Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျပန်တို့ရဲ့ Covid ထိန်းချုပ်မှုကို တရုတ်လက်တုန့်ပြန်မှုအဖြစ် ဆိုးလ်နဲ့ တိုကျိုအတွက် ဆိုက်ရောက်ဗီဇာထုတ်ပေးမှုကို ပေကျင်းဘက်က ရပ်ဆိုင်း

Htay Oung (NP News) - ဇန်နဝါရီ ၁၂

သူတို့အပေါ် Covid နဲ့ ပတ်သက်ပြီး ကန့်သတ်ချက်များဟာ ဆိုးလ်ရဲ့ စော်ကားရာရောက်တဲ့ ဆက်ဆံမှုအဖြစ် တရုတ်ခရီးသွားတို့က လူမှုကွန်ရက်မှာ ရှုတ်ချနေကြပါတယ်။ လက်တုန့်ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံတို့အပေါ် Covid ထိန်းချုပ်မှုကို တရုတ်အစိုးရမီဒီယာက ဇန်နဝါရီလ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ကာကွယ် ရေးသားလိုက်တယ်လို့ Reuters က ဇန်နဝါရီလ ၁၁ ရက်က ဖော်ပြပါတယ်။

Covid ကူးစက်မှုနဲ့ပတ်သက်ပြီး ကမ္ဘာ့အတင်းကျပ်ဆုံး ကန့်သတ်ချက်အောက်မှာ သုံးနှစ်ကြာ အထီးကျန်နေခဲ့တဲ့ တရုတ်နိုင်ငံဟာ ဒီဇင်ဘာလစောစောပိုင်း ပြည်တွင်း သမိုင်းဝင်ဆန္ဒပြပွဲတွေအပြီး တားမြစ်ကန့်သတ်ချက်တွေကို ရုတ်တရက် စတင်ဖျက်သိမ်းတဲ့အနေနဲ့ သူ့နိုင်ငံရဲ့ နယ်စပ်ဝင်ပေါက်တွေကို ဇန်နဝါရီလ ၈ ရက်၊ တနင်္ဂနွေနေ့မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

တစ်ဆစ်ချိုးပြောင်းလဲလိုက်တဲ့မူဝါဒနောက်ပိုင်း တရုတ်နိုင်ငံရဲ့ လူ ၁.၄ ဘီလျံအတွင်း စစ်ဆေးမှုမရှိတဲ့ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေခဲ့ပြီး သေဆုံးမှုနဲ့ပတ်သက်လို့ အမှန်တကယ် အစီရင်ခံမှု နည်းပါးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ အချို့နိုင်ငံရပ်ခြားအစိုးရများအနေနဲ့လည်း ရောဂါဖြစ်ပွားမှုအတိုင်းအတာနဲ့ အကျိုးသက်ရောက်မှု အပေါ် စိုးရိမ်မှုများ မြင့်တက်လာနေပါတယ်။ပြီးခဲ့တဲ့လ စောစောပိုင်း တစ်နေ့လျှင် သေဆုံးသူ ငါးဦး (သို့မဟုတ်) အဲဒီထက်နည်းပါးကြောင်း တရုတ်ကျန်းမာ ရေးအာဏာပိုင်ပြောဆိုချက်ဟာ - အသုဘအိမ်များမှာ မြင်တွေ့ရတဲ့ လူတန်းရှည်များနဲ့ မကိုက်ညီဘဲဖြစ်နေပါ တယ်။ ဇန်နဝါရီလ ၁ဝ ရက်၊ အင်္ဂါနေ့ သတင်းထုတ်ပြန်ရာမှာလည်း Covid ရောဂါကြောင့် သေဆုံးမှု အချက် အလက်များကို ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။ အဲဒါနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရောဂါထိန်းချုပ်ရေး၊ ကာကွယ်ရေး စင်တာနဲ့ အမျိုးသားကျန်းမာရေးကော်မရှင်တို့က မှတ်ချက်ပေးဖို့ မေတ္တာရပ်ခံချက်များကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်နဲ့ အခြားနိုင်ငံတစ်ဒါဇင်ကျော်တို့ဟာ ယခုနှစ်ဆန်းပိုင်းမှ စတင်ပြီး တရုတ် နိုင်ငံမှ လာရောက်သူများအတွက် သက်ဆိုင်ရာနိုင်ငံမှ မထွက်ခွာမီ Covid ဗိုင်းရပ်စ်ကင်းရှင်းကြောင်း ဆေးစစ်မှု လက်မှတ် ပါရှိရမယ်လို့ သတ်မှတ်ချက်များ ချမှတ်ခဲ့ပါတယ်။ဆေးစစ်မှုလိုအပ်ကြောင်း သတ်မှတ်ချက်ဟာ မိမိတို့ နိုင်ငံအပေါ်ကို ခွဲခြားဆက်ဆံမှုအဖြစ် ပေကျင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှုတ်ချလိုက်ပါတယ်။ လက်တုံ့ပြန်တဲ့အနေဖြင့် ဆိုးလ်နဲ့ တိုကျိုရှိ တရုတ်သံရုံးများကလည်း တရုတ် နိုင်ငံသို့ ခရီးသွားသူ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံသားများအတွက် ကာလတိုဗီဇာ ထုတ်ပေးခြင်းကို ဆိုင်းငံ့ထား လိုက်ပါတယ်။နိုင်ငံတိုင်းမှ ဝင်လာရောက်သူများအားလုံးအနေနဲ့ တရုတ်အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကင်းရှင်းကြောင်း ဆေးစစ်မှုရလဒ်များ လိုအပ်ပါတယ်။

ပေကျင်းရဲ့တုံ့ပြန်မှုဟာ မိမိတို့နိုင်ငံ တရားဝင်အကျိုးစီးပွားကို ကာကွယ်ဖို့၊ အထူးသဖြင့် တိုင်းပြည်အချို့က နိုင်ငံ ရေးအရ ခြယ်လှယ်ဖို့အတွက် ခရီးသွားလာမှုကို ကန့်သတ်ခြင်းဖြင့် တရုတ်နိုင်ငံရဲ့ကပ်ရောဂါအခြေအနေကို ပုံကြီး ချဲ့နေခြင်းမှ လက်တုန့်ပြန်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် အမျိုးသားရေးဝါဒီ Global Times သတင်းစာက ကာကွယ် ရေးသားပါတယ်။တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးကတော့ မိမိတို့နိုင်ငံရဲ့ဆုံးဖြတ်ချက်ဟာ သိပ္ပံနည်းကျ အထောက်အထားတွေ အပေါ် အခြေခံတယ်လို့ ပြောပါတယ်။ တိုကျိုကတော့ ဂျပန်နိုင်ငံသားအတွက် ဗီဇာထုတ်ပေးခြင်း ဆိုင်းငံ့ထားမှုနဲ့ ပတ်သက်ပြီး တရုတ်ကို ကန့်ကွက်ခဲ့ပါတယ်။ ပြည်ဝင်ခွင့် စည်းမျဉ်းသစ်များ ထုတ်ပြန်တဲ့နိုင်ငံများအနက် တရုတ် ဆိုရှယ်မီဒီယာတို့ရဲ့ဒေါသအမျက်ဟာ တောင်ကိုရီးယားအပေါ်မှာ အပြင်းထန်ဆုံးဖြစ်ပါတယ်။တရုတ်နိုင်ငံမှ ဝင်ရောက်လာသူများအတွက် ဆိုက်ရောက်ချိန်မှာ နောက်ထပ် ဆေးစစ်မှုခံယူရမှာဖြစ်ပြီး ကိုဗစ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိသူများဟာ သတ်မှတ် “ကွာရန်တင်း” ဌာနသို့ ကိုယ်တိုင် စရိတ်စကဖြင့် ခုနစ်ရက်ကြာ ပို့ဆောင်ခြင်းခံရမှာဖြစ်ပါတယ်။

လေယာဉ်များအနေနဲ့လည်း အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ် တစ်ခုတည်းမှာသာ ဆင်းသက်နိုင်ပါတယ်။အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုများအရ တရုတ်နိုင်ငံမှ ရောက်ရှိလာသူများဟာ လေဆိပ်အတွင်း ဆိုက်ရောက် ဗီဇာအတွက် အထူးလမ်းသွားများတစ်လျောက် ယူနီဖောင်းဝတ်စစ်သားများကို တွေ့မြင်နေရပြီး တရုတ်ခရီးသွား များ ဆေးစစ်ခံယူဖို့အတွက် QR ကုဒ်များပါ အဝါရောင်ကြိုးများနဲ့ တားဆီးထားပါတယ်။တရုတ်ခရီးသွားများကို အော်ဟစ်ငေါက်ငမ်း ပြောဆိုနေခြင်းဟာ လမ်းပေါ် တန်းစီသွားလာနေသူ ရာဇဝတ် အကျဉ်းသားများအပေါ်ဆက်ဆံပုံစံမျိုးနဲ့ ဆင်တူနေတယ်လို့ တရုတ်နိုင်ငံရဲ့ Twitter နဲ့ တူသော Weibo အသုံးပြုသူ တစ်ဦးက ရေးပါတယ်။တင်းမာမှုတွေဟာ အလှကုန်ထုတ်လုပ်တဲ့ LG H&H နဲ့ Amorepacific အပါအဝင် တရုတ်နိုင်ငံတစ်လွှား လူကြိုက် များပျံ့နှံ့နေတဲ့ တောင်ကိုရီးယားကုမ္ပဏီများရဲ့ ရှယ်ယာဈေးနှုန်းများကို ထိခိုက်စေပါတယ်။ ကပ်ရောဂါမဖြစ်ပွားမီ တရုတ်ပြည်ပခရီးသွားတို့ရဲ့နှစ်စဉ်အသုံးစရိတ်ဟာ ကန်ဒေါ်လာ ၂၅ဝ ဘီလျံအထိ ရှိခဲ့ပြီး တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ ထိပ်တန်းဈေးဝယ်နေရာများအဖြစ် ပါဝင်ခဲ့ပါတယ်။

၂ဝ၂ဝ ပြည့်နှစ် စောစောပိုင်းကတည်းက တရုတ်နိုင်ငံဟာ သူ့နိုင်ငံရဲ့တင်းကျပ်တဲ့ Covid ကူးစက်ရောဂါတားဆီး ရေးကန့်သတ်ချက်များအပေါ် ဝေဖန်မှုများကို အကြိမ်ကြိမ်ပယ်ချခဲ့ပါတယ်။ အပြည့်အသိပ်ဖြစ်နေတဲ့ နိုင်ငံတစ်ဝှမ်း ဆေးရုံများနဲ့ မီးသဂြိုလ်ရာနေရာများကို ရုတ်တရက်ဖျက်သိမ်းခြင်း၊ ဆေးဆိုင်များမှာ ဆေးသိုလှောင်ထားမှု နည်းပါး သွားကြောင်းကိုလည်း အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။

ကပ်ရောဂါစတင်ကတည်းက ကိုဗစ်နဲ့ဆက်နွယ်သေဆုံးမှု ၅ဝဝဝ ကျော်သာရှိခဲ့တယ်လို့ ပေကျင်းရဲ့ ပြောဆိုခြင်း ဟာ တားမြစ်ကန့်သတ်မှုများ ပြန်လည်ဖွင့်လှစ်ချိန် လူဦးရေနည်းပါးတဲ့တိုင်းပြည်များရဲ့ ဖိတ်စင်သူ လူဦးရေ အစိတ် အပိုင်းတစ်ခုမျှသာကြောင်း၊ ယခုနှစ် တရုတ်နိုင်ငံမှာ Covid ရောဂါနဲ့ အနည်းဆုံး လူတစ်သန်းခန့် သေဆုံးဖွယ် ရှိကြောင်း နိုင်ငံတကာကျန်းမာရေးပညာရှင်များက ခန့်မှန်းထားပါတယ်။တရုတ်ကတော့ သူတို့ရဲ့အချက်အလက်တွေဟာ ပွင့်လင်းမြင်သာမှုရှိတယ်လို့ ချေပပြောဆိုထားပါတယ်။Covid ကူးစက်မှု လှိုင်းဟာ ဟီနမ်၊ ဂျင်းစု၊ ရှီကျန်း၊ ဂွမ်ဒေါင်း၊ စီချွမ်းပြည်နယ်များနဲ့ လူသန်း ၅ဝဝ ကျော်နေထိုင်ရာ ပေကျင်းနဲ့ ချုံကင်းတို့လို မြို့ကြီးများမှာ ရောဂါဖြစ်ပွားမှု အထွတ်အထိပ် ကာလကိုကျော်လွန်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။( Reuters., 11 January 2023,” China defends its retaliation against South Korea, Japan Covid curbs” ကို #HtayOung, #OungMarine ဆီလျော်အောက် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Zawgyi Version; 

ဂ်ပန္တို႔ရဲ႕ Covid ထိန္းခ်ဳပ္မႈကို တ႐ုတ္လက္တုန္႔ျပန္မႈအျဖစ္ ဆိုးလ္နဲ႔ တိုက်ိဳအတြက္ ဆိုက္ေရာက္ဗီဇာထုတ္ေပးမႈကို ေပက်င္းဘက္က ရပ္ဆိုင္း Htay Oung (NP News) - ဇန္နဝါရီ ၁၂

သူတို႔အေပၚ Covid နဲ႔ ပတ္သက္ၿပီး ကန႔္သတ္ခ်က္မ်ားဟာ ဆိုးလ္ရဲ႕ ေစာ္ကားရာေရာက္တဲ့ ဆက္ဆံမႈအျဖစ္ တ႐ုတ္ခရီးသြားတို႔က လူမႈကြန္ရက္မွာ ရႈတ္ခ်ေနၾကပါတယ္။ လက္တုန္႔ျပန္တဲ့အေနနဲ႔ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ ႏိုင္ငံတို႔အေပၚ Covid ထိန္းခ်ဳပ္မႈကို တ႐ုတ္အစိုးရမီဒီယာက ဇန္နဝါရီလ ၁၁ ရက္၊ ဗုဒၶဟူးေန႔မွာ ကာကြယ္ ေရးသားလိုက္တယ္လို႔ Reuters က ဇန္နဝါရီလ ၁၁ ရက္က ေဖာ္ျပပါတယ္။

Covid ကူးစက္မႈနဲ႔ပတ္သက္ၿပီး ကမာၻ႔အတင္းက်ပ္ဆုံး ကန႔္သတ္ခ်က္ေအာက္မွာ သုံးႏွစ္ၾကာ အထီးက်န္ေနခဲ့တဲ့ တ႐ုတ္ႏိုင္ငံဟာ ဒီဇင္ဘာလေစာေစာပိုင္း ျပည္တြင္း သမိုင္းဝင္ဆႏၵျပပြဲေတြအၿပီး တားျမစ္ကန္႔သတ္ခ်က္ေတြကို ႐ုတ္တရက္ စတင္ဖ်က္သိမ္းတဲ့အေနနဲ႔ သူ႔ႏိုင္ငံရဲ႕ နယ္စပ္ဝင္ေပါက္ေတြကို ဇန္နဝါရီလ ၈ ရက္၊ တနဂၤေႏြေန႔မွာ ျပန္လည္ဖြင့္လွစ္ေပးခဲ့ပါတယ္။

တစ္ဆစ္ခ်ိဳးေျပာင္းလဲလိုက္တဲ့မူဝါဒေနာက္ပိုင္း တ႐ုတ္ႏိုင္ငံရဲ႕ လူ ၁.၄ ဘီလ်ံအတြင္း စစ္ေဆးမႈမရွိတဲ့ ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔ေနခဲ့ၿပီး ေသဆုံးမႈနဲ႔ပတ္သက္လို႔ အမွန္တကယ္ အစီရင္ခံမႈ နည္းပါးေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕က ေျပာပါတယ္။ အခ်ိဳ႕ႏိုင္ငံရပ္ျခားအစိုးရမ်ားအေနနဲ႔လည္း ေရာဂါျဖစ္ပြားမႈအတိုင္းအတာနဲ႔ အက်ိဳးသက္ေရာက္မႈ အေပၚ စိုးရိမ္မႈမ်ား ျမင့္တက္လာေနပါတယ္။ ၿပီးခဲ့တဲ့လ ေစာေစာပိုင္း တစ္ေန႔လွ်င္ ေသဆုံးသူ ငါးဦး (သို႔မဟုတ္) အဲဒီထက္နည္းပါးေၾကာင္း တ႐ုတ္က်န္းမာ ေရးအာဏာပိုင္ေျပာဆိုခ်က္ဟာ - အသုဘအိမ္မ်ားမွာ ျမင္ေတြ႕ရတဲ့ လူတန္းရွည္မ်ားနဲ႔ မကိုက္ညီဘဲျဖစ္ေနပါ တယ္။ ဇန္နဝါရီလ ၁ဝ ရက္၊ အဂၤါေန႔ သတင္းထုတ္ျပန္ရာမွာလည္း Covid ေရာဂါေၾကာင့္ ေသဆုံးမႈ အခ်က္ အလက္မ်ားကို ေဖာ္ျပထားျခင္း မရွိခဲ့ပါဘူး။ အဲဒါနဲ႔ပတ္သက္လို႔ တ႐ုတ္ႏိုင္ငံေရာဂါထိန္းခ်ဳပ္ေရး၊ ကာကြယ္ေရး စင္တာနဲ႔ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္တို႔က မွတ္ခ်က္ေပးဖို႔ ေမတၱာရပ္ခံခ်က္မ်ားကို ခ်က္ခ်င္းတုံ႔ျပန္ျခင္း မရွိပါဘူး။ေ

တာင္ကိုရီးယား၊ ဂ်ပန္၊ အေမရိကန္နဲ႔ အျခားႏိုင္ငံတစ္ဒါဇင္ေက်ာ္တို႔ဟာ ယခုႏွစ္ဆန္းပိုင္းမွ စတင္ၿပီး တ႐ုတ္ ႏိုင္ငံမွ လာေရာက္သူမ်ားအတြက္ သက္ဆိုင္ရာႏိုင္ငံမွ မထြက္ခြာမီ Covid ဗိုင္းရပ္စ္ကင္းရွင္းေၾကာင္း ေဆးစစ္မႈ လက္မွတ္ ပါရွိရမယ္လို႔ သတ္မွတ္ခ်က္မ်ား ခ်မွတ္ခဲ့ပါတယ္။ ေဆးစစ္မႈလိုအပ္ေၾကာင္း သတ္မွတ္ခ်က္ဟာ မိမိတို႔ ႏိုင္ငံအေပၚကို ခြဲျခားဆက္ဆံမႈအျဖစ္ ေပက်င္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ရႈတ္ခ်လိုက္ပါတယ္။ လက္တုံ႔ျပန္တဲ့အေနျဖင့္ ဆိုးလ္နဲ႔ တိုက်ိဳရွိ တ႐ုတ္သံ႐ုံးမ်ားကလည္း တ႐ုတ္ ႏိုင္ငံသို႔ ခရီးသြားသူ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ႏိုင္ငံသားမ်ားအတြက္ ကာလတိုဗီဇာ ထုတ္ေပးျခင္းကို ဆိုင္းငံ့ထား လိုက္ပါတယ္။ႏိုင္ငံတိုင္းမွ ၀င္လာေရာက္သူမ်ားအားလုံးအေနနဲ႔ တ႐ုတ္အတြက္ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈကင္းရွင္းေၾကာင္း ေဆးစစ္မႈရလဒ္မ်ား လိုအပ္ပါတယ္။

ေပက်င္းရဲ႕တုံ႔ျပန္မႈဟာ မိမိတို႔ႏိုင္ငံ တရားဝင္အက်ိဳးစီးပြားကို ကာကြယ္ဖို႔၊ အထူးသျဖင့္ တိုင္းျပည္အခ်ိဳ႕က ႏိုင္ငံ ေရးအရ ျခယ္လွယ္ဖို႔အတြက္ ခရီးသြားလာမႈကို ကန႔္သတ္ျခင္းျဖင့္ တ႐ုတ္ႏိုင္ငံရဲ႕ကပ္ေရာဂါအေျခအေနကို ပုံႀကီး ခ်ဲ႕ေနျခင္းမွ လက္တုန္႔ျပန္ျခင္းျဖစ္ေၾကာင္း ႏိုင္ငံပိုင္ အမ်ိဳးသားေရးဝါဒီ Global Times သတင္းစာက ကာကြယ္ ေရးသားပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ မိမိတို႔ႏိုင္ငံရဲ႕ဆုံးျဖတ္ခ်က္ဟာ သိပၸံနည္းက် အေထာက္အထားေတြ အေပၚ အေျခခံတယ္လို႔ ေျပာပါတယ္။ တိုက်ိဳကေတာ့ ဂ်ပန္ႏိုင္ငံသားအတြက္ ဗီဇာထုတ္ေပးျခင္း ဆိုင္းငံ့ထားမႈနဲ႔ ပတ္သက္ၿပီး တ႐ုတ္ကို ကန႔္ကြက္ခဲ့ပါတယ္။ ျပည္ဝင္ခြင့္ စည္းမ်ဥ္းသစ္မ်ား ထုတ္ျပန္တဲ့ႏိုင္ငံမ်ားအနက္ တ႐ုတ္ ဆိုရွယ္မီဒီယာတို႔ရဲ႕ေဒါသအမ်က္ဟာ ေတာင္ကိုရီးယားအေပၚမွာ အျပင္းထန္ဆုံးျဖစ္ပါတယ္။တ႐ုတ္ႏိုင္ငံမွ ဝင္ေရာက္လာသူမ်ားအတြက္ ဆိုက္ေရာက္ခ်ိန္မွာ ေနာက္ထပ္ ေဆးစစ္မႈခံယူရမွာျဖစ္ၿပီး ကိုဗစ္ ဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရေၾကာင္း ေတြ႕ရွိသူမ်ားဟာ သတ္မွတ္ “ကြာရန္တင္း” ဌာနသို႔ ကိုယ္တိုင္ စရိတ္စကျဖင့္ ခုနစ္ရက္ၾကာ ပို႔ေဆာင္ျခင္းခံရမွာျဖစ္ပါတယ္။

ေလယာဥ္မ်ားအေနနဲ႔လည္း အင္ခြၽန္းအျပည္ျပည္ဆိုင္ရာေလဆိပ္ တစ္ခုတည္းမွာသာ ဆင္းသက္ႏိုင္ပါတယ္။ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ဗီဒီယိုမ်ားအရ တ႐ုတ္ႏိုင္ငံမွ ေရာက္ရွိလာသူမ်ားဟာ ေလဆိပ္အတြင္း ဆိုက္ေရာက္ ဗီဇာအတြက္ အထူးလမ္းသြားမ်ားတစ္ေလ်ာက္ ယူနီေဖာင္းဝတ္စစ္သားမ်ားကို ေတြ႕ျမင္ေနရၿပီး တ႐ုတ္ခရီးသြား မ်ား ေဆးစစ္ခံယူဖို႔အတြက္ QR ကုဒ္မ်ားပါ အဝါေရာင္ႀကိဳးမ်ားနဲ႔ တားဆီးထားပါတယ္။ တ႐ုတ္ခရီးသြားမ်ားကို ေအာ္ဟစ္ေငါက္ငမ္း ေျပာဆိုေနျခင္းဟာ လမ္းေပၚ တန္းစီသြားလာေနသူ ရာဇဝတ္ အက်ဥ္းသားမ်ားအေပၚဆက္ဆံပုံစံမ်ိဳးနဲ႔ ဆင္တူေနတယ္လို႔ တ႐ုတ္ႏိုင္ငံရဲ႕ Twitter နဲ႔ တူေသာ Weibo အသုံးျပဳသူ တစ္ဦးက ေရးပါတယ္။ တင္းမာမႈေတြဟာ အလွကုန္ထုတ္လုပ္တဲ့ LG H&H နဲ႔ Amorepacific အပါအဝင္ တ႐ုတ္ႏိုင္ငံတစ္လႊား လူႀကိဳက္ မ်ားပ်ံ႕ႏွံ႔ေနတဲ့ ေတာင္ကိုရီးယားကုမၸဏီမ်ားရဲ႕ ရွယ္ယာေစ်းႏႈန္းမ်ားကို ထိခိုက္ေစပါတယ္။ ကပ္ေရာဂါမျဖစ္ပြားမီ တ႐ုတ္ျပည္ပခရီးသြားတို႔ရဲ႕ႏွစ္စဥ္အသုံးစရိတ္ဟာ ကန္ေဒၚလာ ၂၅ဝ ဘီလ်ံအထိ ရွိခဲ့ၿပီး ေတာင္ကိုရီးယားနဲ႔ ဂ်ပန္တို႔ဟာ ထိပ္တန္းေစ်းဝယ္ေနရာမ်ားအျဖစ္ ပါဝင္ခဲ့ပါတယ္။ ၂ဝ၂ဝ ျပည့္ႏွစ္ ေစာေစာပိုင္းကတည္းက တ႐ုတ္ႏိုင္ငံဟာ သူ႔ႏိုင္ငံရဲ႕တင္းက်ပ္တဲ့ Covid ကူးစက္ေရာဂါတားဆီး ေရးကန႔္သတ္ခ်က္မ်ားအေပၚ ေဝဖန္မႈမ်ားကို အႀကိမ္ႀကိမ္ပယ္ခ်ခဲ့ပါတယ္။

အျပည့္အသိပ္ျဖစ္ေနတဲ့ ႏိုင္ငံတစ္ဝွမ္း ေဆး႐ုံမ်ားနဲ႔ မီးသၿဂိဳလ္ရာေနရာမ်ားကို ႐ုတ္တရက္ဖ်က္သိမ္းျခင္း၊ ေဆးဆိုင္မ်ားမွာ ေဆးသိုေလွာင္ထားမႈ နည္းပါး သြားေၾကာင္းကိုလည္း အႀကိမ္ႀကိမ္ ျငင္းဆိုခဲ့ပါတယ္။ ကပ္ေရာဂါစတင္ကတည္းက ကိုဗစ္နဲ႔ဆက္ႏြယ္ေသဆုံးမႈ ၅ဝဝဝ ေက်ာ္သာရွိခဲ့တယ္လို႔ ေပက်င္းရဲ႕ ေျပာဆိုျခင္း ဟာ တားျမစ္ကန္႔သတ္မႈမ်ား ျပန္လည္ဖြင့္လွစ္ခ်ိန္ လူဦးေရနည္းပါးတဲ့တိုင္းျ

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လုပ်ဆောင်ရန် သဘောတူ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved