Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တန့်ကြည့်တောင်ဘုရားအနီး၌ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲဖြစ်၊ ကျောင်းသား (၁ဝဝဝ)နီးပါး ပညာသင်နေသော စာသင်ကျောင်း(၃)ခု ပိတ်ထားရ

NSS - ဇူလိုင် ၁၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ဘုရားအနီးရှိ ကျေးရွာ၌ PDF ပူးပေါင်းအဖွဲ့များနှင့် ပြည်သူ့စစ်၊ တပ်မတော် ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ဆိက္ခဝကျေးရွာအုပ်စု၊ တန့်ကြည့်တောင်ဘုရားအနီးရှိ တောင်ရွာယာကျေးရွာတွင် ယမန်နေ့(ဇူလိုင် ၁၃ ရက်) နံနက် ၅ နာ ရီခွဲအချိန်ခန့်တွင် နှစ်ဖက်အကြား (၁)နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

PDF ပူးပေါင်းအဖွဲ့များသည် တောင်ရွာယာကျေးရွာကို နံနက်အစောပိုင်းတွင် လာရောက်ချဉ်းကပ်ကာ လူနေအိမ်(၁)လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။


“တောင်ရွာယာကျေးရွာအနားကို အင်အား(၂ဝ)ခန့် လာကပ်တယ်။ ရွာရဲ့မီတာ (၂၅ဝ)လောက်အကွာမှာ အင်အားက (၄ဝ) ကျန်ခဲ့တယ်။ နောက်ချန်အင်အားပေါ့။ အဲဒီလို ကပ်ပြီးတော့ ရွာထဲမှာရှိတဲ့ အိမ်တစ်အိမ်ကို မီးရှို့တယ်။ ပြီးတော့ စတင်ပစ်ခတ်တယ်။ အဲဒီမှာ ပြည်သူ့စစ်အဖွဲ့နဲ့ တပ်မတော်တို့ရှိတယ်။ အဲဒီတော့ ပြည်သူ့စစ်နဲ့တပ်မတော်အဖွဲ့တွေက လည်း PDF တွေရှိတဲ့နေရာကို သွားပြီးတော့ တိုက်တယ်ပေါ့။ အဲဒီတော့ မနက် ၅ နာရီ ၂ဝ လောက်မှာ အပြန်အလှန်ပစ် ခတ်မှုတွေ ဖြစ်တာပေါ့” ဟု တောင်ရွာယာကျေးရွာဒေသခံတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း ကုန်စိမ်းလိုက်လံရောင်းချသည့် အသက်(၁၉)နှစ်အရွယ် ဒေသခံ ကိုမင်းသူအောင် ဆိုသူမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကာ ဆေးရုံ၌ သေဆုံးခဲ့ပြီး နောက်ထပ် ရွာခံတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာ များရရှိသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် PDF ပူးပေါင်းအဖွဲ့သည် တောင်ရွာယာကျေးရွာသို့ လာရောက်ချဉ်းကပ်တိုက်ခိုက်မှုနှင့် တစ်ပြိုင်နက် ၎င်းကျေးရွာနှင့် မီတာ (၂ဝဝဝ)ခန့်ဝေးသော ရေနံချက်ကျေးရွာသို့ ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံများက ထပ်မံ ပြောထားသည်။

“အဲဒီရွာနဲ့ တစ်ချိန်တည်းတစ်ပြိုက်နက်တည်းမှာ ရေနံချက်ကျေးရွာကို ဝင်စီးတယ်။ ပြည်သူ့စစ်ရဲ့ မိဘအိမ်ကို ဝင်စီးတယ်။ ပြည်သူ့စစ် က စခန်းမှာနေတာဆိုတော့ ပြည်သူ့စစ်ကို မတွေ့ရဘူး။ ထိတွေ့မှု မဖြစ်ခဲ့ဘူးပေါ့။ အဲဒီလို မတွေ့တဲ့အခါကြတော့ ဖုန်းတွေ၊ ဘာတွေ သိမ်းသွားတယ်။ ပိုက်ဆံတွေယူသွားတယ်။ လူသတ်တာတို့၊ ဘာတို့တော့ လုပ်မသွားဘူးပေါ့” ဟု ရေနံချက်ကျေးရွာဒေသခံတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများကြောင့် တောင်ရွာယာကျေးရွာ၊ ရေနံချက်ကျေးရွာနှင့် ရွာသစ်ကျေးရွာတို့ ဒေသခံပြည်သူများသည် လတ်တလော၌ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ကျောင်းသား၊ ကျောင်းသူ (၁ဝဝဝ)နီးပါး ပညာသင်ယူနေသည့် အထကခွဲ(တောင်ရွာယာ)၊ အလက(ရေနံချက်)နှင့် အမက(ရွာသစ်)ကျောင်းတို့ကို ပိတ်ထာရကြောင်း ဒေသခံများက ဆိုထားသည်။

“အခုတော့ စာသင်ကျောင်းတွေရော၊ ရွာသူ၊ရွာသားတွေရော ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာ ရှောင်ရှားနေကြရတယ်။ အခု လက်ရှိမှာတော့ စာသင်ကျောင်းတွေကို မနေ့ကရော၊ တစ်နေ့ကရော ပိတ်ထားတယ်။ အထကခွဲရှိတဲ့ တောင်ရွာယာမှာဆို ရင် ကျောင်းသား (၅ဝ)ကျော်ရှိတယ်။ အခုတော့ ပိတ်ထားရတယ်။ နောက် ရေနံချက်ရွာမှာရှိတဲ့ အလကကျောင်းကို လည်း ပိတ်ထားရတယ်။ အဲဒီကျောင်းမှာက ကျောင်းသားဦးရေ (၂၃ဝ)ကျော်ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုထားသည်။

လက်ရှိအချိန်တွင်လည်း PDF ပူးပေါင်းအဖွဲ့များနှင့် ပြည်သူ့စစ်၊ တပ်မတော်လုံခြုံရေးအဖွဲ့တို့အကြား နှစ်ဖက်စစ်ရေးတင်း မာနေမှုများ ရှိနေကြောင်းလည်း ဒေသခံများက အသိပေးပြောဆိုထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဇူလိုင်(၁၉)ရက်၌ အာဇာနည်ဗိမာန်သို့ လာရောက်သူများအနေဖြင့် ဖုန်း၊ ပန်းစည်း၊ ပန်းခြင်း တို့ကိုယူဆောင်လာခြင်းမပြုရန် နစက အသိပေး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved