Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နေတိုးက ယူဂိုဆလားဗီးယားကို ဘာကြောင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလဲ (ဘာသာပြန်ဆောင်းပါး)

မောင်ဌေးအောင် (ကျောက်မဲ) (NSS) - ဇူလိုင် ၁၇

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအခါ အနောက်တိုင်း ကျွမ်းကျင်သူအားလုံးက မတူညီတဲ့ ဝေဖန်ချက်အမျိုးမျိုးပြောဆိုကြပေမယ့် အများစုတူညီတာတစ်ခုကတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု အတိုက်ခံရတာ၊ ဒါ ပထမဆုံး အကြိမ်ဖြစ်တယ်ဆိုတာပါ။ 

ဒါပေမဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်ကကျင်းပတဲ့ ကုလသမဂ္ဂအစည်းအဝေးကို တက်ရောက်လာတဲ့ ခေါင်းဆောင်တစ်ယောက်ကတော့ ဒီအမြင်ကို ငြင်းချက်ထုတ်လိုက်ပါတယ်။ သူက “ယူကရိန်းအနေနဲ့ အလွန်ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရပါပြီ။ ဒါပေမယ့် ဒါက ၁၉၄၅ ခုနှစ်ကစလို့ ပထမဆုံးဖြစ်ခဲ့တဲ့ ဥရောပ စစ်ပွဲ တစ်ခုတော့ မဟုတ်ပါဘူး” လို့ပြောလိုက်တဲ့ ဆားဗီးယားသမ္မတ အလက်ဇင်ဒါ ဗူးဆစ် Aleksandar Vučić ပါ။ “လူတော်တော်များများက ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတိုက်မှာ ပထမဆုံးဖြစ်ခဲ့တဲ့ စစ်ပွဲလို့ ပြောကြပါတယ်။ ဒါပေမယ့်တကယ့်အမှန်တရားကတော့ ဘယ်အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုကိုမှကျူးကျော် တိုက်ခိုက်ခြင်းမရှိတဲ့ ဆာဗီးယားနိုင်ငံရဲ့ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှုကို ချိုးဖောက်တိုက်ခိုက်တာခံခဲ့ရတာက ပထမဆုံးအကြိမ်ပါ။ ဒါကို ဘယ်သူမှထုတ်မပြောကြပါဘူး”တဲ့။

သူပြောတဲ့ စစ်ပွဲဆိုတာ NATO အုပ်စုက ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲပါ။ အဲဒီအချိန်တုန်းကတော့ ဆားဗီးယားကို ယူဂိုဆလပ်ဗီးယား နိုင်ငံလို့ခေါ်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ်မှာ NATO က ယူဂိုဆလပ်ဗီးယားကို ကျောက်ခေတ်ပြန်ရောက်သွားတဲ့အထိ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်သားတွေ၊ အရပ်သားနဲ့ ကလေးတွေ အများအပြား အသတ်ခံရပါတယ်။ NATO ဟာ တစ်ချက်ထဲနဲ့ နိုင်ငံတစ်ခုကို တစ်စစီပြိုကွဲအောင်ဖျက်ဆီးပစ်လိုက်ပါတယ်။ သူတို့ ဘာကြောင့် ဘယ်လို လုပ်ခဲ့ကြတာလဲဆိုတာကို နောက်ကြောင်းပြန်ကြည့်ကြပါစို့။ 


မတူကွဲပြားမှုများ ပေါင်းစည်းညီညွတ်မှု မရှိတဲ့အခါ

ဥရောပတိုက်ရဲ့ အရှေ့တောင်ဘက်ပိုင်းမှာ ဘော်လကန်လို့ခေါ်တဲ့ ဒေသတစ်ခုရှိပါတယ်။ ဒုတိယ ကမ္ဘာ စစ်ပြီးဆုံးချိန်မှာ ဒီဒေသဟာ ယူဂိုဆလပ်ဗီးယား ဆိုရှယ်လစ်ဖက်ဒရယ်သမ္မတ နိုင်ငံလို့ခေါ်တဲ့၊  မတူညီတဲ့ လူမျိုး ၆ မျိုးတို့ရဲ့ ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ်ထူထောင်ခဲ့တာပါ။ အခုအချိန်မှာတော့ ဆားဗီးယား၊ မွန်တီနီးဂရိုး၊ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနား၊ ကရိုးရှား၊ မြောက်ပိုင်းမက်ဆီဒိုးနီးယားနဲ့ ဆလိုဗေးနီးယား ၆ နိုင်ငံအဖြစ် သီးခြား လွတ်လပ်တဲ့ နိုင်ငံတွေဖြစ်နေကြပါပြီ။ 

ဒါပေမယ့် ၁၉၄၆ ခုနှစ်တုန်းကတော့ တစ်နိုင်ငံထဲဘဲဖြစ်ပါတယ်။ အိန္ဒိယမှာပြောလေ့ရှိသလိုဘဲ မတူကွဲပြားမှုများရဲ့ ပေါင်းစည်းညီညွတ်မှု‌ပေါ့။  ဒါပေမယ့် ယူဂိုဆလပ်ဗီးယားရဲ့ မတူကွဲပြားမှုတွေက ၁၉၉၁ ခုနှစ်မှာ ရန်လိုမှုတွေ ပိုများလာပြီး ပိုမတည်မငြိမ်ဖြစ်လာပါတယ်။ ၁၉၉၁ ခုနှစ်မတိုင်မီအထိတော့ ဒါက သိပ်ကြီးမားတဲ့ ပြဿနာမဟုတ်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအချိန်အထိက ကွန်မြူနစ်နိုင်ငံဖြစ်နေတဲ့အတွက် မတူကွဲပြားမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ခင်ဗျားပါးစပ်ကို ပိတ်ထားရမှာဖြစ်လို့ပါ။ 

၁၉၉၁ ခုနှစ်ရောက်တော့ အရှေ့ဥရောပက ကွန်မြူနစ်နိုင်ငံတွေ ပြိုလဲကုန်ပါတယ်။ ယူဂိုဆလပ်ဗီးယားရဲ့ လူမျိုးစုကြားတင်းမာမှုတွေက ရုတ်တရက်ဆိုသလို ဖိနှိပ်မှု၊ ထိန်းချုပ်မှုတွေမရှိတော့ပါ။ ဒါကြောင့် ဘော့စနီးယား၊ ကရိုးရှား၊ ဆလိုဗင်းနီးယား နဲ့ မက်ဆီဒိုးနီးယားဆိုပြီး ကွဲထွက်သွားကြပါတယ်။ ဆားဗီးယားနဲ့ မွန်တီနီးဂရိုးတို့က ကျန်ရစ်ပြီးတော့ ယူဂိုဆလပ်ဗီးယားနိုင်ငံသစ် ဖြစ်လာပါတယ်။ အဲဒီနောက် ပြည်တွင်းမှာ ပဋိပက္ခတစ်ခုပေါ်လာပါတယ်။ အဲဒါက ဆားဗီးယားထဲက ပြည်နယ်တစ်ခုဖြစ်တဲ့ ကိုဆိုဗိုပါ။ ဆားဗီးယားလူမျိူးတွေကို မေးကြည့်မယ်ဆိုရင် ကိုဆိုဗိုဟာ သူတို့လူမျိုးရဲ့ နှလုံးသား၊ သူတို့ရဲ့ ပဝတ္ထိလို့ ဖြေကြပါလိမ့်မယ်။ ဒါပေမယ့် ၁၉၉၀ အလယ်နှစ်များအရောက်မှာတော့ ကိုဆိုဗိုမှာ နောက်မှဝင်ရောက်လာတဲ့ အယ်လ်ဘေးနီးယန်း မူဆလင်တွေအများအပြား ရှိနေကြပြီး သူတို့က ခွဲထွက်ရေးတောင်းဆိုကြပါတယ်။ ဒါပေမယ့် ဆားဗီးယားသမ္မတ ဆလိုဗိုဒန် မီလိုဆီဗစ်က သဘောမတူပါဘူး။ အစပိုင်းမှာတော့ ကိုဆိုဗိုရဲ့ တောင်းဆိုမှုတွေဟာ အကြမ်းမဖက်တဲ့နည်းနဲ့ပါ။ ၁၉၉၆ ခုနှစ်မှာတော့ KLA (Kosovo Liberation Army) ကိုတည်ထောင်လိုက်ပါတယ်။ သူတို့ရဲ့ မဟာဗျူဟာက သံတမန်နည်း၊ ဒီမိုကရေစီနည်းနဲ့ ‌တောင်းဆိုလို့ မရရင် လက်နက်စွဲကိုင်တိုက်ခိုက်ရေးပါ။ အဲဒီအချိန်က KLA ဟာ ပြန်ပေးဆွဲမှု၊ ဆူပူအုံကြွမှု၊ မီးရှို့မှု၊ လူသတ်မှုနဲ့ အကျဉ်းရုံးစစ်ဆေးကွပ်မျက်ခြင်းစတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရပါတယ်။ ဆူပူအုံကြွမှုတွေ ပျံ့နှံ့လာတဲ့အခါ ဆားဗီးယားက အုံကြွမှုတွေကို ချေမှုန်းပါတော့တယ်။ သင့်အနေနဲ့ KLA က ဆိုးတယ်လို့ထင်ရင် ဆားဗီးယားက ပိုဆိုးတယ်လို့ဆိုရပါလိမ့်မယ်။ ကမ္ဘာ့အင်အားကြီးတွေက ဒီရူးသွပ်မှုကိုရပ်တန့်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အနောက်နိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနဲ့ ရုရှားတို့က ဆက်သွယ်ရေးအဖွဲ့ဆိုတဲ့ အမည်နဲ့ အဖွဲ့တစ်ခုဖွဲ့စည်းလိုက်ပြီး အချက်လေးချက်ကို တောင်းဆိုလိုက်ပါတယ်။ အဲဒါတွေက 

(၁) ချက်ခြင်း အပစ်အခတ်ရပ်စဲရေး။ 

(၂) ဆာဗီးယား စစ်သားတွေ ဆုတ်ခွာရေး။ 

(၃) ဒုက္ခသည်အားလုံး နေရပ်ပြန်ပို့ရေးနဲ့ 

(၄) အပြည့်အဝ နိုင်ငံတကာ စောင့်ကြပ်ကြည့်ရှုရေးဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။ 

မီလိုဆီဗစ်က အဲဒီအချက်အများစုကို သဘောတူခဲ့တဲ့တိုင် သွေးထွက်သံယို အကြမ်းဖက်မှုတွေက ဆက် လက်ဖြစ်ပွားခဲ့ပါတယ်။ ကွန်ဆိုဗို လွတ်မြောက်ရေးတပ်မတော် KLA ဟာ အပစ်အခတ်ရပ်စဲရေးကို အသုံး ချပြီး ပြန်လည်စုဖွဲ့မှုလုပ်ခဲ့ပြီး ပြန်လည်တိုက်ခိုက်ပါတယ်။ အဲဒီတော့ ဆာဗီးယားကလည်း တုန့်ပြန်တိုက်ခိုက်ပါတယ်။ အဲဒါက အညှာအတာကင်းကင်း သွေးချောင်းစီးတဲ့ တိုက်ပွဲတွေပါ။ အဲဒီအချိန်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ယူဂိုဆလပ်ဗီးယားကို ပြစ်တင်ရှုတ်ချပါတယ်။ နောက်ပြီး ယူဂို ဆလပ်ဗီးယားကို လက်နက်ခဲယမ်းတင်သွင်းတာကို ပိတ်ပင်ခဲ့ပါတယ်။ အယ်လ်ဘေးနီးယန်းတွေနဲ့ ဆွေးနွေးဖို့လည်း ဆော်သြခဲ့ပါတယ်။ ဒါပေမယ့် NATO က ဒါလောက်နဲ့ မကျေနပ်ပါဘူး။ ဒီထက်ပိုလုပ်ချင်ကြပါတယ်။

နေတိုးက ဗုံးကြဲတိုက်ခိုက်ခြင်း

၁၉၉၈ ခုနှစ်အောက်တိုဘာလထဲမှာ နေတိုးအဖွဲ့က ယူဂိုဆလပ်ဗီးယားကို အကြမ်းဖက်မှုတွေရပ်ဖို့ ရာဇသံပေးခြိမ်းခြောက်ခဲ့ပါတယ်။ မရပ်ခဲ့ရင် လေကြောင်းကနေ တိုက်ခိုက်ရလိမ့်မယ်လို့ သတိပေးပါတယ်။ ကြောက်လန့်သွားတဲ့ မီလိုဆီဗစ်ဟာ ထိုးစစ်တွေရပ်စဲဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမယ့် နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၉၉ ခုနှစ်မှာ အကြမ်းဖက်သွေးထွက်သံယူမှုတွေ ပြန်ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ဆွေးနွေးပွဲတွေပြန်စတဲ့ အချိန်အထိ ဖြစ်ခဲ့ပါတယ်။ အယ်ဘေးနီးယန်းတွေဘက်က သဘောတူချက်ရဖို့ အဆင်သင့်ဖြစ်ခဲ့ပေမယ့် မီလိုဆီဗစ်ဘက်က သဘောမတူခဲ့ပါဘူး။ သူက ကိုဆိုဗိုကို တင့်ကားတွေနဲ့ စစ်သားတွေကို တိုးပြီးစေလွှတ်ခဲ့ပါတယ်။ အဲဒီနောက်တော့ နေတိုးက မတ်လ ၂၄ ရက်မှာ စတင်ဗုံးကြဲတိုက်ခိုက်ပါတော့တယ်။ စုစုပေါင်း ၃ လနီးပါးကြာခဲ့ပါတယ်။ အတိအကျကတော့ ၇၈ ရက်ပါ။ မဟာမိတ်တပ်ဖွဲ့ရဲ့စစ်ဆင်ရေးလို့ခေါ်ပါတယ်။ နေတိုးလေသူရဲတွေဟာ အကြိမ်ပေါင်း ၃၈,၀၀၀ ပျံသန်းခဲ့ကြပြီး ၁၀,၄၈၄ ကြိမ်ကတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပါ။ နေတိုးဟာ ဗုံးအလုံးပေါင်း ၄၂၀,၀၀၀ ကို ယူဂိုဆလပ်ဗီးယားမှာ ကြဲချခဲ့ပါတယ်။ အဲဒီအထဲမှာ ၁၅ တန်ရှိတဲ့ DU- (depleted uranium) ဒီပလိတက် ယူရေနီယမ်ဗုံးတွေနဲ့ အတွဲလိုက်ပေါက်ကွဲတဲ့ ဗုံးတွေလည်း ပါဝင်ပါတယ်။ အဲဒီ အတွဲ လိုက်ပေါက်ကွဲတတ်တဲ့ ကလပ်စတာဗုံးလက်နက်တွေကို အခုအခါမှာ‌ ပိတ်ပင်တားမြစ်ထားတာ  ၁၂၃ နိုင်ငံရှိပါပြီ။ အဲဒီဗုံးကို နေတိုးက ၁၉၉၉ ခုနှစ်မှာ အသုံးပြုခဲ့တာပါ။ ဒါတွေကို ကုလသမဂ္ဂက ပိတ်ပင်တားမြစ်အရေးယူခဲ့ပါသလား။ မတားမြစ်ခဲ့ပါဘူး။ အဲဒီလို ဗုံးကြဲတိုက်ခိုက်ဖို့ကိုလည်း ကုလသမဂ္ဂက အတည်ပြု မပေးခဲ့ပါဘူး။ အဲဒီလို ဝင်ရောက်စွက်ဖက်ဖို့ကို နေတိုးအဖွဲ့က သူ့ဖာသာဆုံးဖြတ်ခဲ့တာပါ။ သူတို့က မီလိုဆီဗစ်ကို သင်ခန်းစာပေးချင်လို့ပါ။ ဗုံးကြဲတိုက်ခိုက်မှုမှာ ဘာကိုမှ ရှောင်ကွင်းတာမရှိပါ။ တံတားတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ သံရုံးတွေ၊ စက်ရုံအလုပ်ရုံတွေ အားလုံးဟာ ဖရိုဖရဲ ပြိုလဲပျက်စီးကုန်ပါတယ်။ ယူဂိုဆလပ်ဗီးယား စစ်သား ၁၀၀၀ ပတ်ဝန်းကျင်သေဆုံးပြီး ဆားဗီးယား အရပ်သား ၅၀၀ လောက်သေဆုံးပါတယ်။ ဆားဗီးယားရဲ့ ထုတ်ပြန်ချက်အရ သေကြေပျက်စီးမှုအားလုံးဟာ ၂၅၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း သတင်းပေးပို့ချက်တွေအရ ဒါတွေက နိုင်ငံတကာ လူ့အခွင့် အရေးဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို့ အတည်ပြုကြပါတယ်။ အဲဒီကိစ္စတွေအားလုံးအပေါ် တာဝန်ရှိမှုအတွက် နေတိုးအရာရှိဘယ်လောက်များများ အရေးယူခံရပါသလဲ။ မရှိပါ။ တစ်ယောက်မှ အရေးယူမခံရပါ။ တကယ်တော့ သူတို့ဟာ ဒီစစ်ရာဇဝတ်မှုတွေကို တက်တက် ကြွကြွကျူး လွန်ခဲ့ကြတာပါ။ 

ဖြစ်ရပ်မှန် ဇတ်လမ်းလေးတစ်ပုဒ်ကိုပြောပြပါမယ်။ ၁၉၉၉ ခုနှစ် ဧပြီလထဲမှာ နေတိုးက ယူဂိုဆလပ်ဗီး ယားက မီးရထားတံတားတစ်ခုကို တိုက်ခိုက်ခဲ့တာမှာ လူစီးရထားတစီးပါ ပါသွားပါတယ်။ အဲဒီမှာ လူ ၂၀ လောက် သေဆုံးသွားခဲ့ပြီး အားလုံးက အရပ်သားတွေပါ။ အမေရိကန် ဗိုလ်ချုပ်တစ်ယောက်က အဲဒီအမှားအတွက်တောင်းပန်ခဲ့ပြီး ဗုံးကြဲခဲ့တဲ့ ဗီဒီယိုကို ပြသခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ ရထားသွားတာက သိပ်မြန်လွန်းနေပါတယ်။

ဒါကြောင့် ဗုံးကိုရှောင်လွှဲဖို့ အချိန်မရလိုက်တဲ့ ပုံပါ။ နောက်ပိုင်းမှာတော့ ဒီဗီဒီယိုဟာ မူလပုံမှန်နှုန်းထက် ၃ ဆ အမြန်နှုန်းနဲ့ ပြင်ဆင်ထားခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်က လိမ်ညာခဲ့ကြောင်းပေါ်ပေါက်ခဲ့ပါတယ်။ ဒါဟာ ရထားကို သိပ်မြန်မြန်မောင်းနေတယ်လို့ ထင်ရအောင် လုပ်ကြံထားတာပါဘဲ။ ဒီလိမ်ညာမှုအတွက် ဘယ်သူ့ကမှ တာဝန်မယူပါဘူး။ အမေရိကန်က ဒါကို နည်းပညာမှားယွင်းမှုပါလို့ ဆင်ခြေပေးပါတယ်။ ဒီဗိုလ်ချုပ်လည်း ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးအဖြစ်နဲ့ အငြိမ်းစားယူသွားပြီး ၂၀၀၄ ခုနှစ်မှာ သမ္မတရွေးပွဲတောင် ဝင်လိုက်ပါသေးတယ်။ 

ဒါဟာ နေတိုးရဲ့ စစ်ပွဲအတွင်းက တကယ့်ဖြစ်ရပ်မှန်ပါ။

နောက်ဆုံးမှာတော့ နေတိုးတပ်တွေဟာ ကိုဆိုဗိုကို ဝင်ရောက် သိမ်းပိုက်လိုက်ကြပြီး ကိုဆိုဗို ကိုယ်ပိုင် အုပ်ချုပ်ရေးကို တည်ထောင်ပေးခဲ့ကြပါတယ်။ ဒီနေ့ထက်တိုင် ကိုဆိုဗိုမှာ နေတိုးရဲ့ ကိုယ်စားလှယ်ရုံးရှိနေပါတယ်။ 

မီလိုဆီဗစ်အနေနဲ့က နေတိုးအဖွဲ့ကို ဘယ်လိုမှ ခုခံဆန့်ကျင်နိုင်စွမ်းမရှိတော့ဘဲ သူတို့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို သဘောတူလိုက်ရပါတော့တယ်။ ကိုဆိုဗိုက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဆားဗီးယားရဲ့ အစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိပါတယ်။ နောက်တစ်နှစ်မှာတော့ ပြည်သူလူထုက မီလိုဆီဗစ်ကိုဖြုတ်ချလိုက်ကြပြီး စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲခံရပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ သူ့ကိုချုပ်ထားတဲ့ ထောင်ရဲ့ ဆဲလ်ခန်းထဲမှာ သေဆုံးနေတာကိုတွေ့ကြရပါတယ်။ ယူဂိုဆလပ်ဗီးယားကို ဆားဗီးယားနဲ့ မွန်တီနီးဂရိုးဆိုပြီး အမည်ပြောင်းလိုက် ကြပါတယ်။ နောက်နှစ်နှစ်အကြာမှာတော့ ဒီနှစ်နိုင်ငံဟာ တစ်နိုင်ငံချင်းစီကွဲသွားကြပါတယ်။ ဒီလိုနည်းအားဖြင့် ရာစုနှစ် တစ်ခုကြာတည်ရှိခဲ့တဲ့ ယူဂိုဆလပ်ဗီးယားရဲ့ သမိုင်းဟာလည်း အဆုံးသတ်သွားပါတော့တယ်။ 

ဒါပေမယ့် သမိုင်းမှာတော့ အငြင်းပွားဖွယ် အခန်းကဏ္ဍတစ်ခုချန်ရစ်ခဲ့ပါတယ်။ နေတိုးက ဆာဗီးယားကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ မှန်ကန်ရဲ့လား။ သူတို့ပြောတာက မီလိုဆီဗစ်ဟာ လူမျိုးတုန်းသတ်ဖြတ်ဖို့အတွက် ပြင်ဆင်နေလို့လို့ အကြောင်းပြပါတယ်။ သူဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ နေတိုးက အရပ်သားတွေကို ဗုံးကြဲသတ်ဖြတ်ရတာလဲ။ ဘာဖြစ်လို့ ရေဒီယိုအသံလွှင့်ဌာနတွေနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်ရတာလဲ။ နေတိုးက သူတို့ကိုသူတို့ ခုခံကာကွယ်‌ရေး စစ်မဟာ မိတ်အဖွဲ့လို့ခေါ်ကြတယ်။ ဒါပေမယ့် အဲဒီ ၁၉၉၉ ခုနှစ်က ၃ လအတွင်းမှာတော့ ဘာခုခံကာကွယ်‌ရေးမှ လုပ်တာမဟုတ်ပါ။ လုံးဝကို ပြင်းထန်တဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုပါ။ 

၂၀၀၁ ခုနှစ်မှာ ကုလသမဂ္ဂ တရားရုံးက ကိုဆိုဗိုစစ်ပွဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေရှိခဲ့ပေမယ့် လူမျိုးတုန်းသတ်ဖြတ်မှု မရှိခဲ့ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အကြောင်းက နေတိုးက ဒီလမ်းကိုရွေးခဲ့လို့ပါ။ ၁၉၉၄ ခုနှစ်က ရဝမ်ဒါမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ခဲ့တယ်။ နေတိုးက မပါခဲ့ပါဘူး။ ၁၉၉၉ ခုနှစ်မှာ ရုရှားက ချေးချင်ညာကို တိုက်ခိုက်ခဲ့တယ်။ နေတိုးက မပတ်သက်ပြန်ပါဘူး။

ဒါပေမဲ့ ဆာဗီးယားမှာ ဖြစ်လာတဲ့အခါမှာတော့ နေတိုးက အကြမ်းဖက်သွေးထွက်သံယိုလမ်းကို ရွေးချယ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲပြီးခါနီးတုံးက အမေရိကန်က ဂျပန်ကို အနုမြူဗုံးနှစ်လုံးကြဲချခဲ့တဲ့ လုပ်ရပ်နဲ့ အတူတူပါဘဲ။ အဲဒီအချိန်မှာ စစ်ပွဲက ပြီးခါနီးနေပါပြီ။ ဘာဖြစ်လို့ အမေရိကန်က နြူကလီးယားဗုံးကို အသုံးပြုရ တာလဲ။ အမေရိကန်အပြောအရ ထပ်ပြီးသွေးချောင်းစီးမှုတွေ မဖြစ်အောင်ကာကွယ်ချင်လို့ပါတဲ့။ ဒါပေမဲ့ အဲဒီလို မဖြစ်စေချင်တာကြောင့် အပစ်မဲ့ ဂျပန်အရပ်သားပြည်သူ ၂၀၀,၀၀၀ ကျော်ကို သတ်ဖြတ်သင့်ပါသလား။ ပြောချင်တာက “သမိုင်းဆိုတာ အောင်နိုင်သူတွေက ရေးကြတာဘဲ” ဆိုတာပါ။ ဂျပန်ကိုနျူကလီယားဗုံးနှစ်လုံးကြဲချခဲ့တဲ့ ကိစ္စကို ဘယ်သူကမှ မေးခွန်းမထုတ်ကြတော့ပါဘူး။ ယူဂိုဆလပ်ဗီးယားကို အညှာတာကင်းမဲ့စွာတိုက်ခိုက်ခဲ့တာကိုလည်း မပြောကြတော့ပါဘူး။ ခံခဲ့ကြရတဲ့ သူတွေကလွဲပြီး ဘယ်သူမှ သတိရကြတော့မှာမဟုတ်ပါ။ နေတိုးကတော့ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စစ်ပွဲတစ်ပွဲကနေ နောက်တစ်ပွဲဆီကို သွားခဲ့ပါတယ်။ ယူဂိုဆလပ်ဗီးယား ပြီးတဲ့နောက် အာဖဂန်နစ္စတန်ကို သွားတိုက်ခဲ့တာပါ။ ရာဇဝတ်မှုတွေ ကျူးလွန်လေလေ အကြောင်းအမျိုးမျိုး ပြလေလေပါဘဲ။ 

လစ်သူယေးနီးယားမှာ ကျင်းပခဲ့တဲ့ နေတိုးထိပ်သီးအစည်းအဝေးက ပုံတွေကိုသင်တွေ့ရပါလိမ့်မယ်။ ဒါဟာ ခေတ်မီတဲ့ လူကြီးလူကောင်းများရဲ့ မဟာမိတ်အဖွဲ့ပါ။ ဒါပေမယ့် သူတို့ရဲ့ လက်တွေကတော့ အပစ်မဲ့ပြည်သူတွေရဲ့ သွေးတွေနဲ့ ရွှဲနစ်နေတယ်ဆိုတာတော့ သတိရလိုက်ပါ။                                               

Ref: Why Did NATO Bomb Yugoslavia? | Flashback with Palki Sharma


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့သော ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှင့် နစကဝန်ကြီး ဦးသန်းဆွေတို့ ထိုင်းနိုင်ငံ၌ ထပ်မံတွေ့ဆုံ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved