Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၀န်ကြီးချုပ် မဲခွဲမှုတွင် အရေးနိမ့်ပြီးနောက် ထိုင်းအထက်လွှတ်တော်၏ အခွင့်အာဏာကို တားဆီးရန် MFP ပါတီ ကြိုးပမ်း

Htay Oung (NSS) - ဇူလိုင် ၁၅

ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ အမတ်အရေအတွက်အများဆုံး ရရှိခဲ့တဲ့ MFP ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူကို ၀န်ကြီးချုပ်အဖြစ် တင်သွင်းမှုဟာ သောကြာနေ့(ဇူလိုင်လ ၁၄ ရက်) အထက်လွှတ်တော်က ကန့်ကွက်တဲ့အတွက် အရေးနိမ့်ခဲ့ရပါတယ်။ အဲဒီအတွက် စစ်တပ်ခန့် အမတ်များရဲ့ အထက်လွှတ်တော် အခွင့်အာဏာကို ဟန့်တားဖို့အတွက် အဆိုတစ်ရပ်ကို နောက်တစ်ရက်အကြာမှာ ပါလီမန်မှာ တင်သွင်းလိုက်တယ်လို့ Reuters က ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်)မှာရေးသားပါတယ်။ 

၀န်ကြီးချုပ်တစ်ဦးကို ရွေးကောက်တင်မြှောက်ရေး ဆုံဖြတ်ရာမှာ ရွေးကောက်ခံအောက်လွှတ်တော်နဲ့အတူ အထက်လွှတ်တော်ရဲ့အခန်းကဏ္ဍကလည်း အရေးပါနေခြင်းဟာ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးနောက် ဘုရင်စနစ်လိုလားတဲ့ စစ်တပ်က ရေးဆွဲထားတဲ့ အဲဒီဥပဒေဟာ စစ်ဗိုလ်ချုပ်များရဲ့အကျိုးစီးပွားနဲ့ ရှေးရိုးစွဲအယူအဆထူထောင်မှုကို ကာကွယ်ဖို့အတွက် အခြေခံဥပဒေမှာ ထည့်သွင်းထားကြောင်း ရှုမြင်ရပါတယ်။


မေလ ရွေးကောက်ပွဲတုန်းက MFP ပါတီဟာ အမတ်နေရာအလိုက် အများဆုံးအနိုင်ရရှိသူအဖြစ် ပေါ် ထွက်ခဲ့ပါတယ်။ ရှစ်ပါတီ မဟာမိတ်အဖွဲ့ရဲ့ ထောက်ခံမှုနဲ့ ကန့်ကွက်မှု မရှိဘဲ အရွေးခံခဲ့ရပေမယ့် ပါတီခေါင်းဆောင် ပစ်ထာ လင်ဂျာ ရွန်ရတ်အနေနဲ့ ဝန်ကြီးချုပ်ရာထူးကို ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။ အထက် လွှတ်တော်နဲ့ ယခင် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရမှ ပါတီများ ပူးပေါင်းပြီး သူ့ရဲ့ထိပ်တန်းရာထူးကို ငြင်းပယ်ခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ် ပစ်ထာကို အထက်လွှတ်တော်အမတ် ၁၃ ဦးကသာ ထောက်ခံခဲ့ပြီး ကျန်အချို့က ကန့်ကွက်မဲ သို့မဟုတ် မဲမပေးပဲ နေခဲ့ခြင်းဖြင့် အနိုင်ကျင့်ခံရတယ်လို့ MFP ပါတီက ပြောပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖို့ သောကြာနေ့မှာ အဆိုတင်သွင်းလိုက်ပြီး “ ဒါဟာ နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် အဖြေပဲ" လို့ ပါတီအထွေထွေအတွင်းရေးမှူးက မှတ်ချက်ပေးပါတယ်။ သြဇာအာဏာဟောင်းကနေ အထက်လွှတ်တော်ကို ဖိအားပေးဖို့၊ သြဇာအာဏာဟောင်းကနေ အရင်းရှင်တချို့အထိ MFP ပါတီအစိုးရကို မမြင်ချင်ကြဘူး ဖြစ်နေကြောင်း၊ တစ်လခန့်ကြာမြင့်နိုင်တယ်လို့ စောစောပိုင်း ရုပ်သံအင်တာဗျူးမှာ အထွေထွေအတွင်းရေးမှူးက ဆိုပါတယ်။

အရပ်သား လစ်ဘရယ်ဝါဒီ ပစ်ထာဟာ ယခင်က ဘယ်သူမှ တို့ထိနိုင်ခြင်း မရှိဘူးလို့ ယူဆခဲ့တဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့ ပြုပြင်ပြောင်းလဲရေး ကဏ္ဍများ အဖွဲ့အစည်းများကို ဖော်ဆောင်ရန် ကတိကဝတ်ကြောင့် လူငယ်များထံမှ သိသာထင်ရှားတဲ့ ထောက်ခံမှု ရရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ဘုရင်စနစ်အပေါ် စော်ကားခြင်းမှ တားမြစ်တဲ့ဥပဒေလည်း ပါ၀င်ပါတယ်၊ အဲဒီ မူဝါဒဟာ ပစ်ထာရဲ့အစီအစဉ်ကို ထောက်ခံရန် ဥပဒေပြုအမတ်များကို စည်းရုံးရာမှာ ပါတီအတွက် အဓိက အတားအဆီးတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

ပစ်ထာကတော့ ဘုရင်စနစ်ကို ကာကွယ်တဲ့ ထိုင်းပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၁၂ ဖျက်သိမ်းရေး သူ့ရဲ့ မူဝါဒများကို စွန့်လွှတ်ရန် မရှိ၊ ဝန်ကြီးချုပ်ရာထူးအတွက် တိုက်ပွဲ၀င်နေခြင်းကိုလည်း လက်မလျှော့ကြောင်း ကြာသပတေးနေ့မှာ ကတိပြုခဲ့ပါတယ်။

ထိုင်းပါလီမန်ဟာ ၀န်ကြီးချုပ်ရာထူးအတွက် နောက်တစ်ကြိမ် မဲခွဲဆုံးဖြတ်ဖို့ ဇူလိုင်လ ၁၉ ရက်ကို သတ်မှတ်ထားပါတယ်။ ပစ်ထာအနေနဲ့ အမည်စာရင်းတင်သွင်းခံရပါက ထပ်မံအရွေးခံခွင့် ရရှိမည်ဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုခဲ့ပါတယ်။

မီဒီယာအစုရှယ်ယာများပိုင်ဆိုင်ခြင်းကို ဖုံးကွယ်ထားတဲ့ ပစ်ထာဟာ အမတ်လောင်းတစ်ဦးရဲ့ အရည် အချင်းနဲ့ ပြည့်မီခြင်း မရှိကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ ရှုံးနိမ့်မှုမတိုင်မီ ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ ထောက်ခံချက်ဟာ ပစ်ထာ့အတွက် အဓိက ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ ဒါပြင် နောက်နာရီအနည်းငယ်ကြာယုံသာရှိသေး ဘုရင်စနစ်အပေါ် စော်ကားခြင်းမှ တားမြစ်တဲ့ ဥပဒေကို ပြင်ဆင်ရန် ကြံရွယ်တဲ့ ပါတီရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး တိုင်ကြားစာကို လက်ခံရရှိကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက ကြေညာခဲ့ပါတယ်။ အဲဒီ ဆက်တိုက်ဖြစ်ရပ်တွေဟာ ပစ်ထာရဲ့ ရပ်တည်ချက်ကို ပိုမိုရှုပ်ထွေးစေပြီး နိုင်ငံရေးရည်မှန်းချက်များ အတွက် စိန်ခေါ်မှုများကို ထပ်လောင်းခဲ့ပါတယ်။

ယခု သီတင်းပတ်အတွင်း နိုင်ငံရေး တင်းမာမှုတွေ ကျယ်ပြန့်လာမယ်လို့ မျှော်လင့်ရပါတယ်။ အထက် လွှတ်တော်အမတ်တစ်ဦးကလည်း သူနဲ့ သူ့မိသားစုအပေါ် အွန်လိုင်းမှ ခြိမ်းခြောက်မှုများအတွက် တရားစွဲဆိုထားပါတယ်။ MFP ရဲ့ ပစ်မှတ်ဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်နဲ့ တရားရုံးများ ဖြစ်နေပြီး ထွက်ပေါ်လာမယ့်ရလဒ်ကို ခန့်မှန်းဖို့ ခက်ပါတယ်။

ထိုင်းနိုင်ငံဟာ ရွေးကောက်ပွဲအနိုင်ရ ပြုပြင်ပြောင်းလဲရေး သဘောထားအယူအဆရှိသူ ပါတီများနဲ့ မျိုးရိုးစဉ် ဆက်လူချမ်းသာတို့နဲ့ဆက်စပ်သူများအကြား အာဏာလွန်ဆွဲမှုမှာ ဆယ်စုနှစ် နှစ်ခုကြာ ပိတ်မိနေခဲ့ပါတယ်။

ဒီမိုကရေစီလိုလားသူ အုပ်စုတွေက ကန့်ကွက်ဆန္ဒပြကြဖို့ တောင်းဆိုခြင်းဖြင့် ပစ်ထာ ရှုံးနိမ့်မှုကို တုန့်ပြန်ခဲ့ပါတယ်။ အထက်လွှတ်တော်အမတ်များနဲ့ မဲမပေးပဲနေသူများကို သူရဲဘောနည်းသူများ ပြည်သူ့ဆန္ဒကို အဆိပ်အတောက်ဖြစ်စေသူများအဖြစ် တက်ကြွလှုပ်ရှားသူ အုပ်စုတစ်ခုဖြစ်တဲ့ သမ်မာဆက်_ယူနိုက်တက် _တပ်ဦးက ဝေဖန်ပြီး ဆန္ဒပြဖို့ ရည်ရွယ်ထားကြပါတယ်။ 

ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ သစ်တီနမ်_ပေါင်ဆုဟီရက် ကတော့ ထိုင်းနိုင်ငံ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီအပေါ် အတားအဆီးတစ်ခုဖြစ်နေတယ်လို့ သုံးသပ်ပါတယ်။ MFP တို့ကို ဟန့်တားရန် စနစ်တကျ ကြိုးပမ်းမှုတွေဟာ လူထုရဲ့ တုံ့ပြန်မှုကို ဖြစ်ပေါ်စေလိမ့်မယ်လို့ သတိပေးပါတယ်။ နိုင်ငံအတွင်း အမြစ်တွယ်နေတဲ့ အဖွဲ့အစည်းတွေက သူတို့ လက်လွတ်ဆုံးရှုံးရမယ့် အရိပ်အရောင်များကြောင့် သူတို့ရဲ့ လက်ရှိအာဏာကို ဆက်လက်ထိန်းသိမ်းထားနေလိုကြတယ်လို့ ဆိုပါတယ်။

MFP က ထောက်ခံအားပေးတဲ့ အပြောင်းအလဲတွေဟာ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ဗဟိုပြုစနစ်ကို ပြေလျော့စေပြီး အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် လမ်းခင်းပေးမှာဖြစ်ကြောင်း အဲဒီလို အသွင်ကူးပြောင်းမှုဟာ နိုင်ငံရဲ့ ယှဉ်ပြိုင်နိုင်စွမ်း၊ နိုင်ငံရဲ့အလားအလာများကို ထုတ်ဖော်ပြသနိုင်လိမ့်မယ်လို့ ပါမောက္ခ သစ်တီနမ်က ယုံကြည်ပါတယ်။

(Reuters., 14 July 2023,” Thailand's Move Forward seeks to curb Senate powers after loss in PM vote” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယ အရှေ့မြောက်ဒေသက လူမျိုးရေး ပဋိပက္ခ (ဘာသာပြန်ဆောင်းပါး)

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved