ဇူလိုင်လအတွင်း ကိုဗစ်ရောဂါပိုးကူးစက်သူ (၄၀၀)နီးပါးရှိခဲ့ပြီး ယခင်လထက် ရောဂါပိုးကူးစက်ခံရသူ (၆၀၀) နီးပါးကျဆင်း
စော (NSS) - ဇူလိုင် ၁၆
ဇူလိုင်လအတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှု (၄၀၀)နီးပါးရှိခဲ့ပြီး ယခင်လထက် ရောဂါပိုးတွေ့ရှိမှု (၆၀၀) နီးပါး ကျဆင်းခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယမန်နေ့ ဇူလိုင်လ (၁၅)ရက်တွင် ကိုဗစ်အတည်ပြုလူနာ (၈)ဦးရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုသည် (၀ ဒသမ ၁၆)ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၁၄)ရက်ကလည်း ကိုဗစ်အတည်ပြုလူနာ (၁၄)ဦးရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုသည် (၀ ဒသမ ၂၅)ရာခိုင်နှုန်းရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ပြည်တွင်း၌ ဇူလိုင်လ (၁)ရက်မှ (၁၅)ရက်အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ (၃၈၉)ဦးရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဇွန်လ (၁)ရက်မှ (၁၅)ရက်အထိ ကိုဗစ်ရောဂါဖြစ်ပွားသူ (၉၇၄) ဦးရှိခဲ့ရာ ယခုလနှင့် နှိုင်းယှဉ်ပါက ကိုဗစ်ပိုးတွေ့ရှိသူ (၅၈၅)ဦးအထိ ကျဆင်းခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို အသက် (၅)နှစ်နှင့် အထက်ရှိသော လူများအား နီးစပ်ရာ ကျန်းမာရေးဌာနများနှင့်ဆက်သွယ်၍ မဖြစ်မနေထိုးနှံကြရန် အသိပေးတိုက်ထွန်းထား သည်။
အဆိုပါ ကာကွယ်ဆေးကို ထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုနှင့် ပြင်းထန်မှုကို လျော့နည်းစေနိုင်သည့်အပြင် ရောဂါ၏နောက်ဆက်တွဲပြဿနာဖြစ်သည့် ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စီးခြင်းများ နှင့် အသက်သေဆုံးခြင်းများကို လျှော့ချနိုင်သဖြင့် ကာကွယ်ဆေးကိုထိုးနှံကြရန် အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပို့ကုန် အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာပြည်က ထုတ်လုပ်တဲ့လက်ဝတ်ရတနာများ ပြည်ပသို့တင်ပို့မည်
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ