Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘာဘူကြီးလည်း မနေနိုင် ပေါက်ဖော်ကြီးယွမ်ကိုကိုင် (ဘာသာပြန်ဆောင်းပါး)

ပရမတ္တ ကိုမောင်ဘ (NSS) - ဇူလိုင် ၉

လွန်ခဲ့တဲ့နှစ်ထဲက အိန္ဒိယ နဲ့ ရုရှားတို့ဟာ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးမှာ ဒေါ်လာအစား ရူးပီးနဲ့ ရူဘယ်ငွေကိုဘဲ အသုံးပြုမယ်ဆိုတဲ့ သတင်းတွေကို မှတ်မိကြပါလိမ့်ဦးမယ်။ ရည်ရွယ်ချက်ကတော့ အမေရိကန်ဒေါ်လာကို နှစ်နိုင်ငံကုန်သွယ်ရေး ငွေစာရင်းတွက်ချက်မှုတွေထဲက ဖယ်ထုတ်ပစ်ဖို့ပါဘဲ။ ဒါပေမယ့် ဒီနှစ်မေလထဲမှာတော့ ဒီအိုင်ဒီယာကို စွန့်လွှတ်လိုက်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါကသိပ်ပြီးလက်တွေ့မကျလို့ပါ။ ဒါပေမယ့် အိန္ဒိယတွေအတွက် ပိုဆိုးတဲ့သတင်းက သက်ဆိုင်ရာနိုင်ငံတွေရဲ့ ငွေ ကြေးအစား တရုတ်ယွမ်ငွေနဲ့ အိန္ဒိယက ပေးချေဖို့ဖြစ်လာတဲ့ကိစ္စပါ။  

ဇူလိုင်လ ၃ ရက်ထုတ်ရိုက်တာသတင်းတစ်ပုဒ်မှာ အိန္ဒိယရဲ့ အကြီးဆုံး ရုရှားရေနံဝယ်ယူတဲ့ ရေနံချက် ကုမ္ပဏီတစ်ခုဟာ ပထမဆုံးအကြိမ်အဖြစ် တရုတ်ယွမ်ငွေနဲ့ ပေးချေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ နိုင်ငံတော်ပိုင် Indian Oil Corp က ပထမဆုံး ယွမ်နဲ့ဝယ်ယူတဲ့ကုမ္ပဏီဖြစ်လာမှာဖြစ်ပြီး နောက်ထပ် အနည်းဆုံး ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုကလည်း ယွမ်နဲ့ဝယ်ဖို့ရှိနေပါတယ်။ ဘယ်ကုမ္ပဏီတွေလဲ၊ ဘယ် လောက်များများဝယ်မှာလဲဆိုတာ မသိရသေးပေမယ့် ဒီသတင်းက သေချာပါတယ်။

မတ်လတုန်းက အိန္ဒိယ အစိုးရက ရေနံ ရောင်းဝယ်ရာမှာ တရုတ်ယွမ်ငွေကို အသုံးမပြုဘူးလို့ ရှင်းရှင်းလင်းလင်းတိတိကျကျပြောခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတဲ့ အကြောင်းက ရှင်းပါတယ်။ တရုတ်က ဒေါ်လာကို စိန်ခေါ်ဖို့အတွက် သူ့ရဲ့ယွမ်ငွေကို နိုင်ငံတကာသုံးဖြစ်အောင် လုပ်ချင်နေပါတယ်။ ဒါကြောင့် တရုတ်ရဲ့ ဒီရည်မှန်းချက်အောင်မြင်အောင် အိန္ဒိယက ဘာဖြစ်လို့ ကူညီရမှာလဲ။ အိန္ဒိယအနေနဲ့က ရူဘယ်- ရူးပီးနဲ့ ကုန်သွယ်ရေးလုပ်ဖို့ ဦးစားပေးခဲ့တာမဟုတ်ပါလား။ အခုဘာဖြစ်လို့ အဲဒီလိုဖြစ်မလာဘဲ တရုတ်ယွမ်ငွေက ကြားဝင်လာရတာပါလဲ။ 

            

အိန္ဒိယ-ရုရှား ကုန်သွယ်ရေး 

အဲဒါကို နားလည်ဖို့အတွက် အိန္ဒိယနဲ့ ရုရှားတို့ရဲ့ ကုန်သွယ်ရေး ပမာဏကို တချက်ကြည့်ကြစို့။ ၂ဝ၂၂ ခုနှစ် သြဂုတ်လစာရင်းအရ အိန္ဒိယက ရုရှားရေနံ တစ်ရက်ကို စည်ပေါင်း ၇၃ဝ,ဝဝဝ တင်သွင်းခဲ့ပြီး ၂ဝ၂၃ ခုနှစ် ဇွန်လရောက်တဲ့အခါ တစ်ရက်ကို ရေနံစည်ပေါင်း ၂ ဒသမ ၁၇ သန်းတင်သွင်းခဲ့ပါတယ်။ ဒါကြောင့် အခုအခါမှာ အိန္ဒိယနိုင်ငံရဲ့ ရေနံစိမ်းတင်သွင်းမှု အားလုံးရဲ့ ၄၂ ရာခိုင်နှုန်းဟာ ရုရှားကတင်သွင်းရတာဖြစ်လာပါတယ်။ ဒါက အိန္ဒိယအတွက် သတင်းကောင်းလည်းဖြစ်သလို သတင်းဆိုးလည်းဖြစ်ပါတယ်။ သတင်းကောင်းက အိန္ဒိယရဲ့ ငွေကြေးဖေါင်းပွမှုနှုန်းကို ထိန်းထားနိုင်တာရဲ့ အကြောင်းတစ်ခုက အခုလို ပိုမိုစျေးသက်သာတဲ့ ရေနံဝယ်ယူရရှိနေတာကြောင့်ပါ။ မကောင်းတဲ့သတင်းကတော့ ငွေပေးချေမှုက ခက်ခဲတာပါ။ ဒေါ်လာတို့ ယူရိုငွေတို့ကို ရုရှားက လက်ခံလို့ မရပါဘူး။ အနောက်တိုင်းဘဏ်စနစ်တွေအားလုံးက ရုရှားကို ထုတ်ပယ်ထားပါတယ်။ ဥပဒေသတ်မှတ်ချက်အရ အိန္ဒိယက အဲဒီအရေးယူမှုတွေကို မဆောင်ရွက်ပါဘူး။ ဒါပေမယ့် အိန္ဒိယဘဏ်တွေတော်တော်များများက နိုင်ငံခြား တိုင်းပြည်တွေနဲ့ စီးပွားရေးလုပ်နေကြတာ ဖြစ်တဲ့အတွက် ငြိစွန်းမှာစိုးရိမ်ကြပါတယ်။ ဒါကြောင့် ငွေပေးချေမှု လုပ်ကြတဲ့အခါ တခြားငွေကြေးကိုအသုံးပြုကြပါတယ်။ ကြားသိရတဲ့ သတင်းတွေအရဆိုရင် ယူအေအီးနိုင်ငံသုံး ဒီရမ် UAE dirham ကိုအသုံးများကြပါတယ်။ ဇွန်လထဲရောက်တော့ တရုတ်ငွေကိုသုံးလာကြပါတယ်။ ဒါဖြင့် ဘာဖြစ်လို့ အိန္ဒိယ ရူးပီးကို မသုံးကြသလဲမေးစရာ ဖြစ်လာပါတယ်။ 

       

ရူးပီးတွေ ပိုလျှံနေတဲ့ ရုရှား

ဒါကိုနားလည်ဖို့ဆိုရင် ရုရှား- အိန္ဒိယ ကုန်သွယ်ရေးအခြေအနေကို သိထားဖို့လိုပါတယ်။ အိန္ဒိယ နဲ့ ရုရှား ကုန်သွယ်ရေးက တိုးတက်များပြားလာနေပါတယ်။ ဒါပေမယ့် တဖက်သတ်လိုဖြစ်နေပြီး အိန္ဒိယက ၃၄ ဒသမ ၇၉ ဘီလျံ ဒေါ်လာဖိုး ကုန်သွယ်ရေးလိုငွေပြနေပါတယ်။ အဓိပ္ပာယ်က အိန္ဒိယက ရုရှားကိုရောင်းချတာထက် ဝယ်ယူတာက ပိုများနေတယ်ဆိုတဲ့သဘောပါ။ ဒါကြောင့် ရုရှားမှာ အိန္ဒိယ ရူးပီးငွေတွေ ပုံနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားတွေက အိန္ဒိယဆီက ဝယ်စရာပစ္စည်းက သိပ်များများမရှိဘဲဖြစ်နေတာကြောင့်ပါ။ အဲဒီပိုလျှံနေတဲ့ ရူးပီးက နှစ်စဉ် ၄ဝ ဘီလျံဒေါ်လာဖိုးလောက်ရှိပါတယ်။ ဒီငွေတွေက သုံးစရာနေရာမရှိသလိုဖြစ်နေတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီရူးပီးငွေက အိန္ဒိယကုန်ပစ္စည်းကို ဝယ်တဲ့အခါမှသာ အသုံးပြုနှိုင်တဲ့အတွက်တစိတ်တပိုင်းသာ လဲလှယ်လို့ရတဲ့ငွေကြေးလို့ ဆိုရမှာပါ။ 

အမှန်တကယ်တော့ တရုတ်ယွမ်ငွေကလည်း အပြည့်အဝ လဲလှယ်လို့ရတဲ့ ငွေကြေးမဖြစ်သေးပါ။ ဒါပေမယ့် ရူးပီးနဲ့ ခြားနားတဲ့အချက်က တရုတ်နဲ့ ရုရှားကုန်သွယ်ရေးမှာ တရုတ်က ၃ ဘီလျံဒေါ်လာဖိုး ပိုငွေရှိပါတယ်။ ဒီနှစ်အစပိုင်း စာရင်းတွေအရ တရုတ်ပို့ကုန်က ၁၉ ရာခိုင်နှုန်းပိုများပါတယ်။ ဒါကြောင့်ရုရှားက အိန္ဒိယဆီက ယွမ်ငွေ ရမယ်ဆိုရင်တော့ အဲဒီယွမ်ကို တရုတ်ကိုပေးချေရာမှာ သူသုံးလို့ရပါတယ်။ ဒါက တကယ့်လက်တွေ့အခြေအနေပါ။  အိန္ဒိယအစိုးရက ဒီအခြေအနေကို သိပ်မကြိုက်လှပါဘူး။ အိန္ဒိယ ဘဏ်တွေနဲ့ ရေနံချက်လုပ်တဲ့ ကုမ္ပဏီတွေ ကလည်းမကြိုက်ပါဘူး။ 

                              

ထွက်ပေါက် နှစ်မျိုး

ဒါဖြင့် ဘယ်လိုထွက်ပေါက်ရှာကြမလဲ။ ရူးပီးငွေကို အပြည့်အဝ လဲလှယ်လို့ရတဲ့ငွေ ဖြစ်အောင်လုပ်ရမှာပါ။ ကမ္ဘာပေါ်မှာ အပြည့်အဝလဲလှယ်နှိုင်တဲ့ငွေကြေးတွေက ဒေါ်လာ၊ ယူရို၊ ယန်း၊ ပေါင်စတာလင်နဲ့ ဆွစ်ဖရန့် ငွေတွေဘဲရှိပြီး တစိတ်တပိုင်းသာ လဲလှယ်နိုင်တဲ့ငွေကြေးတွေက ယွမ်၊ ရူးပီးနဲ့ ကိုးရီးယား ဝမ်တို့ဘဲဖြစ်ပါတယ်။  ရူးပီးကို အပြည့်အဝလဲလှယ်နိုင်တဲ့ ငွေကြေးအဖြစ်ပြောင်းလဲဖို့ဆိုရင် အိန္ဒိယဗဟိုဘဏ်က ဆုံးဖြတ်လို့မရပါဘူး။ စျေးကွက်အင်အားစုတွေကသာ သတ်မှတ်နိုင်ပါတယ်။ နေရာတိုင်းအသုံးပြုနိုင်မှု၊ အကန့်အသတ်မရှိလဲလှယ်နိုင်မှုနဲ့ စျေးကွက်တန်ဖိုးရှိဖို့ဆိုတဲ့အချက်တွေလိုပါတယ်။

အဲဒီလို စျေးကွက်အင်အားစုတွေရဲ့ သတ်မှတ်ချက်တွေက စီးပွားရေးအရ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် မလွယ်လှပါဘူး။  

ဒုတိယ ထွက်ပေါက်ကတော့ ရူးပီးငွေကို ပိုမိုပြီးလိုလိုချင်ချင်ဖြစ်အောင်လုပ်ဖို့ပါ။ အဲဒီလိုလုပ်ဖို့ဆိုရင် ရုရှားကို အိန္ဒိယပို့ကုန်တွေ ပိုမိုရောင်းချနိုင်အောင်လုပ်ရပါမယ်။ ကုန်သွယ်ရေးပိုငွေပြလာအောင်လုပ်ရပါလိမ့်မယ်။

ရူးပီးငွေနဲ့ ပေးချေလို့ရတဲ့ ကုန်ပစ္စည်းတွေ အမြောက်အများထွက်အောင်လုပ်ရပါမယ်။ ဒါပေမယ့် ဒါက အပြောလွယ်သလောက် လုပ်ရတာပိုခက်ပါတယ်။ ဒီလိုဖြစ်လာဖို့ကို နေ့ချင်းညချင်း လုပ်လို့မရပါ။ ဒီလိုရည်မှန်းချက်နဲ့ အစိုးရရဲ့ တွန်းအားပေးတဲ့ပေါ်လစီတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ရှိဖို့လိုပါတယ်။ 

အိန္ဒိယက ရုရှားကိုပို့ရောင်းနေရတဲ့ ကုန်ပစ္စည်းအများစုက အင်ဂျင်နီယာပစ္စည်းတွေ၊ ဆေးပစ္စည်းတွေနဲ့ ဓါတုပစ္စည်းတွေများပါတယ်။ ဒါတွေကို တိုးချဲ့တင်ပို့နိုင်ဖို့ ကြိုးစားနေပါတယ်။ အိန္ဒိယက ရုရှားကို တင်ပို့တဲ့ပစ္စည်းတွေဟာ ယူကရိန်းစစ်ပွဲဖြစ်ပွားလာပြီးတဲ့နောက် ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ အင်ဂျင်နီ ယာပစ္စည်းတွေက ဒီနှစ် ဧပြီလ စာရင်းအရ ၁၁ ဆမြင့်တက်ခဲ့ပြီး ရှေ့ကဦးဆောင်နေပါတယ်။ စိုက်ပျိုးရေး ပို့ကုန်က ဒေါ်လာသန်း ၇၅ဝ ဖိုးရှိပါတယ်။ ရည်မှန်းချက်က နောက် ၃ နှစ်အတွင်းမှာ ၃ ဘီလျံဒေါ်လာဖိုးအထိ တင်ပို့နိုင်ဖို့ပါ။ သိပ်ကို ရည်မှန်းချက်ကြီး လွန်းပါတယ်။  

သို့သော်လည်း မဖြစ်ဖြစ်အောင်တော့ ကြိုးစားကြပါလိမ့်မယ်။ အကြောင်းကတော့ တရုတ်နဲ့ အိန္ဒိယ အကြားမှာ နိုင်ငံရေးပြဿနာရှိနေတဲ့အတွက် ယွမ်ငွေကို ယုံယုံကြည်ကြည်နဲ့ ရေရှည်အသုံးပြုလို့ မဖြစ်နိုင်ဘူးလို့ အိန္ဒိယက ယုံကြည်နေလို့ဘဲ ဖြစ်ပါကြောင်း။ 

                                                                                                  

ကိုးကား- Why is India Paying Russia with Chinese Yuan? | Vantage with Palki Sharma

            - fully convertible currency - Kantox


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အဆိုတော်လီလီနိုင်ကျော်အား သတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထားရသူ(၂)ဦး လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ထွက်ပြေးစဉ် ပစ်ခတ်ခံရကာ သေဆုံး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved