ဖြူထိုင်းပါတီကို အစိုးရအသစ်အမြန်ဆုံးဖွဲ့စည်းနိုင်အောင် ကြိုးပမ်းဖို့ ရှပ်နီအုပ်စုဝင်များ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၂၆
ထိုင်းရွေးကောက်ပွဲမှာ မဲဒုတိယအများဆုံး ရရှိခဲ့တဲ့ ဖြူထိုင်းပါတီကို အားပေးထောက်ခံသူများက ဖြူထိုင်းပါတီကို အစိုးရအသစ် အမြန်ဆုံးဖွဲ့စည်းနိုင်အောင်ကြိုးပမ်းဖို့အပြင် ညွှန်ပေါင်းအစိုးရဖွဲ့စည်းနိုင်အောင် ရှေ့သို့ချီပါတီ အပါအဝင် အခြားနိုင်ငံရေးပါတီ ၇ ပါတီ နဲ့ ရရှိထားတဲ့ကတိတွေကို ဖျက်သိမ်းပစ်ဖို့ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။
ဖြူထိုင်းပါတီကို အားပေးထောက်ခံသူတွေဟာ အစိုးရအသစ်ဖွဲ့စည်းပုံရုန်းကန်နေရတဲ့ ဖြူထိုင်းပါတီရုံးချုပ်ကို လာရောက်ခဲ့ပြီး အားပေးထောက်ခံမှုကိုပြသခဲ့ကာ အစိုးရအသစ်အမြန်ဆုံးဖွဲ့စည်းနိုင်အောင်ကြိုးပမ်းဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဖြူထိုင်းပါတီကို အားပေးတဲ့ ရှပ်နီအုပ်စုဝင်များက Chatchawal Kanchanahut and Jutipong Phummul ကအစိုးရအသစ် လျင်မြန်စွာ မဖွဲ့စည်းနိုင်တဲ့အတွက် နိုင်ငံစီးပွားရေး ထိခိုက်နစ်နာကြောင်း၊ နိုင်ငံရဲ့အခက်အခဲတွေ ကိုဖြေရှင်းရမယ့်လုပ်ငန်းတွေကို အလျင်မြန်လုပ်ကိုင်နိုင်ခြင်းမရှိကြောင်း ပြောခဲ့ပါတယ်။ အစိုးရအသစ် ဖွဲ့စည်းရေး ကို အချိန်အကြာကြီးမစောင့်ဆိုင်းလိုကြောင်း၊ အစိုးရအသစ်မဖွဲ့စည်းနိုင်တဲ့အတွက် ပြည်သူတွေဟာ လက်ရှိအချိန် မှာ အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရပြီး၊ ချက်ချင်းလုပ်ဆောင်ရမယ့်ကိစ္စတွေကို မလုပ်ဆောင်နိုင်ကြောင်း ရှပ်နီအုပ်စု ဝင်တွေက ပြောပါတယ်။
ဖြူထိုင်းပါတီဟာ ရှေ့သို့ချီပါတီအပါအဝင် အခြားအနိုင်ရပါတီ ၇ ပါတီ နဲ့ ညွှန့်ပေါင်းအဖွဲ့ ဖွဲ့စည်းထားပါတယ်။ ရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့တဲ့ ရှေ့သို့ချီပါတီက ရွေးချယ်တဲ့ ဝန်ကြီးချုပ်လောင်းကို လွှတ်တော်က ငြင်းဆန်ပယ်ချခဲ့တဲ့အတွက် မဲဒုတိယအများဆုံးရရှိတဲ့ ဖြူထိုင်းပါတီက ဝန်ကြီးချုပ်ရွေးချယ်ခွင့် ရရှိထားပါတယ်။
ရှေ့သို့ချီပါတီကို အားပေးထောက်ခံသူတွေကတော့ ဝန်ကြီးချုပ်အသစ်ရွေးချယ်ရေးက အနည်းဆုံး ၁ဝ လခန့်ကြာ မြင့်နိုင်ကြောင်း ပြောထားပါတယ်။ ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ဇူလိုင် ၂၇ ရက်မှာပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်းကို ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ က သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖမ်းဝရမ်းထုတ်ခံထားရသော ထိုင်းနိုင်ငံသား တရားခံပြေးကို ထိုင်းအာဏာပိုင်များထံ မြန်မာအစိုးရတာဝန်ရှိသူများ ပြန်လည်လွှဲပြောင်းပေး
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ