Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာအရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ဆောင်ရွက်ချက်ကို နှစ်သက်ခြင်းမရှိတဲ့အတွက် ပူးတွဲကြေညာချက်ထုတ်ပြန်ဖို့ ရုန်းကန်ခဲ့ရ

ဂျန်ဇက် (NSS) - ဇူလိုင် ၁၄ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ဖို့ ရုန်းကန်ရမှုများရှိခဲ့ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာအရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ချဉ်းကပ်ဆောင်ရွက်မှုအပေါ် နှစ်သက်ခြင်းမရှိတဲ့အတွက် ပူးတွဲကြေညာချက်ထုတ်ပြန်ဖို့ နှောင့်နေးခဲ့ရကြောင်း သိရပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းက ၎င်းဟာ ဇူလိုင် ၉ ရက်နေ့မှာ မြန်မာနိုင်ငံကိုသွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ 

အာဆီယံ သံတမန်အရင်းမြစ်တွေက ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးသွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရေး အခက်အခဲတွေကိုအဖြေရှာဖို့ အောင်မြင်မှုတစ်ခုအဖြစ် ပူးတွဲကြေညာချက် ထဲမှာ ထုတ်ပြန်စေလိုကြောင်း ပြောပါတယ်။


ဒါပေမယ့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အပြင် မလေးရှား၊ စင်ကာပူနိုင်ငံတို့က မြန်မာအရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ဆောင်ရွက်ချက်တွေကို ကျေနပ်ခြင်းမရှိကြောင်း၊ ထိုင်းအစိုးရရဲ့ဆောင်ရွက်ချက်တွေက အာဆီယံ မူဘောင်ကို ကျော်လွန်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့တယ်လို့ သိရပါတယ်။ 

ဇူလိုင် ၁၂ ရက်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြီးခဲ့ပေမယ့် ကြေညာချက်ကို ချက်ချင်း ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ဇူလိုင် ၁၃ ရက်နေ့မှ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ 

အဆိုပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ပူးတွဲကြေညာချက်ထဲမှာ မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့ အာဆီယံသဘောတူညီချက်ငါးချက်ကို ဆက်လက်ကျင့်သုံးမယ်ဆိုတဲ့အချက်နဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပွားနေခြင်းအပေါ် ပြစ်တင်ရှုတ်ချကြောင်း အဓိကထား ဖော်ပြထားပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံများဟာ မြန်မာနိုင်ငံကိုသွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ဆောင်ရွက်ချက်ကို အပြုသဘောဆောင်တဲ့တိုးတက်မှုအဖြစ် ရှုမြင်ပေမယ့် အာဆီယံဥက္ကဋ္ဌနဲ့ ပူးပေါင်းဆောင်ရွက် စေလိုကြောင်း ပြောပါတယ်။

အဆိုပါအာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ပူးတွဲကြေညာချက်ဟာ အကြိတ်အနယ်ဆွေးနွေးခဲ့ပေမယ့် မြန်မာနိုင်ငံ ရေးအခြေအနေကို အဖြေရှာနိုင်ဖို့ ခိုင်မာတဲ့တိုးတက်မှုမျိုး မရှိခဲ့ကြောင်း ရူမြင်သုံးသပ်တာတွေလည်း ရှိနေခဲ့ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တန့်ကြည့်တောင်ဘုရားအနီး၌ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲဖြစ်၊ ကျောင်းသား (၁ဝဝဝ)နီးပါး ပညာသင်နေသော စာသင်ကျောင်း(၃)ခု ပိတ်ထားရ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved