Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂၀၀၆ ခုနှစ် ဧပြီလမတိုင်မီ နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့သော သမ္မတ/ဥက္ကဋ္ဌတို့၏ နိုင်ငံရေးလစဉ်ပင်စင်ကို (၁၅) သိန်းအဖြစ် ပြင်ဆင်သတ်မှတ်

မျိုးကြီး (NSS) - ဇူလိုင် ၂၉

၂၀၀၆ ခုနှစ် ဧပြီလမတိုင်မီ နိုင်ငံရေးတာဝန်ကြီးများကို ထမ်းဆောင်ခဲ့သော နိုင်ငံတော်သမ္မတ/ဥက္ကဋ္ဌတို့၏ နိုင်ငံရေးလစဉ် ပင်စင်ကို (၁၅)သိန်းအဖြစ် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း အစိုးရအဖွဲ့၏ သတင်းအချက်အလက်များအရ သိရသည်။


အစိုးရအဖွဲ့၏ သဘောတူညီချက်အရ ၂၀၀၆ ခုနှစ်၊ ဧပြီလ ၁ ရက်မတိုင်မီအထိ နိုင်ငံရေးတာဝန်ကြီးများကို ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည့် ပုဂ္ဂိုလ်ကြီးများနှင့် ကျန်ရစ်သူဇနီး/ခင်ပွန်းတို့၏ နိုင်ငံရေးလစဉ်ပင်စင်ကို ၂၀၂၃ ခုနှစ် ဧပြီလတွင် ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်ကောင်စီ/ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့/ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်တို့၌ နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့သော ဥက္ကဋ္ဌ/နိုင်ငံတော်သမ္မတတို့၏ နိုင်ငံရေးပင်စင်လစာကို ၎င်းတို့ ကိုယ်တိုင်ရယူပါက ငွေကျပ် (၁၅)သိန်းနှင့် မိသားစုမှ ရယူပါက (၁၁၂၅၀၀၀)ကျပ်အဖြစ်သို့ ပြင်ဆင်သတ်မှတ်လိုက်သည်။

အလားတူ ဒုတိယဥက္ကဋ္ဌ/ ဒုတိယသမ္မတ တာဝန်များကို ထမ်းဆောင်ခဲ့သူများ၏ နိုင်ငံရေးလစဉ်ပင်စင်ကိုလည်း ကိုယ်တိုင်ရယူပါက (၁၂)သိန်းနှင့် မိသားစုမှ ရယူပါက (၉)သိန်းအဖြစ်သို့ ပြင်ဆင်သတ်မှတ်ခဲ့ပြီး အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကိုလည်း နိုင်ငံရေးလစဉ်ပင်စင် ပေးအပ်ထားသည်။

ထို့ပြင် ၂၀၀၆ ခုနှစ်၊ ဧပြီလ (၁)ရက်မတိုင်မီအထိ အစိုးရအဖွဲ့များတွင် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ၏ နိုင်ငံရေးလစဉ် ပင်စင်ကို ကိုယ်တိုင်ရယူပါက ကျပ်(၁၀)သိန်းနှင့် မိသားစုမှရယူပါက ငွေကျပ် (၇၅၀၀၀၀)အဖြစ်သို့ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သိရသည်။

ယင်းအစိုးရအဖွဲ့များတွင် ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများ၏ နိုင်ငံရေး လစဉ်ပင်စင်နှုန်းထားများကိုလည်း အသီးသီးအလိုက် ပြင်ဆင်သတ်မှတ်ထားသည်။

ဆက်လက်ပြီး ပြည်နယ်/တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်၊ ဒုတရားသူကြီးချုပ်/တရားသူကြီးအဖွဲ့ဝင်၊ ရှေ့နေချုပ်၊ ဒုရှေ့နေချုပ်၊ စာရင်း စစ်ချုပ်၊ ဒုစာရင်းစစ်ချုပ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်၊ ရန်ကုန်မြို့တော်ဝန်နှင့် မန္တလေးမြို့တော်ဝန်တို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများ၏ နိုင်ငံရေးလစဉ်ပင်စင်များကိုလည်း ပြင်ဆင်သတ်မှတ်ထားသည်။

အထက်ပါကဲ့သို့ ပြင်ဆင်သတ်မှတ်လိုက်သည့် နိုင်ငံရေးလစဉ်ပင်စင်များကို သက်ဆိုင်သူ၊ မိသားစုဝင်များအား ယခု ၂၀၂၃ ခုနှစ် ဧပြီလမှစတင်ကာ ပေးအပ်လျက်ရှိကြောင်းသိရပြီး ယင်းပင်စင်အပေါ်တွင်လည်း ဝင်ငွေခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

နိုင်ငံရေးပင်စင်ဥပဒေသည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါဝင်ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့မှစ၍ နိုင်ငံရေးတာဝန်ကြီးများကို ထမ်းဆောင်းပြီး တာဝန်မှ အနားယူသည့်အချိန်တွင် နိုင်ငံရေးပင်စင်ပေးအပ်ရန်အတွက် ၁၉၈၀ ပြည့်နှစ်တွင် အာဏာတည်ခဲ့သော ဥပဒေတစ်ရပ်လည်း ဖြစ်သည်။

၎င်းဥပဒေ၌ နိုင်ငံရေးလစဉ်ပင်စင် ခံစားခွင့်အား အမြင့်ဆုံး ငွေ(၂၀၀၀)ကျပ်အဖြစ် သတ်မှတ်ထားသည်ကိုတွေ့ရှိရပြီး နောက်အစိုးရအဆက်ဆက်လက်ထက်တွင်လည်း နိုင်ငံရေးပင်စင်ဥပဒေအား ပြင်ဆင်ပြဋ္ဌာန်းမှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာဏာသိမ်းယူခဲ့သော စစ်ခေါင်းဆောင်က နိုင်ဂျာသမ္မတရာထူးကို ရယူ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved