မြို့နယ်ပါတီရုံးများ ဖွင့်ပြီးပါက ရွေးကောက်ပွဲကော်မရှင်၊ ထွေအုပ်နှင့် ဌာနဆိုင်ရာများက စစ်ဆေးရန်ရှိ၍ ပြင်ဆင်ထားရန် UEC အသိပေး
NSS - ဇူလိုင် ၁၂
မြို့နယ်ပါတီရုံးများ ဖွင့်လှစ်ပြီးပါက ရွေးကောက်ပွဲကော်မရှင်၊ ထွေအုပ် နှင့် ဌာနဆိုင်ရာများက စစ်ဆေးရန်ရှိ၍ ပြင်ဆင်ထားရန် UEC က အသိပေးပြောဆိုထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်သော ရခိုင်ပြည်နယ်တာဝန်ခံဦးအောင်မိုးမြင့်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်၌ မှတ်ပုံတင်ခွင့်ရရှိပြီးသော နိုင်ငံရေးပါတီများကို ဇူလိုင်လ ၁၁ ရက်က တွေ့ဆုံခဲ့ရာတွင် အထက်ပါကဲ့သို့ အသိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သော ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ်အမျိုး သားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီတို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများအနေဖြင့် ဥပဒေအရ မှတ်ပုံတင်ခွင့်ပြုမိန့်ကျပြီးနောက် ရက်ပေါင်း (၉၀)အတွင်း စုစည်းရမည့်ပါတီဝင်အင်အားပြည့်မီရေး စုဆောင်းရန်နှင့် ရက်ပေါင်း (၁၈၀)အတွင်း ဖွင့်လှစ်ရမည့် နိုင်ငံရေးပါတီများ၏ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရမည်ဟု ကော်မရှင်အဖွဲ့ဦးအောင်မိုးမြင့်က ပြောသည်။
ထိုသို့ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်ရာတွင်လည်း သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ခွင့်ပြုချက်တောင်းခံဆောင်ရွက်ရန်လည်း ဦးအောင်မိုးမြင့်က ဆက်လက်ပြောဆိုထားသည်။
ထို့ပြင် မြို့နယ်ပါတီရုံးများ ဖွင့်လှစ်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာနတို့မှ ပူးပေါင်းပြီးစစ်ဆေးရန်ရှိသည့်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လည်း ၎င်းက ထပ်မံအသိပေးထားသည်။
လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီပေါင်း (၄၀)ကို မှတ်ပုံတင်ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နွားထိုးကြီးမြို့တွင် ဈေးဝယ်ပြီးပြန်လာသော အမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ