တိုက်စစ်မှူးအသစ်တစ်ဦးကိုခေါ်ယူနိုင်ရန် တတ်နိုင်သမျှအရာအားလုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန်ယူနည်းပြ ပြော
Pika (NSS) - ဇူလိုင် ၂၂
မန်ယူအသင်းသည် လက်ရှိနွေရာသီတွင် တိုက်စစ်မှူးအသစ်တစ်ဦးကို ခေါ်ယူရန်အတွက် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန်ယူနည်းပြတန်ဟက်က ကတိပြုပြောခဲ့သည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီကုန်ကတည်းက တိုက်စစ်မှူးအသစ်တစ်ဦးကိုခေါ်ယူရန် အလိုရှိနေသော်လည်း လက်ရှိအချိန်အထိ ခေါ်ယူနိုင်ခြင်းမျိုး မရှိသေးကြောင်းသိရသည်။ သို့သော်လည်း အပြောင်းအရွှေ့ကာလ မကုန်ဆုံးမီအချိန်အတွင်း တိုက်စစ်မှူးအသစ်တစ်ဦးကို ခေါ်ယူသွားမည်ဖြစ်ကြောင်း နည်းပြတန်ဟက်က အခိုင်အမာပြောဆိုခဲ့သည်။
တန်ဟက်က "တိုက်စစ်မှူးနေရာအတွက် မှန်ကန်တဲ့ ကစားသမားတစ်ယောက်ကိုခေါ်ယူဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ။ ကျွန်တော်တို့ခေါ်ယူသင့်တဲ့ ပစ်မှတ်တွေကိုလည်း သိပါတယ်။ တိုက်စစ်နေရာမှာ လိုအပ်နေတာဖြစ်တဲ့ အတွက် ဒီကိစ္စကို အကောင်းဆုံးလုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
မန်ယူအသင်းသည် စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူရန် ချိတ်ဆက်မှုများ လုပ်ဆောင်ခဲ့သော်လည်း ဟယ်ရီကိန်းသည် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ရန် တွန်းအားပေးမှုများကို ခံနေရခြင်းကြောင့် နောက်ပိုင်းတွင် မန်ယူအသင်းသည် ဆွေးနွေးမှုများကို လက်လျှော့ခဲ့ကြောင်း သိရသည်။
နာပိုလီအသင်းတိုက်စစ်မှူး Victor Osimhen သည် မန်ယူအသင်း၏ ပစ်မှတ်တစ်ခုဖြစ်ခဲ့သော်လည်း ၎င်း၏ ပြောင်းရွှေ့ကြေးမှာ ဈေးများလွန်းသည်ဟု သတ်မှတ်ခံထားရကြောင်းလည်း သိရသည်။ မန်ယူအသင်း၏ စိတ်ဝင်စားမှုကိုခံခဲ့ရသည့် နောက်ဆုံးတိုက်စစ်မှူးမှာ Atalanta အသင်းမှ Rasmus Hojlund ဖြစ်ပြီး အသင်းနှင့် ကစားသမားကြား ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိထားပြီးပြီဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်လုပ်မိုင်းပေါက်ကွဲခဲ့ရာ ဈေးဝယ်ထွက်လာသည့် မိသားစုအနက်မှ (၈)နှစ်အရွယ် ကလေးသေဆုံးမှု မတ္တရာမြို့ တွင် ဖြစ်ပွား
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း