အတ္တလန်တာတိုက်စစ်မှူးကို ပြောင်းရွှေ့ကြေး ပေါင်(၇၂)သန်းဖြင့် ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိခဲ့
Pika (NSS) - ဇူလိုင် ၃ဝ
မန်ယူအသင်းသည် အတ္တလန်တာအသင်းတိုက်စစ်မှူး ရက်စ်မွတ်စ်ဟွန်လွန်းကို ငါးနှစ်သက်တမ်းရှိ သဘောတူစာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း ဗြိတိန်မီဒီယာများ က ဖော်ပြခဲ့သည်။
သဘောတူညီမှုစာချုပ်ထဲတွင် ရက်စ်မွတ်စ်ဟွန်လွန်း၏ ခြေစွမ်းနှင့် ကစားနိုင်စွမ်း အပေါ်မူတည်ပြီး နောက်ထပ် တစ်နှစ် ထပ်မံသက်တမ်းတိုးခွင့်ကိုလည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။ ရက်စ်မွတ်စ်ဟွန်လွန်းသည် မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်(၇၂)သန်းဖြင့် ပြောင်းရွှေ့မည်ဖြစ်ပြီး မန်ယူအသင်းသမိုင်းတစ်လျှောက် ခေါ်ယူခဲ့သော ကစားသမားများထဲတွင် ပြောင်းရွှေ့ကြေး အမြင့်ဆုံးခြောက်ဦးမြောက် ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်၊၊
ကိုပင်ဟေဂင် နှင့် စထရမ်ဂရက်ဇ်အသင်းတို့တွင် ယခင်ကကစားခဲ့သော ရက်စ်မွတ်စ်ဟွန်လွန်းသည် ၂ဝ၂၂ ခုနှစ် တွင် အတ္တလန်တာအသင်းသို့ စတင်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး လိဂ်ပွဲစဉ်များတွင် (၉)ဂိုးသွင်း ယူနိုင်ခဲ့ကြောင်း သိရသည်။ မန်ယူအသင်းသည် လက်ရှိနွေရာသီတွင် အင်တာမီလန်အသင်း ဂိုးသမားအန်ဒရေအိုနာနာ နှင့် ချဲလ်ဆီး အသင်းကွင်းလယ်ကစားသမား မေဆွန်မောင့်တို့ကိုခေါ်ယူခဲ့ပြီးနောက် ရက်စ်မွတ်စ်ဟွန်လွန်းသည် မန်ယူအသင်း ၏ တတိယအကြိမ်မြောက်ခေါ်ယူမှုတစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နံပါတ်(၃)နေရာမှာ ရပ်တည်နေနိုင်ခဲ့သလို ခါရာဘောင်ဆုဖလားကိုလည်းဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မဏိပူရပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံသားများကို Biometrics အချက်အလက် ကောက်ယူမည်
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း