Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယ အရှေ့မြောက်ဒေသက လူမျိုးရေး ပဋိပက္ခ (ဘာသာပြန်ဆောင်းပါး)

ရဲထွန်း (သီပေါ) (NSS) - ဇူလိုင် ၁၅


၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်က အိန္ဒိယအရှေ့မြောက်ဒေသက (Meitei people) မိတီ ခေါ် မဏိပူရီ နဲ့ကွတ်ကီးလူမျိုးတွေအကြားမှာ လူမျိုးရေးပဋိပက္ခတွေ ပေါ်ထွက်ခဲ့ပါတယ်။ မဏိပူရီလူမျိုးတွေဟာ အင်ဖာ တောင်ကြား လွင်ပြင်မှာနေထိုင်တဲ့ အများစု လူမျိုးတစ်မျိုး ဖြစ်ပါတယ်။ ပတ်ဝန်းကျင် တောင်တန်းဒေသမှာတော့  ကွတ်ကီးလူမျိုးစု၊ နာဂနဲ့ အခြားလူမျိုးစုတွေနေထိုင်ကြပြီး၊  အင်ဖာ တောင်ကြားလွင်ပြင်မှာလည်း မဏိပူရီတွေနဲ့ အတူနေထိုင်ကြတာလည်းရှိပါတယ်။ မဏိပူရီတွေကတော့ တောင်တန်း ဒေသတွေမှာ အခြေချနေထိုင်ခွင့်မရှိပါဘူး။ မဏိပူရီ၊ ကွတ်ကီး-ချင်း၊ နာဂ စတဲ့လူမျိုးစုတွေ အားလုံးက တိဗက်တိုဘား မင်းမိသားစုဝင် ဘာသာစကားကို ပြောဆိုကြသူတွေဖြစ်ပါတယ်။ 


ဇူလိုင်လ ၄ ရက်အထိ စာရင်းအရ အကြမ်းဖက်ဆူပူမှုတွေအတွင်းမှာ သေဆုံးသူပေါင်း ၁၄၂ ယောက်ရှိပြီး လူ ၃၀၀ လောက်ဒဏ်ရာအနာတရဖြစ်ခဲ့ကြပါတယ်။ လူဦးရေ ၅၄,၄၈၈ ယောက် အိုးအိမ်စွန့်ခွာ ထွက် ပြေးကြရပါတယ်။ 

       

အငြင်းပွားတဲ့ ဇယားဝင်လူမျိုးစု ဖြစ်ရေး

အငြင်းအခုန်ဖြစ်ကြတဲ့ကိစ္စက  မဏိပူရီတွေ ကာလရှည်ကြာတောင်းဆိုခဲ့ကြတဲ့ အိန္ဒိယနိုင်ငံ အခြေခံ ဥပဒေပါ ဇယားဝင်လူမျိုးစု အဆင့်အတန်းရရှိရေးနဲ့ပတ်သက်နေပါတယ်။ ဇယားဝင်လူမျိုးစု ဖြစ်တယ်ဆိုရင် အထူးအခွင့်အရေးတွေရရှိမှာပါ။ ပြီးခဲ့တဲ့ ဧပြီလထဲမှာ မဏိပူရ် တရားရုံးချုပ်က ပြည်နယ်အစိုးရကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်နိုင်ရင် သတင်းလေးပတ်အတွင်း ဆုံးဖြတ်ချက်ချမှတ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ကွတ်ကီးစတဲ့ လူမျိုးစုတွေက မဏိပူရီတွေရဲ့ တောင်းဆိုချက်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ မဏိပူရ်ရဲ့ လူမျိုးစုအားလုံး ကျောင်းသားများ သမဂ္ဂ (All Tribal Student Union of Manipur - ATSUM ) က မေလ ၃ ရက်မှာ တောင်တန်းဒေသ ခရိုင်အားလုံးမှာ ချီတက်ဆန္ဒပြဖို့ လှုံ့ဆော်ခဲ့ပါတယ်။ မတ်လကုန်ဆုံးချိန်မှာတော့၊ အင်ဖာလွင်ပြင်နဲ့ ကပ်ရက်က ချူရာချန်ပူခရိုင်အတွင်းနဲ့ ပတ်ဝန်းကျင်မှာ မဏိပူရီတွေနဲ့ ကွတ်ကီးတွေအကြားမှာ ထိပ်တိုက်ရင်ဆိုင် ရုန်းရင်းဆန်ခတ်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ 


အိန္ဒိယတပ်မတော်က အင်အား တသောင်းနဲ့ ပြည်သူ့စစ်တွေဟာ တရားဥပဒေစိုးမိုးရေးအတွက် ဝင်ရောက်ထိန်းသိမ်းခဲ့ပါတယ်။ အင်တာနက်ဝန်ဆောင်မှုတွေကိုလည်း ၅ ရက်ဖြတ်တောက်လိုက်ပါတယ်။  ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ကြေငြာလိုက်ပြိး လူစုလူဝေးပြုလုပ်တာတွေကို ပိတ်ပင်တားမြစ်လိုက်ပါတယ်။ သိပ်တင်းမာ လွန်းတဲ့ ကိစ္စရပ်တွေမှာ (သတ်မှတ်အချိန်အတွင်း အပြင်မထွက်ရ ) ကာဖျူးအမိန့်ကို အာဏာတည်ဖို့အတွက် မြင်တာနဲ့ ပစ် "shoot on sight" ဖို့ အိန္ဒိယ တပ်မတော်ကို အမိန့်ပေးထားပါတယ်။


နောက်ခံသမိုင်းကြောင်း

မဏိပူရဟာ အရှေ့ဘက်နဲ့ တောင်ဘက်မှာမြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တောင်တန်းပြည် နယ်တခုဖြစ်ပါတယ်။ အလယ်ဗဟိုက အင်ဖာတောင်ကြားလွင်ပြင်ဒေသဖြစ်ပြီး ပြည်နယ်ဧရိယာရဲ့ ၁၀ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီလွင်ပြင်ဒေသမှာ မိတီလို့ခေါ်တဲ့ မဏိပူရီတွေ အများစုနေထိုင်ကြပါတယ်။ တောင်ဖက်အရပ်က ပတ်ဝန်းကျင်တောင်တန်း ဒေသတွေမှာတော့ ကွတ်ကီးတွေနေထိုင်ကြသလို အရှေ့မြောက်ဖက်တောင်တန်းဒေသ တွေမှာတော့ နာဂလူမျိုးတွေနေထိုင်ကြပါတယ်။ 


မူဆလင်၊ ဗုဒ္ဓဘာသာနဲ့ ရိုးရာ ဆန်နမာဟီ ကိုယ်းကွယ်ကြသူတွေရှိကြပေမဲ့ အများစုက ဟင်ဒူဘာသာ ဝင်တွေဖြစ်ကြတဲ့ မဏီပူရီတွေဟာ ပြည်နယ်လူဦးရေရဲ့ ၅၃ ရာခိုင်နှုန်းရှိပါတယ်။ မဏိပူရ် မြေယာပြုပြင်ပြောင်းလဲရေးဥပဒေအရ မဏိပူရီတွေဟာ ဒေသဆိုင်ရာ ခရိုင်ကောင်စီတွေရဲ့ ခွင့်ပြုချက်ရှိမှသာ တောင် တန်းဒေသတွေပေါ်မှာ အခြေချနေထိုင်ခွင့်ရှိပါတယ်။ အများအားဖြင့် ခရစ်ယန်ဘာသာဝင်တွေဖြစ်ကြတဲ့ ကွတ်ကီးတွေနဲ့ နာဂတောင်တန်းသား ဦးရေဟာ ၃ ဒသမ ၅ သန်းရှိတဲ့ ပြည်နယ်လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။ ပြည်နယ်ဧရိယာရဲ့ ၉၀ ရာခိုင်နှုန်းရှိတဲ့ တောင်တန်းဒေသဟာ သူတို့အတွက် သီးသန့်ဖယ်ပေးထားတဲ့ နေရာဖြစ်ပါတယ်။ ဒီတောင်တန်းဒေသသားတွေကိုတော့ တောင်ကြားလွင်ပြင်မှာ အခြေချနေထိုင်ခြင်းမပြုရလို့ ပိတ်ပင်မထားပါဘူး။ 


မဏိပူရ ပြည်နယ်လွှတ်တော်မှာ မဏိပူရီတွေက နိုင်ငံရေးအာဏာအပေါ် အများစုလွှမ်းမိုးမှုရှိပါတယ်။ လွှတ်တော်နေရာ ၆၀ အနက် ၁၉ နေရာကို ဇယားဝင်လူမျိုးစုတွေအတွက် သီးသန့်ဖယ်ပေးထားပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်းမှာ မဏိပူရီတွေရဲ့ ကိုယ်စားလှယ်တွေက ၃၉ နေရာရခဲ့ပါတယ်။ ဒါကြောင့် အစိုးရအသုံးစားရိတ်ခွဲဝေချထားပေးတဲ့အခါ မဏိပူရီတွေ နေထိုင်တဲ့ အင်ဖာတောင်ကြားလွင်ပြင် ဒေသက ပိုမိုရရှိနေတာကို တောင်တန်းဒေသသားတွေက မကျေမနပ်ဖြစ်ကြပါတယ်။ 


၂၀၂၃ ခုနှစ် ဆူပူအုံကြွမှု

၂၀၂၃ ခုနှစ်မှာ၊ ပြည်နယ်အစိုးရက သစ်တောဧရိယာတွေထဲ တရားမဝင်ကျူးကျော်နေထိုင်မှုတွေကိုဖယ်ရှားဖို့ ကြိုးပမ်းခဲ့ပါတယ်။ အစိုးရအရာရှိတွေက မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာပြီး မဏိပူရမှာ အခြေချနေထိုင်ကြတာတွေက ၁၉၇၀ ခုနှစ်တွေလောက်ကတည်းကစပြီးရှိလာခဲ့တာလို့ဆိုပါတယ်။ တောင်တန်းဒေသသားတွေရဲ့ အဆိုအရ တရားမဝင်ဝင်ရောက်မှုတွေဆိုတာက ယိုးမယ်ဖွဲ့ အကြောင်းပြချက်သက်သက်သာဖြစ်တယ်၊ မဏိပူရီတွေက သူတို့တောင်တန်သားတွေကို သူတို့နယ်မြေတွေကနေ မောင်းနှင်ထုတ်ချင်လို့ ယမယ်ရှာတာသာဖြစ်တယ်လို့ ဆိုကြပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော် ဝါရီလမှာတော့ ဘီဂျေပီ ပြည်နယ်အစိုးရက ချူ Churachandpur ရာချန်ဒ်ပူ၊ Kangpokpi ကန်ပေါ့ပီနဲ့ Tengnoupal ထန်နိုပယ် ခရိုင်တွေထဲက သစ်တောတွေထဲ  နေထိုင်သူတွေကို ကျူးကျော်ဝင်ရောက်နေထိုင်သူများလို့ ကြေငြာပြီး စတင်မောင်းနှင်ထုတ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကို တောင်တန်းသားတွေက သူတို့ကို ဆန့်ကျင်တဲ့လုပ်ရပ်လို့ ရှုမြင်ကြပါတယ်။


မတ်လထဲမှာတော့ မဏိပူရ် အစိုးရက၊ ကွတ်ကီးအမျိုးသားတပ်မတော်နဲ့ ဇိုမီးတော်လှန်ရေးတပ်မတော်တို့အပါအဝင် ကွတ်ကီး စစ်သွေးကြွအုပ်စုသုံးခုနဲ့ သဘောတူထာားတဲ့ စစ်ဆင်ရေးများရပ်ဆိုင်းထားရေး သဘောတူစာချုပ်ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဗဟိုအစိုးရအနေနဲ့က ဒီလိုနှုတ်ထွက်တာကို ထောက်ခံထားတာမရှိပါဘူး။ မဏိပူရီ အရပ်ဖက်အဖွဲ့အစည်းပေါင်းစုံကလည်း နယူးဒေလီမှာ ဆန္ဒပြကြပါတယ်။ တောင်တန်းဒေသတွေမှာ မူမမှန်တဲ့ လူဦးရေးတိုးပွားလာမှုကို မကျေမနပ်ဖြစ်ကြတဲ့အတွက် ၁၉၅၁ ခုနှစ်ကို အခြေခံနှစ်အဖြစ်ထားပြီး တနိုင်ငံလုံး နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ဖို့ ဖိအားပေးတဲ့ဆန္ဒပြပွဲပါ။ 


ကန်ပေ့ါကီ ခရိုင်မှာ လူငါးယောက်ထိခိုက်ဒဏ်ရာရခဲ့တာကနေ ပထမဆုံး သွေးထွက် သံယိုမှုစဖြစ်ပါ တယ်။ အဲဒီပွဲမှာ လူတွေစုဝေးပြီး “ သစ်တော ကြိုးဝိုင်းနယ်မြေ၊ သစ်တောများကာကွယ်ရေးနဲ့ တောရိုင်း တိရိစ္ဆာန် ဘေးမဲ့တော တို့ကိုအကြောင်းပြပြီး လူမျိုးစုနယ်မြေများကို ကျူးကျော်ထိပါးခြင်း” ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ ကျင်းပ ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပြည်နယ်အစိုးရကလည်း “ ပြည်နယ်အစိုးရရဲ့ သစ်တော သယံဇာတ ထိန်းသိမ်းရေးနဲ့ ဘိန်းစိုက်ပျိုးမှုအမြစ်ဖြတ်ရေးအတွက်” အစိုးရရဲ့ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး စေ့စပ်အလျှော့ပေးမှာမဟုတ်ကြောင်း ကြေငြာပါတယ်။ ဧပြီလ ၁၁ ရက်မှာတော့ အင်ဖာရဲ့ လူမျိုးစုများစုဝေးနေထိုင်ရာ အရပ်မှာရှိတဲ့ ဘုရားရှိခိုးကျောင်း သုံးကျောင်းဟာ အစိုးရမြေပေါ် တရားမဝင်တည်ဆောက်ထားတာကြောင့် ဖြိုချဖျက်ဆီးခံလိုက်ရပါတယ်။ 


၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာ မဏိပူရ် တရားရုံးချုပ် တရားသူကြီးတယောက်က “ မဏိပူရီ လူမျိုးတွေရဲ့ ဇယားဝင်လူမျိုးစု ( Scheduled Tribes ST list) ဖြစ်ရေး တောင်းဆိုချက်ကို” စဉ်းစားဆုံးဖြတ်ပေးဖို့ ပြည်နယ်အစိုးရကို  ညွှန်ကြားခဲ့ပါတယ်။ တကယ်လို့ မဏိပူရီတွေကို ဇယားဝင်လူမျိုးစု အဖြစ်သတ်မှတ်ပေး လိုက်မယ်ဆိုရင် မဏိပူရီတွေက ယခင်ကတားမြစ်ခံထားရတဲ့ တောင်တန်းဒေသတွေမှာ မြေတွေဝယ်ယူ အခြေချခွင့်ရသွားကြ တော့မှာဖြစ်လို့ ကွတ်ကီး လူမျိုးတွေအနေနဲ့ စိုးရိမ်ကြပါတယ်။ 

တောင်တန်းသားလူမျိုးစု အုပ်စုတွေက ဧပြီလ ၂၈ ရက်မှာ ပြည်နယ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေ ကို ဆန္ဒပြတဲ့အနေနဲ့ အထွေထွေသပိတ်မှောက်ကြဖို့ လှုံဆော်ခဲ့ကြပါတယ်။ အဲဒီနေ့ဟာ ဝန်ကြီးချုပ် N. Biren Singh က ချူရာချန်ဒ်ပူရ် ကိုလာလည်ပြီး air gym အားကစားခန်းတခုဖွင့်ပေးဖို့ စီစဉ်ထားတဲ့နေ့လည်းဖြစ်ပါတယ်။ အဲဒီနေ့မတိုင်ခင်တရက်မှာ လူအုပ်တစုက အားကစားခန်းကို မီးတင်ရှို့ဖျက်ဆီးပစ်လိုက်ကြပါတယ်။ အဲဒီနောက် ဧပြီလ ၂၈ ရက်မှာ ပုဒ်မ ၁၄၄ ကိုထုတ်ပြန်လိုက်ပြီး အင်တာနက်ဝန်ဆောင်မှုကို ငါးရက်ကြာပိတ်ပစ်လိုက်ပါ တယ်။ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့ပြီး ရဲတွေက မျက်ရည်ယိုဗုံးများသုံးကာ ဆန္ဒပြသူများကို လူစုခွဲခဲ့ပါတယ်။


လူနေအိမ် ၁၇၀၀ လောက်နဲ့ မော်တော်ယဉ် အများအပြားဟာ ဆူပူအုံကြွမှုအတွင်းမှာ မီးရှို့ဖျက်ဆီးခံ ရတယ်လို့ အစိုးရကကြေငြာပါတယ်။ အင်ဖာအနောက်ပိုင်း၊ ကက်ချင်း၊ သိုဘယ်၊ ဂျီရိဘမ်နဲ့ ဘစ်ရှ်နုပါ စတဲ့ မဏိပူရီ အများစုနေထိုင်တဲ့ ခရိုင်ငါးခုနဲ့  တောင်ပေါ်သားလူမျိုးစု အများစုနေထိုင်တဲ့ ချုရာချန်ဒ်ပူရ်၊ ကန်ပေါ့ကီနဲ့ တန်နိုပယ် ခရိုင်သုံးခုတို့မှာ ညမထွက်ရ ကာဖျူး အမိန့်ထုတ်ထားပါတယ်။


မဏိပူရ်အစိုးရက မေလ ၄ ရက်မှာ ကာဖျူးချိန်အတွင်း ဥပဒေမလိုက်နာသူများကို “မြင်တာနဲ့ ပစ်” shoot at sight ဖို့ အမိန့်ပေးထားပါတယ်။ မေလ ၄ ရက်၊ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ လူဦးရေ ၉၀၀၀၊ ၂၀၀၀၀နဲ့ ၂၃၀၀၀ တို့အသီးသီးကို အသက်အန္တရာယ်လုံခြုံစိတ်ချစေဖို့အတွက် စစ်တပ်က နေရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။


အငြိမ်းစား တရားသူကြီးချုပ်တယောက်ခေါင်းဆောင်တဲ့ ခုံအဖွဲ့တခုကိုဖွဲ့စည်းကာ သွေးထွက်သံယို ပဋိပက္ခဖြစ်မှုကို စုံစမ်းစစ်ဆေးနေပြီး၊ ပြည်နယ်ဘုရင်ခံနဲ့ လုံခြုံရေး အကြံပေး ကူလ်ဒိပ် ဆင်းဂ်တို့ဟာ အရပ်ဖက် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များနဲ့အတူ ငြိမ်းချမ်းရေးကော်မတီတခုကိုလည်းဖွဲ့စည်း ဆောင်ရွက်နေကြပါတယ်။ 

                                                                                                     

ကိုးကား- 2023 Manipur violence by Wikipedia


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ညောင်ရွှေမြို့နယ်၌ ကာယဆရာနှင့်ဇနီးဖြစ်သူတို့ကို PDF အဖွဲ့က ဓား၊ ကျောက်ခဲတို့အသုံးပြုကာ သတ်ဖြတ်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved