မန်စီးတီးကစားသမား ဘာနာဒိုလ်ဆေးဗားကို ယူရိုသန်း(၇ဝ)ဖြင့် ခေါ်ယူရန် ဆန္ဒရှိနေတဲ့ ဆော်ဒီအာရေးဗျကလပ်
Pika (NSS) - ဇူလိုင် ၁၁
ဆော်ဒီအာရေးဗျကလပ်တစ်ခုဖြစ်သော Al-Hilal အသင်းသည် မန်စီးတီးတောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗား ကို ခေါ်ယူရန်အတွက် ယူရိုသန်း(၇ဝ)ပေးချေရန် ဆန္ဒရှိသည်ဟု မန်စီးတီးအသင်းတာဝန်ရှိသူများကို ပြောကြားခဲ့ ကြောင်း သိရသည်။
Al-Hilal အသင်းသည် လက်ရှိနွေရာသီတွင် ဘာနာဒိုဆေးလ်ဗားကိုခေါ်ယူရန် စိတ်အားထက်သန်နေပြီး မန်စီးတီး အသင်းနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိနေကြောင်း သိရသည်။ Al-Hilal အသင်းသည် ဘာနာဒိုဆေးလ်ဗားကို တစ်နှစ်လုပ်အားခ ယူရိုသန်း(၅ဝ) ဖြင့် ကမ်းလှမ်းထားကြောင်း သိရသည်။
ဘာနာဒိုဆေးလ်ဗားသည် Al-Hilal အသင်း၏ ကမ်းလှမ်းမှုကို စဉ်းစားနေသလို Al-Nassr အသင်းကလည်း ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ သို့သော်လည်း ဆော်ဒီအာရေးဗျကလပ်များသည် ဘာနာဒို ဆေးလ်ဗားအတွက် ရွေးချယ်ရမည့် တစ်ခုတည်းသော နေရာမဟုတ်ကြောင်း သိရသည်။
ပီအက်စ်ဂျီအသင်းသည်လည်း ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူရန် စိတ်ဝင်စားနေသလို ဘာစီလိုနာအသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ သို့သော်လည်း ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအခက်အခဲ များရှိနေသလို ပီအက်စ်ဂျီအသင်းသည်လည်း တိုက်စစ်မှူးအမ်ဘာပေ အပြောင်းအရွှေ့ကို ဦးစားပေးလုပ်ဆောင်နေ သောကြောင့် ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူရန်အခွင့်အလမ်းနည်းပါးနေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် လက်ရှိအချိန်တွင် ဘာနာဒိုဆေးလ်ဗား နှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ရန် မျှော်လင့်နေပြီး လက်ရှိ စာချုပ်မှာ (၂ဝ၂၅) ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၁၁ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ သတင်းထူးများ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း