Apple devices များကို ဘယ်တော့မှ အသုံးမပြုသင့်ကြောင်း၊ရုရှားလွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၂၆
ရုရှားအစိုးရတာဝန်ရှိသူများအနေနဲ့ Apple devices များကို ဘယ်တော့မှ အသုံးမပြုသင့်ကြောင်း၊ ရုရှားအထက်လွှတ်တော်ဥက္ကဋ္ဌ ဗာလန်တီနာဗက်ဗီအမ်ကိုက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Apple devices များကို အသုံးပြုမှုကြောင့် နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့များရဲ့ ထောက်လှမ်းမှုများ ခံရနိုင်ချေ ပိုမို များပြားနေကြောင်း ရုရှားအထက်လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။
၎င်းက "လူတွေဟာ iPhones တွေကို ဘာကြောင့်အသုံးမပြုတော့သလဲဆိုရင် ရှင်းပါတယ်။ အနောက်အုပ်စုနိုင်ငံ တွေဟာ ရည်ရွယ်ထားတဲ့အလုပ်တွေကို လုပ်လို့မရအောင်လုပ်ဆောင်နေတယ်။ Apple devices ကနေ တဆင့် ထောက်လှမ်းခြေရာခံတာမျိုးတွေလည်း ရှိနေတယ်။ နိုင်ငံ နဲ့ ရုရှားနိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိလာနိုင်ချေ ပိုများတယ်" လို့ ပြောပါတယ်။
ရုရှားအစိုးရအေဂျင်စီအချို့က Apple devices တွေကို လူကြိုက်များလာခြင်းအပေါ် စိုးရိမ်မှုများဖြစ်ရကြောင်း၊ Apple devices များ အသုံးပြုနေသူများနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို အမေရိကန်ထောက်လှမ်း ရေးအေဂျင်စီအဖွဲ့ ရရှိအောင်လုပ်ဆောင်ပေးနေသလိုမျိုး ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။
ရုရှားထောက်လှမ်းရေးအဖွဲ့ FSB က အမေရိကန်ပြည်ပထောက်လှမ်းရေးအဖွဲ့ CIA ဟာ Apple devices သုံးစွဲနေ သူများကို လျှို့ဝှက်ထောက်လှမ်းနိုင်ဖို့ iPhones ထောင်ချီမှာ malware များ ထည့်သွင်းခဲ့ကြောင်း ပြီးခဲ့တဲ့လက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ရုရှားထောက်လှမ်းရေးအဖွဲ့က "ရုရှားနဲ့ နိုင်ငံခြားသံတမန်တွေကို ပစ်မှတ်ထားလုပ်ဆောင်တာမျိုးပါ။ Apple ဟာ အမေရိကန်အစိုးရ အကျိုးစီးပွားနဲ့ အမေရိကန်ထောက်လှမ်းရေးဝန်ဆောင်မှုတွေကို ကျယ်ပြန်တဲ့အခွင့်အရေးတွေ၊ အချက်အလက်တွေရအောင် လုပ်ဆောင်ပေးနေတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှပ်စစ်ကားများကို Pre Order ဖြင့် ရောင်းချခြင်း နှင့် အမြတ် ၂၀ ရာခိုင်နှုန်းထက် ဈေးတင်ရောင်းချနေသော ကုမ္ပဏီများကို အရေးယူမည်
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ