Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
(၂)နှစ်အတွင်း လဝကရုံး (၉)ရုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း နစက ထုတ်ပြန်

NP News - ဇန်နဝါရီ ၂၁

မြို့နယ်အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံး(၉)ရုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း နစကမှ ထုတ်ပြန်ထားသည်။ နစကမှ ပြီးခဲ့သည့် ဇန်နဝါရီလ(၂ဝ)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၃ ခုနှစ် အထိ (၂)နှစ်ကြာကာလအတွင်း မီးရှို့ဖျက်ဆီးခံရမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် (၂ဝ၂၁)ခုနှစ်အတွင်း အကြမ်းဖက်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ချင်းပြည်နယ်တွင် ဦးစီးမှူးရုံး (၂)ရုံး မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ(၁၄)ရက်၊ ည(၁ဝ)နာရီခွဲအချိန်ခန့်တွင် CDF များ၏ မီးလောင်ဗုံးဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီးမှုကြောင့် ချင်းပြည်နယ်ရှိ ပြည်နယ်ဦးစီးမှူးရုံး မီးလောင်ပျက်စီးခဲ့ကြောင်း နစကမှ ဆိုသည်။

အလားတူ နိုဝင်ဘာလ (၂၃)ရက်၊ ည(၁ဝ)နာရီအချိန်ခန့်တွင် PDF အင်အား (၃ဝဝ)ခန့်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ မြို့နယ်ဦးစီးမှူးရုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂ဝ၂၂ ခုနှစ်အတွင်း မီးရှို့ဖျက်ဆီးခံရမှုများကြောင့် စစ်ကိုင်း အပါအဝင် ချင်းပြည်နယ်ရှိ ဦးစီးမှူးရုံးများ မီး လောင်ပျက်စီးခဲ့ကြောင်း နစကမှဆိုထားသည်။

ဖြစ်စဉ်မှာ ၂ဝ၂၂ ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်၊ည(၉) နာရီခွဲအချိန်ခန့်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ ဦးစီးမှူးရုံးနှင့် ဝန်ထမ်းလိုင်းခန်း နေအိမ်တို့အား CDF များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ အောက်တိုဘာလ(၂၃)ရက်၊ နံနက်(၄)နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ဦးစီးမှူးရုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒီဇင်ဘာလ(၅)ရက်၊ နေ့လည်(၁) နာရီအချိန်တွင်လည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့ရှိ မြို့နယ်ဦးစီးမှူးရုံးအား PDF အင်အား(၂ဝ)ခန့်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစကမှ ဆက်လက်ထုတ်ပြန်ထားသည်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလတစ်လအတွင်း မကွေးနှင့် စစ်ကိုင်းတို့ရှိ ဦးစီးမှူးရုံးများအား PDF များက မီးရှို့ဖျက်ဆီးမှုများကြောင့် ဦးစီးမှူးရုံး(၄)ရုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ(၃)ရက်၊ ည(၉)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဦးစီးမှူးရုံးအတွင်းသို့ အကြမ်း ဖက်သမား(၃)ဦးမှ ခြံစည်းရိုးမှကျော်၍ ဝင်ရောက်ခဲ့ပြီး ရုံးအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း နစကမှဆိုထားသည်။ အလားတူ ဇန်နဝါရီလ(၉)ရက်၊ ည(၈)နာရီခွဲ အချိန်ခန့်တွင် PDF အင်အား(၂ဝ)ဦးခန့်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဦးစီးမှူးရုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ(၁၂)ရက်၊ နံနက်(၁)နာရီခွဲအချိန်ခန့်တွင်လည်း PDF အင်အား (၂ဝ)ဦးခန့်က မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ဦးစီးမှူးရုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပြီး ပြီးခဲ့သည့် ဇန်နဝါရီလ(၁၉)ရက်၊ ည(၇)နာရီ အချိန်တွင်လည်း စစ်ကိုင်းတိုင်း၊ မြို့နယ်ဦးစီးမှူးရုံးအား PDF များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစကမှထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


zawgyi version


NP News - ဇန်နဝါရီ ၂၁









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန် နဲ့ တရုတ်နိုင်ငံကြာတင်းမာမှုတွေကို ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း လျော့ချနိုင်ခဲ့ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved