Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
(၆)လတာကာလအတွင်း ရဟန်းသံဃာနှင့် သီလရှင်များ အပါအဝင် နိုင်ငံ့ဝန်ထမ်းနှင့်ပြည်သူ (၈၀၀) ကျော် သေဆုံးထားဟုဆို

NSS - သြဂုတ် ၁

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှ စတင်၍ (၆)လတာကာလအတွင်း အကြမ်းဖက်များ၏ သတ်ဖြတ်မှုကြောင့် ရဟန်းသံဃာနှင့် သီလရှင်များ အပါအဝင် နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူ စုစုပေါင်း (၈၀၀)ကျော် သေဆုံးထားကြောင်း နစကမှ အသိပေးထားသည်။


နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ(၃၁)ရက်တွင် နစက ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၃)တွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိကာလတွင် CRPH၊ NUG နှင့် PDF အပါအဝင် အချို့သော EAO အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် လိုအပ်သည့်စစ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ပြီး အခြားနယ်မြေများတွင်လည်း နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးမှုရရှိစေ‌ရေးကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။

အကြမ်းဖက်များ၏ သတ်ဖြတ်မှုကြောင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှ ဇူလိုင်လ(၃၀)ရက်အထိ ရဟန်းသံဃာနှင့် သီလရှင်လေးပါး၊ အပြစ်မဲ့ပြည်သူ (၇၇၂)ဦး နှင့် နိုင်ငံ့ဝန်ထမ်း(၂၈)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးဆိုင်ရာအဆောက်အအုံ တစ်လုံး၊ ဘာသာရေးဆိုင်ရာအဆောက်အအုံ(၁၁)လုံး၊ လူနေအိမ်အဆောက်အအုံ(၇၆)လုံး၊ လမ်းတံတားနှင့် တိုးဂိတ်အဆောက်အအုံ စုစုပေါင်း(၉၄)ခု၊ လျှပ်စစ်နှင့်ဆက်သွယ်ရေးတာဝါတိုင်(၂၆)ခု အပါအဝင် အခြားအဆောက်အအုံများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း နစကဥက္ကဋ္ဌမှ ပြောသည်။

အလားတူ ပြည်သူများ၏ လျှို့ဝှက်စွာပူးပေါင်းမှု၊ သတင်းပေးမှုများအရ (၆)လတာကာလအတွင်း လက်နက်မျိုးစုံ (၁၈၇၉၂)လက်၊ ကျည်မျိုးစုံ (၁၄၂၃၂၂၄)တောင့်၊ ခဲယမ်းမျိုးစုံ (၄၅၈၆၅)လုံး သိမ်းဆည်းရမိထားကြောင်း သိရသည်။

နိုင်ငံတော်အား အရေးပေါ်ကာလအဖြစ်(၆)လ ထပ်မံသတ်မှတ်ထားသည် ယမန်နေ့(ဇူလိုင်လ ၃၁ ရက်) တွင် ပြည့်မြောက်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေသည် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် နိုင်ငံတော်အရေးပေါ်ကာလကို ယနေ့ (သြဂုတ်လ ၁ ရက်) မှစ၍ နောက်ထပ် (၆)လ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းမြင့်တို့အပေါ် နစကဘက်က ဖြေလျော့မှု စတင်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved