ကျောက်ရေတွင်းတံတားအနီး ဥက္ကလာပလမ်းမပေါ်၌ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
NSS - ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဥက္ကလာပလမ်းမပေါ် ကျောက်ရေတွင်းတံတား အနီးတွင် ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်) ည ၁၁နာရီ အချိန်ခန့်က ယာဥ်နှစ်စီး ယာဉ်တိုက်မှု ဖြစ် ပွားခဲ့ကြောင်း ဒေသခံပရဟိတအဖွဲ့များထံမှ သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆလွန်းကား အနက်ရောင် နှင့် ဆူဇူကီး အာမိုင်းနက် အဖြူရောင်ယာဉ်တို့ ပျက်စီးခဲ့ပြီး ဆူဇူကီးကားပေါ်တွင်လိုက်ပါလာသော အမျိုးသားနှစ်ဦး ဒဏ်ရာရရှိကာ တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
“ယာဉ်ကြောအရ ဘယ်သူမှားတယ်ဆိုတာတော့ ယာဉ်မှုစစ်ဘဲသိလိမ့်မယ်။ ကျွန်တော်တို့ လူနာကိုဘဲသွားရောက်ကူညီမှုခဲ့တာပါ။ တွေရှိချက်အရတော့ တစ်ဦးက ဖြစ်စဉ်အတွင်းမှာပဲ သေဆုံးသွားတာပါ” ဟု မြောက်ဥက္ကလာပမြို့နယ် We Love ပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးအား ကျောက်ရေတွင်းပရဟိတအသင်းနှင့် မြောက်ဥက္ကလာပမြို့နယ် We Love ပရဟိတအသင်းတို့မှ လူနာတင်ယာဥ်များဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန် အစိုးရအေဂျင်စီတွေရဲ့ အီးမေးလ်တွေကို တရုတ်ဟက်ကာတွေက ခိုးယူခဲ့တယ်လို့ Microsoft ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း