Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နေတိုးဝင်ရောက်ခွင့် ရရှိလိုလျှင် ဆွီဒင်နှင့် ဖင်လန်တို့က အကြမ်းဖက်သမား (၁၃ဝ) ခန့်အထိ တူရကီသို့ လွှဲပြောင်းပေးအပ်ရမည်ဟု အာဒိုဂန်ပြောဆို

Htay Oung (NP News) - ဇန်နဝါရီ ၁၇

ဆွီဒင်၊ ဖင်လန်တို့အနေနဲ့ နေတိုးစစ်စာချုပ်အဖွဲ့ကို ဝင်ရောက်လိုလျှင် အန်ကာရာ ပါလီမန်က ဆုံးဖြတ်ချက်အတည်ပြုခြင်းမတိုင်မီ (၎င်းတို့ လက်ခံထားတဲ့) အကြမ်းဖက်သမား ၁၃ဝ ခန့်ထိ ပြည်နှင်ဒဏ်ပေး သို့မဟုတ် တူရကီနိုင်ငံထံ လွှဲပြောင်း ပေးအပ်ရမှာဖြစ်ကြောင်း သမ္မတ တေရစ်အာဒိုဂန်က ပြောဆိုတယ်လို့ Reuters က ယနေ့ (ဇန်နဝါရီလ ၁၇ ရက်)မှာ ရေးသားပါတယ်။

လွန်ခဲ့တဲ့နှစ် ဆွီဒင်နဲ့ ဖင်လန်တို့ဟာ နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ပြီး ရုရှားက ယူကရိန်းကို ကျူး ကျော်တဲ့အခါ ပူးပေါင်းခွင့်ရရှိရေးဟာ နော်ဒစ် နှစ်နိုင်ငံတို့အတွက် အသည်းအသန်ဖြစ်လာပါတယ်။

အဆိုပြုချက်များကို နေတိုးအဖွဲ့ဝင် နိုင်ငံ ၃ဝ စလုံးက ကန့်ကွက်သူ မရှိဖို့ လိုအပ်ပြီး ယခုအချိန်အထိ တူရကီနဲ့ ဟန်ဂေရီတို့က ထောက်ခံခြင်း မရှိသေးပါဘူး။ အထူးသဖြင့် ကာ့ဒ်စစ်သွေးကြွများနဲ့ ၂ဝ၁၆ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းသူတွေဟာ အကြမ်းဖက်သမားများအဖြစ် ဆန့်ကျင်တဲ့ သဘောထားကို ပထမဆုံး ပြတ် ပြတ်သားသားပြသဖို့ လိုအပ်ကြောင်း၊ စတော့ဟုမ်းလ်မှာရောက်ရှိနေတဲ့ အကြမ်း ဖက်သမားများကို လွှဲပြောင်းပေးခြင်း မရှိခဲ့လျှင် နေတိုးဝင်ခွင့်ရရှိဖို့ တူရကီလွှတ် တော်ကလည်း ခွင့်ပြုနိုင်မှာ မဟုတ်ကြောင်း၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ ညီလာခံမှာ ဆွီဒင်ဝန်ကြီးချုပ်နဲ့ ပူးတွဲသတင်းစာရှင်း လင်းပွဲကို ရည်ညွှန်းပြီး သမ္မတ အာဒိုဂန်က ပြောဆိုပါတယ်။

တူရကီ လွှတ်တော်ကို ကျော်ဖြတ်ဖို့အတွက် ပထမဆုံးအနေနဲ့ အဲဒီအကြမ်းဖက်သမား ၁၃ဝ ထဲက အယောက် ၁ဝဝ ကျော်ကို အန်ကာရာထံ လွှဲပြောင်းပေးရလိမ့်မယ်လို့ အာဒိုဂန်က ရှင်းပြပါတယ်။ တူရကီသမ္မတက ယခုလို ပြောဆိုခြင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ် ဆွီဒင်နိုင်ငံ စတော့ဟုမ်းလ်မြို့ ကန့်ကွက်ပွဲတစ်ခုမှာ အာဒိုဂန် ပုံစံတူအရုပ်ငယ်ကို ကြိုးပေးဇောက်ထိုးဆွဲ ဆန္ဒပြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒေါသတကြီး တုန့်ပြန်ခြင်း ဖြစ်ကြောင်း၊ အဲ့ဒါကလွဲပြီး တူရကီမှာ တခြား ဘာအကြောင်းမှ မကြားမိကြောင်း ဖင်လန်နိုင်ငံခြားရေးဝန်ကြီးက ဟဲလ်ဆင်ကီး အခြေစိုက် YLE နိုင်ငံတကာရုပ်သံလွှင့်ဌာနကို မှတ်ချက်ပေးပါတယ်။

စတော့ဟုမ်းလ် အဖြစ်အပျက်ကို တုံ့ပြန်တဲ့အနေဖြင့် ဆွီဒင်နိုင်ငံအစား တနင်္လာနေ့ (ဇန်နဝါရီလ ၁၆ ရက်) တူရကီနိုင်ငံကို လာရောက်မယ့် ဖင်လန်ပါလီမန်ဥက္ကဋ္ဌရဲ့ ခရီးစဉ်ကို အာဒိုဂန်က ဖျက်သိမ်းခဲ့ပါတယ်။ စတော့ဟုမ်းလ်မြို့လယ်မှာ ဆွီဒင်ရောက် ကာ့ဒ်လူမျိုးတစ်စုတို့က အာဒိုဂန် ပုံတူ အရုပ်ငယ်ကို ခြေထောက်မှ ဇောက်ထိုးဆွဲပြီး တူရကီအပေါ် ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ ဒီအတွက် တူရကီက ဆွီဒင်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပါတယ်။ လအတန်ကြာအောင် တူရကီက ဟန့်တားနေတဲ့ ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင် ဖြစ်ရေးမှာလည်း နောက်ထပ် အတားအဆီးတစ်ခု တိုးလာခဲ့ပါတယ်။ တူရကီအနေနဲ့ သူ့နိုင်ငံရဲ့ နေတိုးအဖွဲ့ဝင်ခွင့် အဆိုပြုမှုကို အတည်ပြုရန် သေချာတဲ့ အနေအထားမှာ ရှိနေ ကြောင်း ဆွီဒင်ဝန်ကြီးချုပ်က တနင်္လာနေ့မှာ သီးခြား ပြောပါတယ်။

တူရကီ လွှတ်တော်က နောဒစ်နှစ်နိုင်ငံရဲ့ နေတိုးဝင်ခွင့်ကို အတည်ပြုဖို့ဆိုတာ မေလ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲများ မတိုင်မီ ကိစ္စတွေနဲ့ပဲ အချိန် မရှိတော့ကြောင်း အာဒိုဂန်ရဲ့ ပြောရေး ဆိုခွင့်ရှိသူက စနေနေ့မှာ မှတ်ချက်ပေးပါတယ်။

(Reuters., 17 January 2023,” Sweden, Finland must send up to 130 "terrorists" to Turkey for NATO bid, Erdogan says” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


zawgyi version

ေနတိုးဝင္ေရာက္ခြင့္ ရရွိလိုလွ်င္ ဆြီဒင္ႏွင့္ ဖင္လန္တို႔က အၾကမ္းဖက္သမား (၁၃ဝ) ခန္႔အထိ တူရကီသို႔ လႊဲေျပာင္းေပးအပ္ရမည္ဟု အာဒိုဂန္ေျပာဆို

Htay Oung (NP News) - ဇန္နဝါရီ ၁၇

ဆြီဒင္၊ ဖင္လန္တို႔အေနနဲ႔ ေနတိုးစစ္စာခ်ဳပ္အဖြဲ႕ကို ဝင္ေရာက္လိုလွ်င္ အန္ကာရာ ပါလီမန္က ဆုံးျဖတ္ခ်က္အတည္ျပဳျခင္းမတိုင္မီ (၄င္းတို႔ လက္ခံထားတဲ့) အၾကမ္းဖက္သမား ၁၃ဝ ခန္႔ထိ ျပည္ႏွင္ဒဏ္ေပး သို႔မဟုတ္ တူရကီႏိုင္ငံထံ လႊဲေျပာင္း ေပးအပ္ရမွာျဖစ္ေၾကာင္း သမၼတ ေတရစ္အာဒိုဂန္က ေျပာဆိုတယ္လို႔ Reuters က ယေန႔ (ဇန္နဝါရီလ ၁၇ ရက္)မွာ ေရးသားပါတယ္။

လြန္ခဲ့တဲ့ႏွစ္ ဆြီဒင္နဲ႔ ဖင္လန္တို႔ဟာ ေနတိုးအဖြဲ႕ဝင္အျဖစ္ ေလွ်ာက္ထားခဲ့ၿပီး ႐ုရွားက ယူကရိန္းကို က်ဴး ေက်ာ္တဲ့အခါ ပူးေပါင္းခြင့္ရရွိေရးဟာ ေနာ္ဒစ္ ႏွစ္ႏိုင္ငံတို႔အတြက္ အသည္းအသန္ျဖစ္လာပါတယ္။ အဆိုျပဳခ်က္မ်ားကို ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံ ၃ဝ စလုံးက ကန္႔ကြက္သူ မရွိဖို႔ လိုအပ္ၿပီး ယခုအခ်ိန္အထိ တူရကီနဲ႔ ဟန္ေဂရီတို႔က ေထာက္ခံျခင္း မရွိေသးပါဘူး။

အထူးသျဖင့္ ကာ့ဒ္စစ္ေသြးႂကြမ်ားနဲ႔ ၂ဝ၁၆ ခုႏွစ္ အာဏာသိမ္းရန္ ႀကိဳးပမ္းသူေတြဟာ အၾကမ္းဖက္သမားမ်ားအျဖစ္ ဆန႔္က်င္တဲ့ သေဘာထားကို ပထမဆုံး ျပတ္ ျပတ္သားသားျပသဖို႔ လိုအပ္ေၾကာင္း၊ စေတာ့ဟုမ္းလ္မွာေရာက္ရွိေနတဲ့ အၾကမ္း ဖက္သမားမ်ားကို လႊဲေျပာင္းေပးျခင္း မရွိခဲ့လွ်င္ ေနတိုးဝင္ခြင့္ရရွိဖို႔ တူရကီလႊတ္ ေတာ္ကလည္း ခြင့္ျပဳႏိုင္မွာ မဟုတ္ေၾကာင္း၊ ၿပီးခဲ့တဲ့ ႏို၀င္ဘာလ ညီလာခံမွာ ဆြီဒင္၀န္ႀကီးခ်ဳပ္နဲ႔ ပူးတြဲသတင္းစာရွင္း လင္းပြဲကို ရည္ၫႊန္းၿပီး သမၼတ အာဒိုဂန္က ေျပာဆိုပါတယ္။ တူရကီ လႊတ္ေတာ္ကို ေက်ာ္ျဖတ္ဖို႔အတြက္ ပထမဆုံးအေနနဲ႔ အဲဒီအၾကမ္းဖက္သ မား ၁၃ဝ ထဲက အေယာက္ ၁ဝဝ ေက်ာ္ကို အန္ကာရာထံ လႊဲေျပာင္းေပးရလိမ့္မယ္လို႔ အာဒိုဂန္က ရွင္းျပပါတယ္။

တူရကီသမၼတက ယခုလို ေျပာဆိုျခင္းဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ ဆြီဒင္ႏိုင္ငံ စေတာ့ဟုမ္းလ္ၿမိဳ႕ ကန္႔ကြက္ပြဲတစ္ခုမွာ အာဒိုဂန္ ပုံစံတူအ႐ုပ္ငယ္ကို ႀကိဳးေပးေဇာက္ထိုးဆြဲ ဆႏၵျပတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ေဒါသတႀကီး တုန္႔ျပန္ျခင္း ျဖစ္ေၾကာင္း၊ အဲ့ဒါကလြဲၿပီး တူရကီမွာ တျခား ဘာအေၾကာင္းမွ မၾကားမိေၾကာင္း ဖင္လန္ႏိုင္ငံျခားေရး၀န္ႀကီးက ဟဲလ္ဆင္ကီး အေျခစိုက္ YLE ႏိုင္ငံတကာ႐ုပ္သံလႊင့္ဌာနကို မွတ္ခ်က္ေပးပါတယ္။ စေတာ့ဟုမ္းလ္ အျဖစ္အပ်က္ကို တုံ႔ျပန္တဲ့အေနျဖင့္ ဆြီဒင္ႏိုင္ငံအစား တနလၤာေန႔ (ဇန္နဝါရီလ ၁၆ ရက္) တူရကီႏိုင္ငံကို လာေရာက္မယ့္ ဖင္လန္ပါလီမန္ဥကၠ႒ရဲ႕ ခရီးစဥ္ကို အာဒိုဂန္က ဖ်က္သိမ္းခဲ့ပါတယ္။ စေတာ့ဟုမ္းလ္ၿမိဳ႕လယ္မွာ ဆြီဒင္ေရာက္ ကာ့ဒ္လူမ်ိဳးတစ္စုတို႔က အာဒိုဂန္ ပုံတူ အ႐ုပ္ငယ္ကို ေျခေထာက္မွ ေဇာက္ထိုးဆြဲၿပီး တူရကီအေပၚ ကန္႔ကြက္ေၾကာင္း ဆႏၵျပခဲ့ၾကပါတယ္။

ဒီအတြက္ တူရကီက ဆြီဒင္သံအမတ္ႀကီးကို ဆင့္ေခၚခဲ့ပါတယ္။ လအတန္ၾကာေအာင္ တူရကီက ဟန္႔တားေနတဲ့ ဆြီဒင္ႏိုင္ငံ ေနတိုးအဖြဲ႕ဝင္ ျဖစ္ေရးမွာလည္း ေနာက္ထပ္ အတားအဆီးတစ္ခု တိုးလာခဲ့ပါတယ္။

တူရကီအေနနဲ႔ သူ႔ႏိုင္ငံရဲ႕ ေနတိုးအဖြဲ႕၀င္ခြင့္ အဆိုျပဳမႈကို အတည္ျပဳရန္ ေသခ်ာတဲ့ အေနအထားမွာ ရွိေန ေၾကာင္း ဆြီဒင္ဝန္ႀကီးခ်ဳပ္က တနလၤာေန႔မွာ သီးျခား ေျပာပါတယ္။ တူရကီ လႊတ္ေတာ္က ေနာဒစ္ႏွစ္ႏိုင္ငံရဲ႕ ေနတိုး၀င္ခြင့္ကို အတည္ျပဳဖို႔ဆိုတာ ေမလ က်င္းပမယ့္ သမၼတေ႐ြးေကာက္ပြဲနဲ႔ ပါလီမန္ေ႐ြးေကာက္ပြဲမ်ား မတိုင္မီ ကိစၥေတြနဲ႔ပဲ အခ်ိန္ မရွိေတာ့ေၾကာင္း အာဒိုဂန္ရဲ႕ ေျပာေရး ဆိုခြင့္ရွိသူက စေနေန႔မွာ မွတ္ခ်က္ေပးပါတယ္။

(Reuters., 17 January 2023,” Sweden, Finland must send up to 130 "terrorists" to Turkey for NATO bid, Erdogan says” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒေါ်လာသန်း (၆ဝ)ကျော်ဖြင့် လုပ်ဆောင်မည့် ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်းပြင်ပ လမ်း၊ လျှပ်စစ်ရရှိရေးလုပ်ငန်းများကို မကြာခင်အကောင်ထည်ဖော်မည်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved