ဗြိတိန်အခြေစိုက်တေးဂီတအဖွဲ့ဖြစ်တဲ့ The 1975 ရဲ့လုပ်ရပ်ကြောင့် ဂီတပွဲတော်ကို ရပ်တန့်လိုက်ကြောင်း မလေးရှားအစိုးရပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၂၃
မလေးရှားအစိုးရဟာ မြို့တော်ကွာလာလမ်ပူမှာကျင်းပနေတဲ့ ဂီတပွဲတော်ကိုရပ်တန့်လိုက်ကြောင်းသိရပါတယ်။
ဗြိတိန်အခြေစိုက်တေးဂီတအဖွဲ့ဖြစ်တဲ့ The 1975 ရဲ့ရှေ့ထွက်အဆိုတော်တစ်ဦးဟာ တီဝိုင်းအဖွဲ့ဝင်တစ်ဦးကို လူမြင်ကွင်းမှာ အမျိုးသားအချင်းချင်းအနမ်းပေးနေတဲ့ပုံတွေထွက်ပေါ်လာခဲ့ပြီးနောက် LGBT လိင်တူဆက်ဆံခြင်းကို ဆန့်ကျင်တဲ့ မလေးရှားနိုင်ငံက ဂီတပွဲတော်ကို ရပ်နားဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil က ၎င်းတို့ဟာ သုံးရက်ကြာကျင်းပဖို့ စီစဉ်ထားတဲ့ Good Vibes ပွဲစီစဉ်သူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရပ်နားဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ ၎င်းက "ကျွန်တော်တို့ဟာ မလေးရှားဥပဒေတွေကို စိန်ခေါ်တာ၊ အပုပ်ချပြီး ချိုးဖောက်တဲ့ ဘယ်အဖွဲ့အစည်းကိုမှ အလျှော့မပေးပါဘူး” လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။
လေးရှားအစိုးရဟာ The 1975 ကိုလည်း မလေးရှားနိုင်ငံတွင်းဖျော်ဖြေခြင်းမလုပ်ဖို့ တားမြစ်ထားကြောင်းသိရပါတယ်။ မလေးရှားနိုင်ငံမှာလိင်တူ ဆက်ဆံခြင်းကိုရာဇဝတ်မှုမြောက်တယ်လို့ သတ်မှတ်ထားကြောင်းသိရပါတယ်။ The 1975 အဖွဲ့ရဲ့အဆိုတော်တစ်ဦးဖြစ်တဲ့ Healy ဟာ မလေးရှားနိုင်ငံမှာလိင်တူ ဆက်ဆံခွင့် ပိတ်ပင်ခြင်းကို ဝေဖန်ပြစ်တင်မှုများလုပ်ဆောင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံမှာကျင်းပတဲ့ သီဆိုပွဲအတွင်း အတီးသမားတစ်ဦးဖြစ်တဲ့ Ross MacDonald ကိုအနမ်းပေးခဲ့ကြောင်းသိရပါတယ်။ မလေးရှားနိုင်ငံမှာ လိင်တူချစ်သူများအပြင် လိင်ပြောင်းထားသူများအပေါ် သည်းမခံနိုင်မှု မြင့်တက်လာနေကြောင်း လူအခွင့်အရေးအဖွဲ့အစည်းများက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြိုင်မြို့နယ်ရှိ ဝန်းထမ်းအငှားအိမ်ရာအဆောက်အဦးကို PDF အဖွဲ့ကမိုင်းထောင်ဖောက်ခွဲခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ