ဘာစီလိုနာလူငယ်ကလပ်နှင့် ယှဉ်ပြိုင်ရန်ရှိသည့် မြန်မာ့လက်ရွေးစင် ယူ ၁၂ အသင်းအတွက် အသက်ပြည့်မီသူ များ လာရောက်ရွေးချယ်ခံနိုင်ဟုဆို
သန့်ဇင် (Nss) - ဇူလိုင် ၈
ဘာစီလိုနာလူငယ်ကလပ်နှင့် ယှဉ်ပြိုင်ရန်ရှိသည့် မြန်မာ့လက်ရွေးစင် ယူ ၁၂ အသင်းအတွက် အသက်ပြည့်မီသူ များ လာရောက်ရွေးချယ်ခံနိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယမန့်နေ ဇူလိုင်လ ၇ ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ ၁၂ ရွေးချယ်ပွဲကို နိုင်ငံတစ်ဝန်းလုံးရှိအသက်မီသည့် မည်သည့်လူငယ်ကစားသမားမဆို လာရောက်ရွေးချယ်နိုင်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြောဆိုခဲ့သည်။
အဆိုပါ ကစားသမားရွေးချယ်ပွဲအား ဇူလိုင်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ရန်ကုန်အမျိုးသား ဘောလုံးအကယ်ဒမီ နှင့် ဇူလိုင်လ ၁၆ ရက် နှင့် ၁၇ ရက်များတွင် မန္တလေးမြန်မာဘောလုံးအကယ်ဒမီတို့တွင် ကျင်းပပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အကူအညီဖြင့် ပြီးခဲ့သော ဧပြီလ နှင့် မေလတို့တွင် ယူ၁၁/၁၂၊ ယူ ၁၃၊ ယူ ၁၄ နှင့် ယူ ၁၅ ကစားသမားများအား ရွေးချယ်ပြီးဖြစ်သော်လည်း မြန်မာယူ ၁၂ အသင်းအတွက် ကျန်ရှိသော ကစားသမား ရွေးချယ်ပွဲကို ထပ်မံပြုလုပ်ခြင်းဖြစ်ကြောင်း MFF မှ ဆိုသည်။
ထို့နောက် ယူ ၁၂ ကစားသမား (၁၈)ဦးအား အပြီးသတ်ရွေးချယ်ပြီးပါက ဂျပန်နိုင်ငံ ချီဘားမြို့၌ လာမည့် ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်ထိ ကျင်းပမည့် ၁၁ကြိမ်မြောက် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် ဘာစီလိုနာလူငယ်၊ ဂျူပင်တပ်လူငယ်၊ ဘိုင်ယန်မြူးနစ်လူငယ်၊ ဂျေလိဂ်လူငယ်ကလပ်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ် ကြောင်း သိရသည်။
အထက်ပါကဲ့သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာယူ ၁၂ အသင်း၏ ဂျပန်ခရီးစဉ်အား AYA Bank မှ ပံ့ပိုးကူညီသွား မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၄) နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပမှ ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း