ငွေကြေးကြောင့် ဆော်ဒီအာရေးဗျကလပ်ကို စီရော်နယ်ဒိုပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း Al-Hilal အသင်းကစားသမားဟောင်း ပြော
Pika (NSS) - ဇူလိုင် ၂၈
ကမ္ဘာကျော်တိုက်စစ်မှူးစီရော်နယ်ဒို၏ ဆော်ဒီအာရေးဗျကလပ်သို့ ပြောင်းရွှေ့ရသည့်အကြောင်းအရင်းမှာ ငွေကြေးကြောင့်ဖြစ်ကြောင်း Al-Hilal အသင်းကစားသမားဟောင်း Odion Ighalo က ထုတ်ဖော်ပြောလိုက်သည်။
Odion Ighalo သည် ပြီးခဲ့သည့်ရာသီတွင် ဆော်ဒီပရိုလိဂ်မှာ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ပြီးခဲ့သည့်ဇူလိုင်လတွင် Al-Hilal အသင်းမှ ထွက်ခွာခဲ့ကာ လက်ရှိအချိန်တွင် အသင်းလက်မဲ့ဖြစ်နေကြောင်း သိရသည်။ Odion Ighalo က ၎င်းသည် လစာရရုံသက်သက်ဖြင့် ၎င်း၏ မိခင်နိုင်ငံသို့ ပြန်လည်ပြောင်းရွှေ့ သွားခဲ့ ခြင်းဖြစ်သလို စီရော်နယ်ဒိုသည်လည်း ငွေကြေးအတွက် ဆော်ဒီအာရေးဗျကလပ်အယ်လ်နာဆာသို့ ပြောင်းရွှေ့ ခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာပြောခဲ့သည်။
Odion Ighalo က "ငယ်ရွယ်တဲ့အချိန်မှာတော့ ဝါသနာပါလို့ ကစားတယ်ဆိုတာမှန်ပါတယ်။ အဲဒီတုန်းက ပိုက်ဆံကို ဂရုမစိုက်ကြပါဘူး။ ဒါပေမယ့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့ပတ်သက်ပြီး အသက်အရွယ်တစ်ခု ရောက်လာတဲ့အချိန်မှာတော့ ပိုက်ဆံနောက်ကိုပဲ လိုက်ကြတာပါ။ ကျွန်တော့်ရဲ့ကစားသမားဘဝကလည်း နောက်ထပ် သုံးနှစ်ထက်မပိုဖူးဆိုတာ သိပါတယ်။ ကျွန်တော် တစ်သက်လုံးဝါသနာပါလို့ ကစားခဲ့ပေမယ့် အခုတော့ ပိုက်ဆံကိုပဲ ကြည့်ရတော့တာပါ။ ဝါသနာပါလို့ အမြဲကစားနေတာလို့ ပြောတဲ့လူတွေထဲမှာ ကျွန်တော် မပါပါဘူး။ နောက်ဆုံးတော့ အဓိကက ပိုက်ဆံပါပဲ။ စီရော်နယ်ဒိုက ဝါသနာအရ ကစားနေသေးတာလား။ စီရော်နယ်ဒိုရဲ့ ချမ်းသာမှုဟာ ကျွန်တော့်တစ်ဘဝလုံးရှာနိုင်တဲ့ ပိုက်ဆံထက် အဆ(၁ဝဝ)ပိုများပေမယ့်လည်း သူက ဆော်ဒီအာရေးဗျ ကို ထပ်သွားခဲ့ပါတယ်။ အဲဒါကို ဝါသနာအရလုပ်တယ်လို့ထင်ကြတာလား။ မဟုတ်ပါဘူး၊၊ အဲဒါက ပိုက်ဆံအတွက်ပါပဲ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၂၈ ရက်အတွင်ဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက ထူးခြားသတင်းများ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း