ကျိုက်ထိုမြို့နယ်တွင် အသက်(၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး နွားကျောင်းနေစဉ် မိုင်းနင်းမိ၍သေဆုံး
NSS - ဇူလိုင် ၁၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အသက်(၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦး နွားကျောင်းနေစဉ် လက်လုပ်မိုင်းနင်းမိကာ ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၁၄ ရက်)၊ နံနက် ၁၁နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ ဝါးဒတ်ကွင်းကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် နေထိုင်သည့် သေဆုံးသူကလေးငယ်သည် ဝါးဒတ်ကွင်းကျေးရွာ နှင့် ကညင်အိုင်ကျေးရွာကြားရှိ အရိုးအိုးလမ်းဆုံအနီးတွင် နွားကျောင်းနေစဉ် အကြမ်းဖက်အဖွဲ့မှထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိသဖြင့်ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
ထိုသို့ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် မောင်အေးချမ်းသခင် (၁၂)နှစ်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီအပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး ဆောက်လုပ်မှု အဆုံးသတ်နိုင်ရန် မြန်မာအစိုးရ ကြိုးစားသင့်ကြောင်း အိန္ဒိယတိုက်တွန်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း