ဆော်ဒီအာရေးဗျကလပ်သို့ ပေါင်သန်း(၃၀)ဖြင့် ပြောင်းရွှေ့ခဲ့တဲ့ မန်စီးတီးတောင်ပံကစားသမား မာရက်ဇ်
Pika (NSS) - ဇူလိုင် ၂၉
မန်စီးတီးအသင်းတောင်ပံကစားသမား မာရက်ဇ်သည် မန်စီးတီးအသင်းမှ ထွက်ခွါကာ ဆော်ဒီအာရေးဗျကလပ် Al-Ahli သို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း မန်စီးတီးအသင်းတာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။
မာရက်ဇ်သည် Al-Ahli အသင်းနှင့် အပိုဆုကြေးများအပြင် ပေါင်သန်း(၃၀)တန်ဖိုးရှိ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကာ မန်စီးတီးအသင်းမှ ထွက်ခွါသွားပြီဖြစ်ကြောင်းသိရသည်။ မာရက်ဇ်က "ဒီ(၅)နှစ်အတွင်းမှာ အရမ်းကိုကောင်းတဲ့ကစားသမားတွေ၊ ပရိသတ်တွေ၊ အကောင်းဆုံးမန်နေဂျာတွေနဲ့လက်တွဲပြီး ကစားခဲ့ရတာကို မေ့နိုင်မှာမဟုတ်ပါဘူး။ မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အကောင်းဆုံးအမှတ်တရတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ ကစားခဲ့ရတာဟာ ကျွန်တော့်ဘဝအတွက် ပျော်ရွှင်စရာကောင်းပြီး ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တဲ့ အခိုက်အတန့်တစ်ခုပါပဲ"ဟုပြောခဲ့သည်။
မာရက်ဇ်သည် လက်ရှိနွေရာသီအပြောင်းအရွှေ့ကာလတွင် ဆော်ဒီအာရေးဗျကလပ်သို့ ပြောင်းရွှေ့ခဲ့သည့် ကစားသမားများထဲတွင် နောက်ဆုံးကစားသမားတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ မန်စီးတီးအသင်းသည် မာရက်ဇ်နေရာတွင် အစားထိုးရန် ဘာစီလိုနာအသင်းတောင်ပံကစားသမား ရာဖင်ဟာကိုခေါ်ယူရန်အတွက် ချိတ်ဆက်မှုများ ပြုလုပ်နေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုလအတွင်း ဘယ်ဂျီယံနိုင်ငံသို့ ကော်ဖီ တန်ချိန်(၄ဝ)ကျော်တင်ပို့ခဲ့
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း