Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ကိုရီးယားရဲ့ရန်စမှုကို အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားတို့ သုံးနိုင်ငံ ပူးပေါင်း တုံ့ပြန်မယ်

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၂

မြောက်ကိုရီးယားနိုင်ငံရဲ့ရန်စမှုများကို တုံ့ပြန်နိုင်ဖို့ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့ သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့  တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ဖို့ ဂျပန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးမဟာဗျူဟာကိုလည်း ကူညီပေးသွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

၎င်းက "မြောက်ကိုရီးယားနိုင်ငံရဲ့ဥပဒေနဲ့မညီဘဲ အဆင်အခြင်မဲ့ ဒုံးကျည်ပစ်လွှတ်မှုများကို ဂျပန်နိုင်ငံက ရင်ဆိုင် နေရတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကဆိုရင် မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်လိုက်တဲ့ တာဝေးပစ် ဒုံးကျည်ဟာ ဂျပန်နိုင်ငံအပေါ်ကို ဖြတ်သန်းသွားခဲ့တယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ရန်စမှုတွေကို တားဆီးဖို့ တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်တို့ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ လိုအပ်မှုရှိလာမယ်ဆိုရင် မြောက်ကိုရီးယားရဲ့ရန်စမှုတွေကို ကာကွယ်သွားမှာပါ" လို့ ပြောပါတယ်။

အန်တိုနီဘလီကန်ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင် အပြင် ဂျပန်ကာကွယ်ရေးဝန်ကြီး ဟာမာဒါ၊ နိုင်ငံခြားရေးဝန်ကြီး ဟာယာရှီတို့နဲ့ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အခုလိုမျိုးပြောခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ တာဝေးဒုံးကျည်များ အပါအဝင် ဒုံးကျည်အစင်း ပေါင်း အနည်းဆုံး ၇ဝ ကျော် စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကလည်း ဂျပန်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို ပြစ်တင်ရှုတ်ချကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကိုအခြေခံပြီး မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယားအပြည့်အဝ ကင်းစင်အောင် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားရဲ့ပြဿနာများကို တုံ့ပြန်နိုင်ဖို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုခဲ့ပါတယ်။


Zawgyi Version; 

ေျမာက္ကိုရီးယားရဲ႕ရန္စမႈကို အေမရိကန္၊ ဂ်ပန္၊ ေတာင္ကိုရီးယားတို႔ သုံးႏိုင္ငံ ပူးေပါင္း တုံ႔ျပန္မယ္

ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၂

ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ရန္စမႈမ်ားကို တုံ႔ျပန္ႏိုင္ဖို႔ အေမရိကန္၊ ဂ်ပန္၊ ေတာင္ကိုရီးယားႏိုင္ငံတို႔ သုံးႏိုင္ငံ ပူးေပါင္း ေဆာင္႐ြက္သြားမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ 

အေမရိကန္ႏိုင္ငံအေနနဲ႔  တုံ႔ျပန္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ႏိုင္ဖို႔ ဂ်ပန္ႏိုင္ငံရဲ႕အမ်ိဳးသားလုံၿခဳံေရးမဟာဗ်ဴဟာ ကို လည္း ကူညီေပးသြားမွာျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။ ၎က "ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ဥပေဒနဲ႔မညီဘဲ အဆင္အျခင္မဲ့ ဒုံးက်ည္ပစ္လႊတ္မႈမ်ားကို ဂ်ပန္ႏိုင္ငံက ရင္ဆိုင္ ေနရတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းကဆိုရင္ ေျမာက္ကိုရီးယားႏိုင္ငံက ပစ္လႊတ္လိုက္တဲ့ တာေဝးပစ္ ဒုံးက်ည္ဟာ ဂ်ပန္ႏိုင္ငံအေပၚကို ျဖတ္သန္းသြားခဲ့တယ္။ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ရန္စမႈေတြကို တားဆီးဖို႔ ေတာင္ကိုရီးယား၊ ဂ်ပန္၊ အေမရိကန္တို႔ သုံးႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္သြားမွာပါ။ လိုအပ္မႈရွိလာမယ္ဆိုရင္ ေျမာက္ကိုရီးယားရဲ႕ရန္စမႈေတြကို ကာကြယ္သြားမွာပါ" လို႔ ေျပာပါတယ္။ 

အန္တိုနီဘလီကန္ဟာ အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳင္ေအာ္စတင္ အျပင္ ဂ်ပန္ကာကြယ္ေရးဝန္ႀကီး ဟာမာဒါ၊ ႏိုင္ငံျခားေရးဝန္ႀကီး ဟာယာရွီတို႔နဲ႔ ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ အခုလိုမ်ိဳးေျပာခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာ တာေဝးဒုံးက်ည္မ်ား အပါအဝင္ ဒုံးက်ည္အစင္း ေပါင္း အနည္းဆုံး ၇ဝ ေက်ာ္ စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔ သိရပါတယ္။  ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးကလည္း ဂ်ပန္ႏိုင္ငံအေနနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈမ်ားကို ျပစ္တင္ရႈတ္ခ်ေၾကာင္း၊ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ဆုံးျဖတ္ခ်က္ကိုအေျခခံၿပီး ေျမာက္ကိုရီးယားႏိုင္ငံကို န်ဴကလီးယားအျပည့္အဝ ကင္းစင္ေအာင္ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။ ဂ်ပန္ႏိုင္ငံအေနနဲ႔ ေျမာက္ကိုရီးယားရဲ႕ျပႆနာမ်ားကို တုံ႔ျပန္ႏိုင္ဖို႔ အေမရိကန္၊ ေတာင္ကိုရီးယားနဲ႔ အနီးကပ္ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးက ထပ္မံေျပာဆိုခဲ့ပါတယ္။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁) ကို ယနေ့ ပြန်လည်ဖွင့်လှစ်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved