စပါးအသင်း၏ တိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူနိုင်ရေး ဘိုင်ယန်မြူးနစ်အသင်း ထပ်မံကြိုးပမ်းနေ
Pika (NSS) - ဇူလိုင် ၂၃
ဘိုင်ယန်မြူးနစ်အသင်းသည် စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူရန်အတွက် တတိယအကြိမ်မြောက်ကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ်နေကြောင်းသိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဟယ်ရီကိန်းကို ခေါ်ယူရန်အတွက် ကမ်းလှမ်းမှုနှစ်ကြိမ်ပြုလုပ်ခဲ့သော်လည်း စပါးအသင်းက ပယ်ချခဲ့ကြောင်းသိရသည်။
သို့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းသည် ပေါင်သန်း(၁၀၀)ဝန်းကျင် တန်ဖိုးရှိသော စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူနိုင်ရန်အတွက် ထပ်မံကြိုးပမ်းနေကြောင်းလည်း သိရသည်။
ဟယ်ရီကိန်းနှင့်စပါးအသင်းတို့၏ သဘောတူစာချုပ်သည် လာမည့်နှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရန် ဟယ်ရီကိန်းကို စပါးအသင်းတာဝန်ရှိသူများက တွန်းအားပေးမှုများလည်းရှိနေကြောင်း သိရသည်။
သို့သော်လည်း ဟယ်ရီကိန်းသည် စပါးအသင်းနှင့်စာချုပ်သက်တမ်းတိုးရန် ဆန္ဒမရှိသကဲ့သို့ ယခုနွေရာသီတွင် အသင်းမှ ထွက်ခွာရန် မျှော်လင့်နေကြောင်း သိရသည်။
စပါးအသင်းနည်းပြ Ange Postecoglouက"ဟယ်ရီကိန်းအတွက် အပြောင်းအရွှေ့ကို အချိန်အကြာကြီး ဆွဲမနေချင်ပါဘူး။ အချိန်ဆွဲတာဟာ သူ့အတွက်လည်း မကောင်းသလို ဘယ်သူ့အတွက်မှလည်း မကောင်းပါဘူး။ စပါးအသင်းအတွက်လည်း မကောင်းပါဘူး။ ဒီကိစ္စကို အမြန်ဆုံး အဆုံးသတ်သွားမှာပါ"ဟုပြောဆိုခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဟယ်ရီကိန်းကိုခေါ်ယူရန်အတွက် စပါးအသင်းစံချိန်တင်ရောင်းချမှုထက် ပိုမိုများပြားမည့် ကမ်းလှမ်းမှုကို လုပ်ဆောင်ရန်စီစဉ်နေကြောင်း Football Insider ၏အဆိုအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှလုံးစက်တပ်ဆင်ရန်အတွက် နှလုံးခွဲစိတ်ကုသမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း