အာဏာသိမ်းယူခဲ့သော စစ်ခေါင်းဆောင်က နိုင်ဂျာသမ္မတရာထူးကို ရယူ
Pika (NSS) - ဇူလိုင် ၂၉
နိုင်ဂျာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော သမ္မတ မိုဟာမက်ဘာဇွန်ကို ဖြုတ်ချခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီး Abdourahamane Tiani က ၎င်းသည် နိုင်ငံသမ္မတသစ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
Omar Tchiani ဟုလည်းသိကြသော Abdourahamane က ၎င်းသည် အသစ်ဖွဲ့စည်းထားသော စစ်ကောင်စီ၊ နိုင်ငံကို ကာကွယ်စောင့်ရှောက်ရေး အမျိုးသားကောင်စီတို့၏ ဥက္ကဋ္ဌဖြစ်ပြီး အာဏာသိမ်းမှုသည် နိုင်ငံလုံခြုံရေးကို ကာကွယ်ရန်ဖြစ်ကြောင်းပြောကြားခဲ့သည်။ သမ္မတမိုဟာမက်ဘာဇွန်သည် ဇူလိုင်လ(၂၆)ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာထိပ်တန်းအရာရှိများသည် ၎င်းကို သမ္မတရာထူးမှဖယ်ရှားကာ အာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် စစ်တပ်သည် နိုင်ငံအင်စတီကျူးရှင်းအားလုံးကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။ အာဏာ သိမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းများက ပြစ်တင်ရှုတ်ချခဲ့ပြီး ပြင်သစ်သမ္မတမက်ခရွန်သည် အနောက်အာဖရိက ဒေသဆိုင်ရာ အစုအဖွဲ့ (ECOWAS)နှင့်အတူ သမ္မတမိုဟာမက်ဘာဇွန်ကို လွှတ်ပေးရန် နိုင်ဂျာစစ်တပ်ကို တောင်းဆိုခဲ့ကြောင်းသိရသည်။ မိုဟာမက်ဘာဇွန်သည် နိုင်ငံတွင်းလိုအပ်သော ပြုပြင်ပြောင်း လဲမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်နေသည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အာဏာသိမ်းယူရန် လုပ်ဆောင်ခဲ့သူများအားလုံးကို ပိတ်ဆို့အရေးယူမှုများချမှတ်ရာတွင် ဒေသတွင်းအင်အားကြီးနိုင်ငံများကို ပြင်သစ်နိုင်ငံက ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။
(၂၀၁၁)ခုနှစ်တည်းက သမ္မတအစောင့်တပ်ကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး Abdourahamane Tiani က ၎င်း၏လုပ်ရပ်သည် ဆိုးရွားလာသော လုံခြုံရေးအခြေအနေများကို ထိန်းသိမ်းရန်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအခိုင်အမာပြောဆိုခဲ့သည်။ အစိုးရသည် အကျပ်အတည်းများမှ ပြည်သူများ လွတ်မြောက်နိုင်မည့် နည်းလမ်းများကို ပေးနိုင်ခဲ့ခြင်းမျိုးမရှိကြောင်း ၎င်းကဝေဖန်ပြောကြားခဲ့သည်။ နိုင်ဂျာနိုင်ငံသည် နှစ်ပေါင်းများစွာ နိုင်ငံရေးမငြိမ်သက်မှုများ ကြုံတွေ့ခဲ့ရပြီး (၂၀၂၁)ခုနှစ်တွင် ပထမဆုံးဒီမိုကရေစီ အကူးအပြောင်းအဖြစ် မိုဟာမက်ဘာဇွန်သည် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။
နိုင်ဂျာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ (၁၉၆၀)ခုနှစ်နောက်ပိုင်း အာဏာသိမ်းမှု(၅)ကြိမ်ထိရှိခဲ့ကြောင်းသိရသည်။ အာဏာသိမ်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်သည့်လုပ်ရပ်တစ်ခုဖြစ် ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ဝေဖန်ခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန် နှင့် ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ်တို့ကလည်း နိုင်ဂျီးရီးယားစစ်တပ်၏ အာဏာသိမ်းမှုကို လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အုတ်တံတိုင်းပြိုခြင်း နှင့် ဓာတ်တိုင်ကျိုးမှုများ သံဖြူဇရပ်မြို့နယ်တွင် ဖြစ်ပွား
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
18 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ