပိတ်သိမ်းကာ ပြန် လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်း သား/အကျဉ်းသူ (၁၂၅)ဦးကိုလည်း စည်းကမ်းသတ်မှတ်ချက်များဖြင့် နစကမှ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ကြောင်း ထပ်မံသိရှိရသည်။

ထို့ပြင် ယနေ့တွင်လည်း နစကအနေဖြင့် ထောင်အသီးသီး၌ သေဒဏ်ချမှတ်ခြင်းခံထားရသည့် အကျဉ်းသား/သူများအနက် ပြစ်ဒဏ်လျှော့ပေါ့သင့်သူများကို သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုကာ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေရန် လျှော့ပေါ့ပေးခဲ့ကြောင်း သိရသည်။

                            

ပုံစာ - ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် အင်းစိန်အကျဉ်းထောင်ရှေ့လာရောက်စောင့်ဆိုင်းကြသူများ

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ရေကြီးမှုထဲ ပိတ်မိနေသူများကို စစ်ဘက်သုံးရဟတ်ယာဉ်များနဲ့ အစားစာများ ပေးဝေနေရ

RELATED POSTS
RECENT POSTS
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved