တိုက်စစ်မှူးအမ်ဘာပေကို ယူရို(၁)ဘီလျံတန်ဖိုးရှိ (၁ဝ)နှစ် သဘောတူစာချုပ် ကမ်းလှမ်းခဲ့တဲ့ ပီအက်စ်ဂျီအသင်း
Pika (NSS) - ဇူလိုင် ၂၁
ပီအက်စ်ဂျီအသင်းသည် တိုက်စစ်မှူးအမ်ဘာပေကို အသင်းတွင် (၁ဝ)နှစ်ကြာကစားရမည့် ယူရို(၁)ဘီလျံ တန်ကြေးရှိသော သဘောတူစာချုပ်ကို ကမ်းလှမ်းခဲ့ကြောင်းသိရသည်။
အဆိုပါစာချုပ်အရ အမ်ဘာပေသည် အသက်(၃၄)နှစ်အထိ အသင်းနှင့်အတူတူ လက်တွဲကစားသွားရဖွယ်ရှိနေ သည်။ ပီအက်စ်ဂျီအသင်းက အမ်ဘာပေကို ကမ်းလှမ်းလိုက်သော သဘောတူစာချုပ်သည် သမိုင်းတစ်လျှောက် အကျိုးအမြတ်အများဆုံး အားကစားစာချုပ်တစ်ခုလည်းဖြစ်လာမည် ဖြစ်သည်။
သို့သော်လည်း အမ်ဘာပေက ၎င်းတွင် ဆုဖလားများကို ပိုမိုဆွတ်ခူးနိုင်မည့် ရီးရဲလ်မက်ဒရစ်အသင်းတွင် ကစားရန် အိမ်မက်ရှိနေသောကြောင့် ငွေကြေးဖြင့်ဆွဲဆောင်မှုများကို စိတ်အားထက်သန်မှုမရှိဟု ပီအက်စ်ဂျီအသင်းတာဝန်ရှိ သူများကို ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆန္ဒမရှိကြောင်း နှင့် လာမည့်နွေရာသီတွင် အလွတ် ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာရန်စီစဉ်နေကြောင်း အသင်းတာဝန်ရှိသူများကို အမ်ဘာပေက ယခင် ကတည်းက ပြောခဲ့ဖူးသည်။
အမ်ဘာပေအနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်းတိုးခြင်းများ မလုပ်ဆောင်ပါက လက်ရှိနွေရာသီတွင် ရောင်းထုတ်သွားမည်ဟု ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများက ယခင်ကပြောခဲ့ဖူးသည်။ အမ်ဘာပေသည် ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၂၆ဝ) ကစားပေးထားပြီး (၂၁၂)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၉၈)ကြိမ်ထိ ပြုလုပ်ထားနိုင်ကြောင်း သိရသည်။
အမ်ဘာပေသည် (၂ဝ၁၈)ခုနှစ်တွင် ပြင်သစ်အသင်းနှင့်အတူ ကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်ခဲ့ပြီး (၂ဝ၂၂)ခုနှစ်တွင် လည်း ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဖိုင်နယ်အထိရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း အမ်ဘာပေသည် ၎င်း၏ ကစားသမားဘဝ သက်တမ်းတစ်လျှောက် ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူးနိုင်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Online Shopping များကြောင့် စားသုံးသူများ၏နစ်နာမှုကို ကာကွယ်ရန် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း