Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
BRICS ထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတပူတင် လူကိုယ်တိုင်ရောက်မှာမဟုတ်ဘဲ အွန်လိုင်းကသာ အစည်းအဝေးတက်ရောက်မယ်လို့ ရုရှားအစိုးရ သတင်းထုတ်ပြန်

ဂျန်ဇက် (NSS) - ဇူလိုင် ၂ဝ

ရုရှားသမ္မတပူတင်ဟာ တောင်အာဖရိကနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် BRICS ထိပ်သီးအစည်းအဝေး ကို လူကိုယ်တိုင်တက်ရောက်မှာမဟုတ်ဘဲ အွန်လိုင်းကသာ တက်ရောက်ဖွယ်ရှိနေကြောင်း၊ ရုရှားအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ကောဗ့်က ပြောပါတယ်။ 

တောင်အာဖရိကနိုင်ငံက ရုရှားသမ္မတပူတင်ဟာ BRICS အဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေ လူချင်းတွေ့ဆုံ ဆွေးနွေးမယ့်အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်နိုင်မှာမဟုတ်ကြောင်း အစောပိုင်းက ကြေညာခဲ့ဖူးပါတယ်။ 

ရုရှားသမ္မတပူတင်ဟာ နိုင်ငံတကာရာဇဝတ်တရားရုံး(ICC)ရဲ့ ဖမ်းဝရမ်းအထုတ်ခံထားရသူဖြစ်ရာ (ICC)အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ တောင်အာဖရိကနိုင်ငံဟာ ရုရှားသမ္မတပူတင် လာရောက်ချိန်မှာ ဖမ်းဆီးဖို့တာဝန်ရှိနေကြောင်း သိရပါတယ်။ 


တောင်အာဖရိကအစိုးရကလည်း ရုရှားသမ္မတပူတင်ကို ဖမ်းဆီးလိုခြင်းမရှိတဲ့အတွက် အားလုံးအတွက် အဆင်ပြေ နိုင်အောင် အွန်လိုင်းက အစည်းအဝေးတက်ရောက်မယ့်အစီအစဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ဖွယ်ရှိတယ်လို့ သုံးသပ်မှု တွေ ရှိနေပါတယ်။ တောင်အာဖရိကသမ္မတရုံးက ရုရှားအစိုးရ နဲ့ တောင်အာဖရိကအစိုးရတို့ဟာ  BRICS  ထိပ်သီး အစည်းအဝေးကို သမ္မတပူတင် မတက်ရောက်ဘဲ ၎င်းကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့် တက်ရောက်ဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ လာမယ့်လမှာကျင်းပမယ့်  BRICS ထိပ်သီးအစည်းအဝေးကို ရုရှားကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီးတက်ရောက်မှာဖြစ်ကြောင်း သိရပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ကျင်းပမယ့် BRICS ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေရဲ့လူချင်းတွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ရှိနေ ကြောင်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် BRICS အဖွဲ့ဝင်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့နှစ်တွေက ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးတွေမှာ လူချင်းတွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိဘဲ အွန်လိုင်းကသာ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ ကြောင်း သိရပါတယ်။ BRICS အဖွဲ့မှာ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ တောင်အာဖရိကနိုင်ငံတို့ ပါဝင်လျက် ရှိနေပြီး ယူကရိန်းနဲ့ ရုရှားတို့စစ်ပွဲဖြစ်ပွားချိန်မှာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေက ရုရှားအပေါ် ဝေဖန်ပြစ်တင်မှုများ၊ ပိတ်ဆို့မှုများလုပ်ဆောင်ခဲ့ပေမယ့် BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားအပေါ် ပြစ်တင်ရှုတ်ချ ခြင်း မလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝါဆိုသင်္ကန်းကပ်ပြီး ပြန်လာသည့်မိသားစု စက်လှေတိမ်းမှောက်ခဲ့ရာ (၄)နှစ်အရွယ်ကလေးငယ် အပါအဝင် (၄)ဦးသေဆုံး

RELATED POSTS
RECENT POSTS
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved