မိုနာကိုနောက်တန်းကစားသမား အက်ဇဲဒိုင်ဆာဆီကိုခေါ်ယူရန် ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရရှိခဲ့တဲ့ ချဲလ်ဆီး
Pika (NSS) - ဇူလိုင် ၃၁
ချဲလ်ဆီးအသင်းသည် မိုနာကိုအသင်းနောက်တန်းကစားသမားအက်ဇဲဒိုင်ဆာဆီကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး ယူရို(၄၅)သန်းဖြင့် သဘောတူညီမှုရရှိပြီးနောက် အက်ဇဲဒိုင်ဆာဆီသည် ချဲလ်ဆီးအသင်းသို့ အပြီးသတ် ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
ချဲလ်ဆီးအသင်း နောက်တန်းကစားသမား ဖိုဖာနာသည် အရွတ်ဒဏ်ရာရှိခဲ့ခြင်းကြောင့် လပေါင်းများစွာကြာ အနားယူခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ပြီးခဲ့သည့်ရာသီတွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သော မိုနာကို ကစားသမား အသက်(၂၅)နှစ်အရွယ် အက်ဇဲဒိုင်ဆာဆီသည် ချဲလ်ဆီးအသင်းအတွက် အရေးကြီးသော ခေါ်ယူမှု တစ်ခုဖြစ်ကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။
မိုနာကိုအသင်း နှင့် ချဲလ်ဆီးအသင်းတို့သည် အက်ဇဲဒိုင်ဆာဆီအပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးကို ယူရို (၄၅) သန်းဖြင့် သဘောတူညီမှုရရှိပြီးနောက် ချဲလ်ဆီးအသင်းသည် အပြောင်းအရွှေ့အတွက် သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ Levi Colwill နှင့် Malo Gusto တို့ ကဲ့သို့သော ကစားသမား များ ပြန်လည်ရောက်ရှိလာမှုတို့နှင့်အတူ ချဲလ်ဆီးအသင်းသည် RB လိုက်ပ်ဇစ်အသင်းကစားသမား Christopher Nkunku ကို ပြောင်းရွှေ့ကြေးပေါင် (၅၃)သန်းဖြင့် ခေါ်ယူမှုအပါအဝင် အပြီးသတ်ခေါ်ယူမှု(၃)ခုကို လုပ်ဆောင် ထားပြီး ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၃၁ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ သတင်းထူးများ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း